OnePlus ဟာ မကြာသေးမီတုန်းက OnePlus 8 နှင့် OnePlus 8 Pro တို့ကို Android 11 Update ပေးခဲ့ပါတယ်။

ဒါကိုကြည့်ရင် မဝေးတော့တဲ့ ကာလအတွင်းမှာ OnePlus ဟာ 2019 ခုနှစ်ထွက် OnePlus ဖုန်းများကိုလည်း Android 11 Update ပေးလာတော့မယ်ဆိုတာ သိနိုင်ပါတယ်။

OnePlus 7 ၊ OnePlus 7 Pro ၊ OnePlus 7T ၊ OnePlus 7T Pro တို့ ဖြစ်ပါတယ်။

OnePlus က Android 11 Update ပေးမယ့် ကာလကို ကြေညာလာပါတယ်။ OnePlus 7 ၊ OnePlus 7 Pro ၊ OnePlus 7T နှင့် OnePlus 7T Pro တို့ဟာ လာမယ့် ဒီဇင်ဘာလအတွင်းမှာ Android 11 Update ရရှိလာကြပါမယ်။

ဒါ့အပြင် OnePlus က အလယ်အလတ်တန်းစမတ်ဖုန်း OnePlus Nord ကိုလည်း မဝေးတော့တဲ့ ကာလအတွင်းမှာ Android 11 Update ပေးသွားမယ်လို့လည်း ကြေညာသွားပါတယ်။

OnePlus ဟာ မကြာသေးမီတုန်းက OnePlus 8T ကို ကြေညာခဲ့ပါတယ်။ ယင်းဖုန်းမှာ Android 11 တစ်ပါတည်း ပါဝင်ထားပြီး ဖြစ်ပါတယ်။

NetGuide Journal (Every Wednesday)

——————————————————————————————————

(Zawgyi Version)

ဒီဇင္ဘာလတြင္ OnePlus 7 ၊ 7 Pro ၊ 7T ႏွင့္ 7T Pro တို႔ Android 11 Update ရမည္

OnePlus ဟာ မၾကာေသးမီတုန္းက OnePlus 8 ႏွင့္ OnePlus 8 Pro တို႔ကို Android 11 Update ေပးခဲ့ပါတယ္။

ဒါကိုၾကည့္ရင္ မေဝးေတာ့တဲ့ ကာလအတြင္းမွာ OnePlus ဟာ 2019 ခုႏွစ္ထြက္ OnePlus ဖုန္းမ်ားကိုလည္း Android 11 Update ေပးလာေတာ့မယ္ဆိုတာ သိႏိုင္ပါတယ္။

OnePlus 7 ၊ OnePlus 7 Pro ၊ OnePlus 7T ၊ OnePlus 7T Pro တို႔ ျဖစ္ပါတယ္။

OnePlus က Android 11 Update ေပးမယ့္ ကာလကို ေၾကညာလာပါတယ္။ OnePlus 7 ၊ OnePlus 7 Pro ၊ OnePlus 7T ႏွင့္ OnePlus 7T Pro တို႔ဟာ လာမယ့္ ဒီဇင္ဘာလအတြင္းမွာ Android 11 Update ရရွိလာၾကပါမယ္။

ဒါ့အျပင္ OnePlus က အလယ္အလတ္တန္းစမတ္ဖုန္း OnePlus Nord ကိုလည္း မေဝးေတာ့တဲ့ ကာလအတြင္းမွာ Android 11 Update ေပးသြားမယ္လို႔လည္း ေၾကညာသြားပါတယ္။

OnePlus ဟာ မၾကာေသးမီတုန္းက OnePlus 8T ကို ေၾကညာခဲ့ပါတယ္။ ယင္းဖုန္းမွာ Android 11 တစ္ပါတည္း ပါဝင္ထားၿပီး ျဖစ္ပါတယ္။

NetGuide Journal (Every Wednesday)