OnePlus ဟာ အစောပိုင်းတုန်းက ကြေညာထားတဲ့အတိုင်း OnePlus 8T ကို တရားဝင် ကြေညာလာပြီ ဖြစ်ပါတယ်။ OnePlus ဟာ ယခုနှစ်မှာ OnePlus 8T ကိုသာ ကြေညာလာပြီး OnePlus 8T Pro ကို ကြေညာခြင်း မရှိပါဘူး။

ဒါပေမယ့် OnePlus 8T မှာ Warp Charg 65W ထောက်ပံ့ထားပြီး ဘက်ထရီ 0 ရာခိုင်နှုန်းမှာ 100 ရာခိုင်နှုန်းအထိ အားအပြည့်သွင်းဖို့ 39 မိနစ်ဘဲ အချိန်ယူရပါမယ်။ အသုံးပြုသူများအနေဖြင့် 15 မိနစ် အားသွင်းထားရုံဖြင့် တစ်နေကုန် Standby ထားသုံးနိုင်ပါမယ်။

OnePlus 8 တုန်းက ဘက်ထရီ 4300 mAh ဘဲ ပါဝင်ပေမယ့် OnePlus 8T မှာ ဘက်ထရီ 4500 mAh အထိ ပါဝင်လာပြီး 65W Fast Charging ဖြင့် အားသွင်းမှုကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ လုံခြုံရေးပြဿနာများကို ကာကွယ်နိုင်ဖို့ အပူချိန်ဆင်ဆာ 12 ခု ပါဝင်ပါတယ်။

Charger က USB Power Delivery လည်း ထောက်ပံ့ထားတာကြောင့် 45W ဖြင့်လည်း အားသွင်းနိုင်ပါတယ်။

ဒါကြောင့် ယင်း Charger ကိုသုံးကာ လက်တော့ပ်ကိုလည်း အားသွင်းနိုင်ပါမယ်။ ဒါ့အပြင် 27W Power Delivery လည်း ထောက်ပံ့ထားပါသေးတယ်။

OnePlus 8T မှာ 6.55 လက်မ AMOLED 1080p+ ရုပ်ထွက် သုံးထားပါတယ်။ OnePlus 8T ရဲ့ ရုပ်ထွက်ပိုင်းက Display Mate ရဲ့ အကောင်းဆုံး ရုပ်ထွက်ပါ Device အဖြစ် A+ သတ်မှတ်ခြင်း ခံထားရပါတယ်။ အလင်းပေးမှု 1100 nits အထိ ပေးစွမ်းနိုင်သလို အလင်းထိန်းညှိမှု အဆင့်ပေါင်း 8192 အထိ ပြုလုပ်နိုင်ပါတယ်။

OnePlus 8T မှာ Always-on Display လည်းပါဝင်ပြီး ဖုန်းအတွင်းမှာ ဒီဇိုင်းပေါင်း 11 မျိုးကို တစ်ပါတည်း ထည့်သွင်းထားပြီး ဖြစ်ပါတယ်။

OnePlus 8T ကို Snapdragon 865 SoC နှင့် ပါဝါထောက်ပံ့ထားပါတယ်။ UFS 3.1 Storage သုံးထားပါတယ်။ 128GB ၊ 256GB တို့နှင့် ရွေးချယ်နိုင်ပါမယ်။ 8GB/12GB LPDDR4X RAM သုံးထားပါတယ်။

ဖုန်းပူမှု မဖြစ်လာရေးအတွက် Vapor Chamber ပါဝင်ပြီး အပူချိန်ကို 285 ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်ပါတယ်။

OnePlus 8T က Android 11 တစ်ပါတည်းပါဝင်တဲ့ ပထမဆုံးစမတ်ဖုန်းတွေထဲမှာ ပါဝင်တဲ့ဖုန်း ဖြစ်ပါတယ်။ OnePlus ဟာ ကိုယ်ပိုင်ဖန်တီးထားတဲ့ စနစ်တွေလည်း ထည့်သွင်းပေးထားသလို Camera App ကိုလည်း အဆင့်မြင့်ထားပါတယ်။

ကျောဘက်ကင်မရာ 4 လုံးကို L ပုံစံဖြင့် ထည့်သွင်းထားပြီး အဓိက ကင်မရာက 48MP Sony IMX586 Sensor ဖြစ်ပါတယ်။ PDAF နှင့် OIS ထောက်ပံ့ထားပါတယ်။

ဒုတိယကင်မရာက 123 ဒီဂရီမြင်ကွင်းကျယ် ရိုက်ကူးနိုင်တဲ့ 16MP f/2.2 Ultrawide ကင်မရာ ဖြစ်ပါတယ်။ ကျန်ကင်မရာနှစ်လုံးက 5MP f/2.4 Macro နှင့် 2MP f/2.4 Depth ဖြစ်ပါတယ်။ ရှေ့ကင်မရာက 16MP f/2.4 Wide ဖြစ်ပါတယ်။

OnePlus ဟာ Night Mode မှာ အရောင်ပေးမှုအပိုင်း ပိုကောင်းအောင် လုပ်ဆောင်ထားသလို အသေးစိတ်ကျပြီး ရှင်းလင်းပြတ်သားလာအောင်လည်း လုပ်ဆောင်ထားပါတယ်။

ဗီဒီယိုရိုက်ကူးမှုအပိုင်းအတွက် Super Stable Mode လည်း ပါဝင်လာပါတယ်။

OnePlus 8T ကို Aquamarine Green ၊ Lunar Silver ၊ Green အရောင်နှင့် ရွေးချယ်နိုင်ပါတယ်။

OnePlus 8T ရဲ့ 128GB ဗားရှင်းကို ဒေါ်လာ 587 သတ်မှတ်ထားပြီး 256GB ဗားရှင်းကို ဒေါ်လာ 628 သတ်မှတ်ထားပါတယ်။

OnePlus 8T ကို လာမယ့် အောက်တိုဘာလ 23 ရက်နေ့မှာ စတင်ရောင်းချသွားပါမယ်။

NetGuide Journal (Every Wednesday)

——————————————————————————————————

(Zawgyi Version)

65W Fast Charging ၊ 120Hz Display ၊ Always-On Display ပါဝင္တဲ့ OnePlus 8T ကို ေၾကညာ

OnePlus ဟာ အေစာပိုင္းတုန္းက ေၾကညာထားတဲ့အတိုင္း OnePlus 8T ကို တရားဝင္ ေၾကညာလာၿပီ ျဖစ္ပါတယ္။ OnePlus ဟာ ယခုႏွစ္မွာ OnePlus 8T ကိုသာ ေၾကညာလာၿပီး OnePlus 8T Pro ကို ေၾကညာျခင္း မရွိပါဘူး။

ဒါေပမယ့္ OnePlus 8T မွာ Warp Charg 65W ေထာက္ပံ့ထားၿပီး ဘက္ထရီ 0 ရာခိုင္ႏႈန္းမွာ 100 ရာခိုင္ႏႈန္းအထိ အားအျပည့္သြင္းဖို႔ 39 မိနစ္ဘဲ အခ်ိန္ယူရပါမယ္။ အသုံးျပဳသူမ်ားအေနျဖင့္ 15 မိနစ္ အားသြင္းထား႐ုံျဖင့္ တစ္ေနကုန္ Standby ထားသုံးႏိုင္ပါမယ္။

OnePlus 8 တုန္းက ဘက္ထရီ 4300 mAh ဘဲ ပါဝင္ေပမယ့္ OnePlus 8T မွာ ဘက္ထရီ 4500 mAh အထိ ပါဝင္လာၿပီး 65W Fast Charging ျဖင့္ အားသြင္းမႈေၾကာင့္ ျဖစ္ေပၚလာႏိုင္တဲ့ လုံၿခဳံေရးျပႆနာမ်ားကို ကာကြယ္ႏိုင္ဖို႔ အပူခ်ိန္ဆင္ဆာ 12 ခု ပါဝင္ပါတယ္။

Charger က USB Power Delivery လည္း ေထာက္ပံ့ထားတာေၾကာင့္ 45W ျဖင့္လည္း အားသြင္းႏိုင္ပါတယ္။

ဒါေၾကာင့္ ယင္း Charger ကိုသုံးကာ လက္ေတာ့ပ္ကိုလည္း အားသြင္းႏိုင္ပါမယ္။ ဒါ့အျပင္ 27W Power Delivery လည္း ေထာက္ပံ့ထားပါေသးတယ္။

OnePlus 8T မွာ 6.55 လက္မ AMOLED 1080p+ ႐ုပ္ထြက္ သုံးထားပါတယ္။ OnePlus 8T ရဲ႕ ႐ုပ္ထြက္ပိုင္းက Display Mate ရဲ႕ အေကာင္းဆုံး ႐ုပ္ထြက္ပါ Device အျဖစ္ A+ သတ္မွတ္ျခင္း ခံထားရပါတယ္။ အလင္းေပးမႈ 1100 nits အထိ ေပးစြမ္းႏိုင္သလို အလင္းထိန္းညႇိမႈ အဆင့္ေပါင္း 8192 အထိ ျပဳလုပ္ႏိုင္ပါတယ္။

OnePlus 8T မွာ Always-on Display လည္းပါဝင္ၿပီး ဖုန္းအတြင္းမွာ ဒီဇိုင္းေပါင္း 11 မ်ိဳးကို တစ္ပါတည္း ထည့္သြင္းထားၿပီး ျဖစ္ပါတယ္။

OnePlus 8T ကို Snapdragon 865 SoC ႏွင့္ ပါဝါေထာက္ပံ့ထားပါတယ္။ UFS 3.1 Storage သုံးထားပါတယ္။ 128GB ၊ 256GB တို႔ႏွင့္ ေရြးခ်ယ္ႏိုင္ပါမယ္။ 8GB/12GB LPDDR4X RAM သုံးထားပါတယ္။

ဖုန္းပူမႈ မျဖစ္လာေရးအတြက္ Vapor Chamber ပါဝင္ၿပီး အပူခ်ိန္ကို 285 ရာခိုင္ႏႈန္းအထိ ေလွ်ာ့ခ်ေပးႏိုင္ပါတယ္။

OnePlus 8T က Android 11 တစ္ပါတည္းပါဝင္တဲ့ ပထမဆုံးစမတ္ဖုန္းေတြထဲမွာ ပါဝင္တဲ့ဖုန္း ျဖစ္ပါတယ္။ OnePlus ဟာ ကိုယ္ပိုင္ဖန္တီးထားတဲ့ စနစ္ေတြလည္း ထည့္သြင္းေပးထားသလို Camera App ကိုလည္း အဆင့္ျမင့္ထားပါတယ္။

ေက်ာဘက္ကင္မရာ 4 လုံးကို L ပုံစံျဖင့္ ထည့္သြင္းထားၿပီး အဓိက ကင္မရာက 48MP Sony IMX586 Sensor ျဖစ္ပါတယ္။ PDAF ႏွင့္ OIS ေထာက္ပံ့ထားပါတယ္။

ဒုတိယကင္မရာက 123 ဒီဂရီျမင္ကြင္းက်ယ္ ႐ိုက္ကူးႏိုင္တဲ့ 16MP f/2.2 Ultrawide ကင္မရာ ျဖစ္ပါတယ္။ က်န္ကင္မရာႏွစ္လုံးက 5MP f/2.4 Macro ႏွင့္ 2MP f/2.4 Depth ျဖစ္ပါတယ္။ ေရွ႕ကင္မရာက 16MP f/2.4 Wide ျဖစ္ပါတယ္။

OnePlus ဟာ Night Mode မွာ အေရာင္ေပးမႈအပိုင္း ပိုေကာင္းေအာင္ လုပ္ေဆာင္ထားသလို အေသးစိတ္က်ၿပီး ရွင္းလင္းျပတ္သားလာေအာင္လည္း လုပ္ေဆာင္ထားပါတယ္။

ဗီဒီယို႐ိုက္ကူးမႈအပိုင္းအတြက္ Super Stable Mode လည္း ပါဝင္လာပါတယ္။

OnePlus 8T ကို Aquamarine Green ၊ Lunar Silver ၊ Green အေရာင္ႏွင့္ ေရြးခ်ယ္ႏိုင္ပါတယ္။

OnePlus 8T ရဲ႕ 128GB ဗားရွင္းကို ေဒၚလာ 587 သတ္မွတ္ထားၿပီး 256GB ဗားရွင္းကို ေဒၚလာ 628 သတ္မွတ္ထားပါတယ္။

OnePlus 8T ကို လာမယ့္ ေအာက္တိုဘာလ 23 ရက္ေန႔မွာ စတင္ေရာင္းခ်သြားပါမယ္။

NetGuide Journal (Every Wednesday)