OnePlus ဟာ OnePlus 8T နှင့်အတူ OnePlus Buds Z ကြိုးမဲ့နားကြပ်ကိုလည်း ကြေညာလာပါတယ်။ ဒါ့အပြင် Nord အထူးဗားရှင်းကိုလည်း ကြေညာသွားပါတယ်။

OnePlus Buds Z က OnePlus Buds ရဲ့ ဈေးနှုန်းသက်သာတဲ့ဗားရှင်း ဖြစ်ပါတယ်။ 10mm Dynmic Drivers သုံးထားပြီး နာရီ 20 ကြာ အသုံးပြုနိုင်တဲ့ ဘက်ထရီ ပါဝင်ပါတယ်။

OnePlus Buds မှာတုန်းက 13.4mm Drivers နှင့် နာရီ 30 ကြာ သုံးနိုင်တဲ့ ဘက်ထရီ ပါဝင်ပါတယ်။

ကျန်တဲ့စနစ်ပိုင်းမှာ ယခင်ဗားရှင်း အတူတူဖြစ်သလို အချို့နေရာမှာလည်း ပိုကောင်းအောင် လုပ်ဆောင်ထားတာ တွေ့ရပါတယ်။

Dolby Atmos ထောက်ပံ့ထားတဲ့ 3D Stereo ပါဝင်သလို Bass Boost လည်း ပါဝင်ပါတယ်။ Active Noise Cancellation စနစ်တော့ မပါဝင်ပါဘူး။ ဒါပေမယ့် In-Call Noise Reduction စနစ် ပါဝင်ပါတယ်။

Buds Z ကို ယခင်ဗားရှင်းနှင့် နှိုင်းယှဉ်ရင် ပိုမိုသက်တောင့်သက်သာဖြစ်အောင် လုပ်ဆောင်ထားပါတယ်။

ဒါ့အပြင် IP55 ရရှိထားတာကြောင့် ရေပက်ဖျန်းမှုဒဏ် ခံနိုင်မှုအပိုင်းမှာ ပိုကောင်းလာပါတယ်။ ယခင် OnePlus Buds တုန်းက IPX4 ဘဲ ရယူခဲ့တာပါ။

Quick Switch စနစ်ပါဝင်ပြီး Device နှစ်ခုအကြား အလျှင်အမြန် ပြောင်းနိုင်သလို Quick Pair စနစ်လည်း ပါဝင်ပါတယ်။ Bluetooth 5.0 သုံးထားပြီး 103 Low Latency အထိ ထောက်ပံ့ထားပါတယ်။

Charging Case မှာ Fast Charging ထောက်ပံ့ထားပြီး 10 မိနစ် အားသွင်းရုံဖြင့် 3 နာရီအထိ အသုံးပြုနိုင်ပါမယ်။

OnePlus Buds Z ကို ဈေးနှုန်း 46 ဒေါ်လာ သတ်မှတ်ထားပါတယ်။

ဒါ့အပြင် အထူးဗားရှင်းအနေဖြင့် Steven Harrington ဗားရှင်းနှင့်လည်း ရွေးချယ်နိုင်ပါတယ်။ ဒီဗားရှင်းကို ဈေးနှုန်း ဒေါ်လာ 60 သတ်မှတ်ထားပါတယ်။ ယင်းဗားရှင်းမှာ Steven Harrington ရဲ့ Psychedelic Pop Art များ ပါဝင်ပါတယ်။

အခြားတစ်ဖက်မှာ OnePlus ဟာ OnePlus Nord ရဲ့ Gray Ash အရောင်ဗားရှင်းကိုလည်း ကြေညာသွားပါတယ်။

ဒီဗားရှင်းမှာ RAM12GB/256GB ပါဝင်ပြီး ဥရောပမှာ ယူရို 500 သတ်မှတ်ထားကာ အောက်တိုဘာလ 16 ရက်နေ့မှာ စတင်ရောင်းချသွားပါမယ်။

NetGuide Journal (Every Wednesday)

——————————————————————————————————

(Zawgyi Version)

46 ေဒၚလာ သတ္မွတ္ထားတဲ့ OnePlus Buds Z နားၾကပ္ႏွင့္ Nord Gray Ash ဗားရွင္းကို ေၾကညာ

OnePlus ဟာ OnePlus 8T ႏွင့္အတူ OnePlus Buds Z ႀကိဳးမဲ့နားၾကပ္ကိုလည္း ေၾကညာလာပါတယ္။ ဒါ့အျပင္ Nord အထူးဗားရွင္းကိုလည္း ေၾကညာသြားပါတယ္။

OnePlus Buds Z က OnePlus Buds ရဲ႕ ေဈးႏႈန္းသက္သာတဲ့ဗားရွင္း ျဖစ္ပါတယ္။ 10mm Dynmic Drivers သုံးထားၿပီး နာရီ 20 ၾကာ အသုံးျပဳႏိုင္တဲ့ ဘက္ထရီ ပါဝင္ပါတယ္။

OnePlus Buds မွာတုန္းက 13.4mm Drivers ႏွင့္ နာရီ 30 ၾကာ သုံးႏိုင္တဲ့ ဘက္ထရီ ပါဝင္ပါတယ္။

က်န္တဲ့စနစ္ပိုင္းမွာ ယခင္ဗားရွင္း အတူတူျဖစ္သလို အခ်ိဳ႕ေနရာမွာလည္း ပိုေကာင္းေအာင္ လုပ္ေဆာင္ထားတာ ေတြ႕ရပါတယ္။

Dolby Atmos ေထာက္ပံ့ထားတဲ့ 3D Stereo ပါဝင္သလို Bass Boost လည္း ပါဝင္ပါတယ္။ Active Noise Cancellation စနစ္ေတာ့ မပါဝင္ပါဘူး။ ဒါေပမယ့္ In-Call Noise Reduction စနစ္ ပါဝင္ပါတယ္။

Buds Z ကို ယခင္ဗားရွင္းႏွင့္ ႏႈိင္းယွဥ္ရင္ ပိုမိုသက္ေတာင့္သက္သာျဖစ္ေအာင္ လုပ္ေဆာင္ထားပါတယ္။

ဒါ့အျပင္ IP55 ရရွိထားတာေၾကာင့္ ေရပက္ဖ်န္းမႈဒဏ္ ခံႏိုင္မႈအပိုင္းမွာ ပိုေကာင္းလာပါတယ္။ ယခင္ OnePlus Buds တုန္းက IPX4 ဘဲ ရယူခဲ့တာပါ။

Quick Switch စနစ္ပါဝင္ၿပီး Device ႏွစ္ခုအၾကား အလွ်င္အျမန္ ေျပာင္းႏိုင္သလို Quick Pair စနစ္လည္း ပါဝင္ပါတယ္။ Bluetooth 5.0 သုံးထားၿပီး 103 Low Latency အထိ ေထာက္ပံ့ထားပါတယ္။

Charging Case မွာ Fast Charging ေထာက္ပံ့ထားၿပီး 10 မိနစ္ အားသြင္း႐ုံျဖင့္ 3 နာရီအထိ အသုံးျပဳႏိုင္ပါမယ္။

OnePlus Buds Z ကို ေဈးႏႈန္း 46 ေဒၚလာ သတ္မွတ္ထားပါတယ္။

ဒါ့အျပင္ အထူးဗားရွင္းအေနျဖင့္ Steven Harrington ဗားရွင္းႏွင့္လည္း ေရြးခ်ယ္ႏိုင္ပါတယ္။ ဒီဗားရွင္းကို ေဈးႏႈန္း ေဒၚလာ 60 သတ္မွတ္ထားပါတယ္။ ယင္းဗားရွင္းမွာ Steven Harrington ရဲ႕ Psychedelic Pop Art မ်ား ပါဝင္ပါတယ္။

အျခားတစ္ဖက္မွာ OnePlus ဟာ OnePlus Nord ရဲ႕ Gray Ash အေရာင္ဗားရွင္းကိုလည္း ေၾကညာသြားပါတယ္။

ဒီဗားရွင္းမွာ RAM12GB/256GB ပါဝင္ၿပီး ဥေရာပမွာ ယူ႐ို 500 သတ္မွတ္ထားကာ ေအာက္တိုဘာလ 16 ရက္ေန႔မွာ စတင္ေရာင္းခ်သြားပါမယ္။

NetGuide Journal (Every Wednesday)