Samsung ဟာ Galaxy F41 ကို ကြေညာလာပြီ ဖြစ်ပါတယ်။

Samsung Galaxy F41 မှာ ဘက်ထရီ 6000 mAh အထိပါဝင်ပြီး ဗီဒီယိုကြည့်မှုကို 26 နာရီအထိလည်းကောင်း၊ ဖုန်းပြောဆိုမှုကို တစ်ရက်ကျော်နှင့် အင်တာနက်သုံးမှုကို 21 ရက်အထိလည်းကောင်း ပြုလုပ်နိုင်ပါတယ်။

Samsung Galaxy F41 ကို အိန္ဒိယမှာဘဲ ဒီဇိုင်းဖန်တီးထားကာ ယင်းမှာဘဲ ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။

Samsung Galaxy F41 မှာ 6.4 လက်မ Super AMOLED 1080p+ ရုပ်ထွက် သုံးထားပြီး 110% NTSC Color Gamut ၊ အလင်းပေးမှု 420 nits ထောက်ပံ့ထားပါတယ်။

Exynos 9611 Chipset နှင့် ပါဝါထောက်ပံ့ထားပြီး Android 10 အခြေပြု One UI 2.1 သုံးထားပါတယ်။

RAM6GB နှင့် Storage 128GB ပါဝင်ပါတယ်။ SIM ကတ် နှစ်ကတ်သုံးနိုင်သလို microSD လည်း သုံးနိုင်ပါမယ်။

ကျောဘက်ကင်မရာ 64MP နှင့် ရှေ့ကင်မရာ 32MP ပါဝင်ပါတယ်။ Single Take ပါဝင်ပြီး တစ်ချက်နှိပ်ရုံဖြင့် ဓာတ်ပုံ 7 ပုံ ရိုက်ကူးနိုင်ပါမယ်။

ကျောဘက်ကင်မရာဖြင့် ဗီဒီယိုရိုက်ကူးမှုကို 4K ပြုလုပ်နိုင်ပြီး Hyperlapse ၊ Boomerang Mode တို့ ပါဝင်ပါတယ်။ ဒုတိယကင်မရာက 124 ဒီဂရီမြင်ကွင်းကျယ် ရိုက်ကူးနိုင်တဲ့ 8MP ပါဝင်ပါတယ်။

ဒါ့အပြင် Live Focus (2MP Depth) တို့ ပါဝင်ပါတယ်။ လက်ဗွေရာစနစ်ကို ကျောဘက်မှာ ထည့်သွင်းထားပါတယ်။

ဘက်ထရီ 6000 mAh ပါဝင်ပြီး 15W ဖြင့် အားသွင်းနိုင်ပါမယ်။ 0 ရာခိုင်နှုန်းမှ 100 ရာခိုင်နှုန်းအထိ အားသွင်းနိုင်ဖို့ 2 နာရီ၊ 40 မိနစ်အထိ အချိန်ယူရပါမယ်။

Samsung Galaxy F41 ကို အောက်တိုဘာလ 16 ရက်နေ့မှာ စတင်ရောင်းချသွားမှာဖြစ်ပြီး ဈေးနှုန်း အိန္ဒိယ ရူဘီ 17000 (ဒေါ်လာ 232) သတ်မှတ်ထားပါတယ်။

NetGuide Journal (Every Wednesday)

——————————————————————————————————

(Zawgyi Version)

ဘက္ထရီ 6000 mAh ၊ 64MP ကင္မရာပါဝင္ၿပီး M31 ထက္ ေဈးႏႈန္းသက္သာတဲ့ Samsung Galaxy F41 ကို မိတ္ဆက္

Samsung ဟာ Galaxy F41 ကို ေၾကညာလာၿပီ ျဖစ္ပါတယ္။

Samsung Galaxy F41 မွာ ဘက္ထရီ 6000 mAh အထိပါဝင္ၿပီး ဗီဒီယိုၾကည့္မႈကို 26 နာရီအထိလည္းေကာင္း၊ ဖုန္းေျပာဆိုမႈကို တစ္ရက္ေက်ာ္ႏွင့္ အင္တာနက္သုံးမႈကို 21 ရက္အထိလည္းေကာင္း ျပဳလုပ္ႏိုင္ပါတယ္။

Samsung Galaxy F41 ကို အိႏၵိယမွာဘဲ ဒီဇိုင္းဖန္တီးထားကာ ယင္းမွာဘဲ ထုတ္လုပ္ထားတာ ျဖစ္ပါတယ္။

Samsung Galaxy F41 မွာ 6.4 လက္မ Super AMOLED 1080p+ ႐ုပ္ထြက္ သုံးထားၿပီး 110% NTSC Color Gamut ၊ အလင္းေပးမႈ 420 nits ေထာက္ပံ့ထားပါတယ္။

Exynos 9611 Chipset ႏွင့္ ပါဝါေထာက္ပံ့ထားၿပီး Android 10 အေျချပဳ One UI 2.1 သုံးထားပါတယ္။

RAM6GB ႏွင့္ Storage 128GB ပါဝင္ပါတယ္။ SIM ကတ္ ႏွစ္ကတ္သုံးႏိုင္သလို microSD လည္း သုံးႏိုင္ပါမယ္။

ေက်ာဘက္ကင္မရာ 64MP ႏွင့္ ေရွ႕ကင္မရာ 32MP ပါဝင္ပါတယ္။ Single Take ပါဝင္ၿပီး တစ္ခ်က္ႏွိပ္႐ုံျဖင့္ ဓာတ္ပုံ 7 ပုံ ႐ိုက္ကူးႏိုင္ပါမယ္။

ေက်ာဘက္ကင္မရာျဖင့္ ဗီဒီယို႐ိုက္ကူးမႈကို 4K ျပဳလုပ္ႏိုင္ၿပီး Hyperlapse ၊ Boomerang Mode တို႔ ပါဝင္ပါတယ္။ ဒုတိယကင္မရာက 124 ဒီဂရီျမင္ကြင္းက်ယ္ ႐ိုက္ကူးႏိုင္တဲ့ 8MP ပါဝင္ပါတယ္။

ဒါ့အျပင္ Live Focus (2MP Depth) တို႔ ပါဝင္ပါတယ္။ လက္ေဗြရာစနစ္ကို ေက်ာဘက္မွာ ထည့္သြင္းထားပါတယ္။

ဘက္ထရီ 6000 mAh ပါဝင္ၿပီး 15W ျဖင့္ အားသြင္းႏိုင္ပါမယ္။ 0 ရာခိုင္ႏႈန္းမွ 100 ရာခိုင္ႏႈန္းအထိ အားသြင္းႏိုင္ဖို႔ 2 နာရီ၊ 40 မိနစ္အထိ အခ်ိန္ယူရပါမယ္။

Samsung Galaxy F41 ကို ေအာက္တိုဘာလ 16 ရက္ေန႔မွာ စတင္ေရာင္းခ်သြားမွာျဖစ္ၿပီး ေဈးႏႈန္း အိႏၵိယ ႐ူဘီ 17000 (ေဒၚလာ 232) သတ္မွတ္ထားပါတယ္။

NetGuide Journal (Every Wednesday)