Apple ဟာ လာမယ့်အပတ် အောက်တိုဘာလ 13 ရက်နေ့မှာ iPhone 12 စီးရီးကို မိတ်ဆက်သွားပါမယ်။

လက်ရှိ စမတ်ဖုန်းဈေးကွက်မှာ စမတ်ဖုန်းအများစုမှာ Punch-Hole သုံးနေကြပေမယ့်လည်း iPhone 12 မှာတော့ ခေတ်နောက်ကျစွာဘဲ Notch ဆက်လက်အသုံးပြုလာဦးမှာ ဖြစ်ပါတယ်။

တကယ်တော့ Apple ဟာ iPhone မှာ 3 နှစ် တိုင်တိုင် Notch လာမှာ ဖြစ်လာပါမယ်။

ဒါပေမယ့် ယနေ့ထွက်ပေါ်လာတဲ့ သတင်းအရ Apple ဟာ အနည်းဆုံးလာမယ့် နှစ် iPhone 13 အထိ Notch ကို ဆက်လက်အသုံးပြုလာမှာဖြစ်ကြောင်း သိရပါတယ်။

Apple ဟာ Face ID ထည့်သွင်းမှုနှင့်အတူ Punch-Hole ဒီဇိုင်းကို သုံးနိုင်ခြင်းမရှိဘဲ Notch ဘဲ ဆက်လက်သုံးနေရတာလည်း ဖြစ်ပါတယ်။

Apple ဟာ Under-Display Camera ဖန်တီးနိုင်တဲ့အထိ Notch ဒီဇိုင်းကိုဘဲ ဆက်လက်သုံးသွားဖို့ ရှိပါတယ်။ လက်ရှိအချိန်မှာ ZTE Axon 20 5G မှာ Under-Display Camera စတင်ပါဝင်နေပြီ ဖြစ်ပါတယ်။

NetGuide Journal (Every Wednesday)

——————————————————————————————————

(Zawgyi Version)

နောက် 2 နှစ်အထိ iPhone များတွင် Notch အသုံးပြုလာမည်






