Tecno ဟာ Spark 6 ကို ကြေညာလာပါတယ်။ Spark 6 မှာ Spark 5 ထက် ပိုကောင်းအောင် လုပ်ဆောင်ထားပါတယ်။

ဒီဖုန်းမှာ 6.8 လက်မ ရုပ်ထွက်၊ Helio G70 Chipset ၊ 16MP ကင်မရာအပြင် အသံပိုင်း၊ ဆော့ဝဲလ်တို့ကိုလည်း ပိုကောင်းအောင် လုပ်ဆောင်ထားပါတယ်။

Spark 6 မှာ 6.8 လက်မ HD+ LCD ရုပ်ထွက်နှင့် 20:5:9 Aspect Ratio သုံးထားကာ 8MP Punch-Hole Selfie Camera သုံးထားပါတယ်။

ကျောဘက်ကင်မရာ 4 လုံး ပါဝင်ပြီး 16MP + 2MP Macro + 2MP Depth + AISenes တို့ သုံးထားပါတယ်။

MediaTekHelio G70 ၊ RAM4GB နှင့် ပါဝါထောက်ပံ့ထားကာ Storage 64GB သုံးထားပါတယ်။ microSD ကနေ ထပ်တိုးနိုင်ပါတယ်။ Android 10 အခြေပြု HiOS 7.0 သုံးထားပါတယ်။

ဘက်ထရီ 5000 mAh သုံးထားပါတယ်။ Bluetooth Audio Share ပါဝင်ကာ Bluetooth သုံးခုနှင့် ချိတ်ဆက်သုံးနိုင်ပါတယ်။

Tecno Spark 6 မှာ အနက်ရောင်၊ အပြာရောင်၊ ခရမ်းရောင်၊ လိမ္မော်ရောင်တို့နှင့် ရွေးချယ်နိုင်ပြီး ဈေးနှုန်း ဒေါ်လာ 125 သတ်မှတ်ထားပါတယ်။

NetGuide Journal (Every Wednesday)

——————————————————————————————————

(Zawgyi Version)

6.8 လက်မ ၊ Helio G70 Chipset အသုံးပြုထားတဲ့ Tecno Spark 6 ကို ကြေညာ







