မကြာသေးမီတုန်းက OnePlus 8T ကို အောက်တိုဘာလ 14 ရက်နေ့မှာ မိတ်ဆက်မယ်လို့ သတင်းထွက်ခဲ့ဖူးပါတယ်။ ယနေ့မှာ Amazon India က OnePlus 8T ကို အောက်တိုဘာလ 14 ရက်နေ့မှာ မိတ်ဆက်မယ်လို့ အတည်ပြုလာပြီ ဖြစ်ပါတယ်။

OnePlus ဟာ Amazon India မှာ OnePlus 8T အတွက် စာမျက်နှာတစ်ခု ရယူထားပြီး ယင်းမှာ အောက်တိုဘာလ 14 ရက်နေ့မှာ မိတ်ဆက်မယ်လို့ ဖော်ပြထားတာ ဖြစ်ပါတယ်။

ဒါ့အပြင် OnePlus 8T ကို ရွေးချယ်နိုင်မယ့် ဗားရှင်းကိုလည်း ဖော်ပြထားပါတယ်။ OnePlus 8T ရဲ့ အခြေခံဗားရှင်းမှာ RAM8GB ပါဝင်ပါမယ်။

ယခုမှာ OnePlus ဟာ OnePlus 8T တစ်မျိုးတည်းသာ ကြေညာလာမှာဖြစ်ပြီး OnePlus 8T Plus ကြေညာလာမှာ မဟုတ်ပါဘူး။

OnePlus 8T မှာ 6.55 လက်မ AMOLED FHD+ ရုပ်ထွက် သုံးလာမှာဖြစ်ပြီး 120Hz Refresh Rate ထောက်ပံ့လာပါမယ်။

ရှေ့ကင်မရာ 32MP ပါဝင်မှာဖြစ်ပြီး Snapdragon 865 Chipset နှင့် ပါဝါထောက်ပံ့လာပါမယ်။

ကျောဘက်ကင်မရာလေးလုံးပါဝင်ကာ 48MP + 16MP Ultrawide + 5MP Macro + 2MP Depth ပါဝင်ပါမယ်။ ဘက်ထရီ 4500 mAh ပါဝင်ကာ 65W Warp Charging ဖြင့် အားသွင်းနိုင်ပါမယ်။

NetGuide Journal (Every Wednesday)

——————————————————————————————————

(Zawgyi Version)

OnePlus 8T ကို အောက်တိုဘာလ 14 ရက်တွင် မိတ်ဆက်မည်ဟု Amazon India အတည်ပြု







