လာမယ့် Huawei Mate 40 စီးရီးက ထွက်ဖို့ နီးလာတာနဲ့အမျှ ဒီဖုန်းနဲ့ပတ်သက်တဲ့ သတင်းတွေလည်း ခပ်စိပ်စိပ်လေး ထွက်ပေါ်လာပါတယ်။

ယနေ့ထွက်ပေါ်လာတဲ့ သတင်းအရ Huawei Mate 40 စီးရီးကို အောက်တိုဘာ လလယ်ပိုင်းတွင် ကြေညာကာ နိုဝင်ဘာလတွင် ရောင်းချလာမှာဖြစ်ကြောင်း သိရပါတယ်။

Huawei ဟာ Huawei Mate 40 စီးရီးကို အောက်တိုဘာလမှာ ကြေညာမယ်ဆိုပေမယ့် ယင်းလထဲမှာ ရောင်းချလာမှာ မဟုတ်ဘဲ နောက်တစ်လမှ ရောင်းချလာမှာ ဖြစ်ပါတယ်။

Huawei ဟာ Mate 40 စီးရီးအဖြစ် Mate 40 ၊ Mate 40 Pro ၊ Mate 40 Pro+ နှင့် Mate 40 RS Porsche Edition တို့ကို ကြေညာလာမှာ ဖြစ်ပါတယ်။

Huawei Mate 40 အားလုံးကို Huawei HiSilicon Kirin 9000 SoC နှင့် ပါဝါထောက်ပံ့လာပါမယ်။ Kirin 9000 SoC က 5nm Chipset ဖြစ်ပါတယ်။

အစောပိုင်းသတင်းများအရ Huawei ဟာ TSMC ထံမှ Kirin 9000 SoC အခုရေ 8.8 သန်းသာ အမှာရရှိထားပြီး Huawei Mate 40 စီးရီး အလုံးရေ 8.8 သန်းသာ ရောင်းချနိုင်မယ်လို့ သိရပါတယ်။

NetGuide Journal (Every Wednesday)

——————————————————————————————————

(Zawgyi Version)

Huawei Mate 40 စီးရီးကို အောက်တိုဘာ လလယ်ပိုင်းတွင် ကြေညာကာ နိုဝင်ဘာတွင် ရောင်းချနိုင်






