Samsung ဟာ 2017 ခုနှစ်၊ အောက်တိုဘာလတုန်းက အကြမ်းပတမ်းခံ Tablet အဖြစ် Galaxy Tab Active 3 ကို ကြေညာရောင်းချခဲ့ပါတယ်။ Samsung ဟာ မကြာမီ ကာလအတွင်းမှာ Galaxy Tab Active 3 ကို ကြေညာရောင်းချလာတော့မှာ ဖြစ်ပါတယ်။

Galaxy Tab Active 3 ဟာ Bluetooth SIG မှာ ထောက်ခံချက် ရရှိပြီးဖြစ်သလို Safety Korea မှာလည်း ထောက်ခံချက် ရရှိပြီး ဖြစ်ပါတယ်။ ဒါ့အပြင် Geekbench မှာလည်း တင်ခဲ့ပြီး ဖြစ်ပါတယ်။

ယင်းတို့မှာ ဖော်ပြချက်အရ Exynos 9810 SoC ၊ RAM4GB ၊ ဘက်ထရီ 5050 mAh ပါဝင်လာမယ်လို့ အတည်ပြုနိုင်ခဲ့ပြီး ဖြစ်ပါတယ်။

Samsung Galaxy Tab Active 3 ရဲ့ မျက်နှာပြင်မှာ ခလုတ်သုံးခုပါဝင်လာမှာဖြစ်ပြီး ကိုယ်ထည်ကို သားရေဖြင့် ကွပ်ထားပါတယ်။

Galaxy Tab Active 3 မှာ 8 လက်မ LCD 1920x1200px Resolution ၊ Android 10 ပါဝင်လာပါမယ်။ 64GB ၊ 128GB ဗားရှင်းတို့နှင့် ရွေးနိုင်ပါမယ်။ ကျောဘက်ကင်မရာ 13MP နှင့် ရှေ့ကင်မရာ 5MP ပါဝင်ပါမယ်။

Exynos 9810 SoC နှင့် ပါဝါထောက်ပံ့လာမယ့် Galaxy Tab Active 3 မှာ Bluetooth 5.0 ပါဝင်မှာ ဖြစ်သလို S Pen လည်း ပါဝင်ပါမယ်။ MIL-STD-810 ထောက်ခံချက် ရယူလာပါမယ်။ ဒါ့အပြင် IP68 ရယူလာပါမယ်။

Galaxy Tab Active 3 ကို LTE ၊ Wi-Fi ဗားရှင်းတို့နှင့် ရွေးချယ်နိုင်ပါမယ်။ လက်ရှိအချိန်မှာ ဒီ Tablet ကို ဘယ်တော့ ကြေညာရောင်းချလာမလဲဆိုတာ မသိရသေးပါဘူး။

NetGuide Journal (Every Wednesday)

——————————————————————————————————

(Zawgyi Version)

Samsung Galaxy Tab Active 3 တြင္ သုံးလာမယ့္ စနစ္အျပည့္အစုံကို သိရၿပီ

Samsung ဟာ 2017 ခုႏွစ္၊ ေအာက္တိုဘာလတုန္းက အၾကမ္းပတမ္းခံ Tablet အျဖစ္ Galaxy Tab Active 3 ကို ေၾကညာေရာင္းခ်ခဲ့ပါတယ္။ Samsung ဟာ မၾကာမီ ကာလအတြင္းမွာ Galaxy Tab Active 3 ကို ေၾကညာေရာင္းခ်လာေတာ့မွာ ျဖစ္ပါတယ္။

Galaxy Tab Active 3 ဟာ Bluetooth SIG မွာ ေထာက္ခံခ်က္ ရရွိၿပီးျဖစ္သလို Safety Korea မွာလည္း ေထာက္ခံခ်က္ ရရွိၿပီး ျဖစ္ပါတယ္။ ဒါ့အျပင္ Geekbench မွာလည္း တင္ခဲ့ၿပီး ျဖစ္ပါတယ္။

ယင္းတို႔မွာ ေဖာ္ျပခ်က္အရ Exynos 9810 SoC ၊ RAM4GB ၊ ဘက္ထရီ 5050 mAh ပါဝင္လာမယ္လို႔ အတည္ျပဳႏိုင္ခဲ့ၿပီး ျဖစ္ပါတယ္။

Samsung Galaxy Tab Active 3 ရဲ႕ မ်က္ႏွာျပင္မွာ ခလုတ္သုံးခုပါဝင္လာမွာျဖစ္ၿပီး ကိုယ္ထည္ကို သားေရျဖင့္ ကြပ္ထားပါတယ္။

Galaxy Tab Active 3 မွာ 8 လက္မ LCD 1920x1200px Resolution ၊ Android 10 ပါဝင္လာပါမယ္။ 64GB ၊ 128GB ဗားရွင္းတို႔ႏွင့္ ေရြးႏိုင္ပါမယ္။ ေက်ာဘက္ကင္မရာ 13MP ႏွင့္ ေရွ႕ကင္မရာ 5MP ပါဝင္ပါမယ္။

Exynos 9810 SoC ႏွင့္ ပါဝါေထာက္ပံ့လာမယ့္ Galaxy Tab Active 3 မွာ Bluetooth 5.0 ပါဝင္မွာ ျဖစ္သလို S Pen လည္း ပါဝင္ပါမယ္။ MIL-STD-810 ေထာက္ခံခ်က္ ရယူလာပါမယ္။ ဒါ့အျပင္ IP68 ရယူလာပါမယ္။

Galaxy Tab Active 3 ကို LTE ၊ Wi-Fi ဗားရွင္းတို႔ႏွင့္ ေရြးခ်ယ္ႏိုင္ပါမယ္။ လက္ရွိအခ်ိန္မွာ ဒီ Tablet ကို ဘယ္ေတာ့ ေၾကညာေရာင္းခ်လာမလဲဆိုတာ မသိရေသးပါဘူး။

NetGuide Journal (Every Wednesday)