OnePlus ဟာ မကြာမီ ကာလအတွင်းမှာ OnePlus 8 ကို အဆင့်မြင့်ထားတဲ့ T ဗားရှင်းကို ကြေညာလာဖို့ ရှိပါတယ်။ ယနေ့ ထွက်ပေါ်လာတဲ့ သတင်းအရ OnePlus 8T ကို အောက်တိုဘာလ 14 ရက်နေ့မှာ မိတ်ဆက်သွားမှာဖြစ်ကြောင်း သိရပါတယ်။

ယခုနှစ်မှာ ယမန်နှစ်များတုန်းကလို OnePlus 8T Pro ထွက်လာတော့မှာ မဟုတ်ပါဘူး။

OnePlus 8T မှာ 6.55 လက်မ AMOLED 120Hz Refresh Rate ပါဝင်မှာဖြစ်ပြီး Punch-Hole မှာ ရှေ့ကင်မရာ 32MP ထည့်သွင်းလာပါမယ်။ Snapdragon 865 SoC ၊ RAM8GB နှင့် ပါဝါထောက်ပံ့လာမှာဖြစ်ပြီး 128GB နှင့် 256GB တို့ကို ရွေးချယ်နိုင်ပါမယ်။

ကျောဘက်ကင်မရာလေးလုံး ပါဝင်လာမှာဖြစ်ပြီး 5MP Macro နှင့် 2MP Depth တို့ ပါဝင်လာပါမယ်။ ဘက်ထရီ 4500 mAh အထိ ပါဝင်ကာ 65W Fast Charging ဖြင့် အားသွင်းနိုင်ပါမယ်။

OnePlus ဟာ OnePlus 8T နှင့်အတူ Buds Z TWS ကိုလည်း ကြေညာလာဖို့ ရှိပါတယ်။

NetGuide Journal (Every Wednesday)

——————————————————————————————————

(Zawgyi Version)

OnePlus 8T ကို အောက်တိုဘာလ 14 ရက်တွင် မိတ်ဆက်မည်





