Huami ဟာ စမတ်လက်ပတ်သစ်တစ်ခုကို ကြေညာလာပါတယ်။ Amazfit Band 5 ဖြစ်ပါတယ်။

Amazfit Band 5 က ဇူလိုင်လတုန်းက ကြေညာရောင်းချခဲ့တဲ့ Xiaomi Mi Band 5 နှင့် ဒီဇိုင်းပိုင်းမှာရော သုံးထားတဲ့စနစ်တို့မှာပါ အတူတူ ဖြစ်ပါတယ်။ ဒါကလည်း အံ့ဩစရာမရှိပါဘူး။ Huami က Mi Band 5 ကို ဒီဇိုင်းနှင့် ထုတ်လုပ်မှုပိုင်း အလုံးစုံလုပ်ဆောင်ခဲ့တဲ့ ကုမ္ပဏီပါ။

Amazfit Band 5 မှာ 1.1 လက်မ AMOLED 126×294 px Resolution ရုပ်ထွက် ပါဝင်ပြီး Watch Face ပေါင် 45 ခုကျော် ပါဝင်ပါတယ်။ နှလုံးခုန်နှုန်းတိုင်းတာစနစ်၊ အိပ်ချိန်စောင့်ကြည့်စနစ်၊ စိတ်ဖိစီးမှုတိုင်းတာစနစ်တို့ ပါဝင်ပါတယ်။

ဒါ့အပြင် Mi Smart Band 5 မှာ မပါဝင်တဲ့ SpO2 ပါဝင်ပါတယ်။

အားကစားလှုပ်ရှားမှု 10 ခု ထောက်ပံ့ထားသလို Amazon Alexa ထောက်ပံ့ထားပါသေးတယ်။ ဒါကလည်း Mi Band 5 မှာ မပါဝင်တဲ့ နောက်ထပ်စနစ်တစ်ခု ဖြစ်ပါတယ်။ အသံဖြင့် Alarm ၊ Timer စတဲ့ စနစ်များ သုံးနိုင်ပါမယ်။

5ATM ရရှိထားတာကြောင့် ရေစိမ်ခံနိုင်ပြီး သီချင်း၊ ကင်မရာတို့ကို ထိန်းချုပ်နိုင်ပါမယ်။ ဘက်ထရီ 125mAh ပါဝင်ကာ 15 ရက်ကြာ အသုံးပြုနိုင်ပါမယ်။

Amazfit Band 5 ကို 45 ဒေါ်လာ သတ်မှတ်ထားပြီး စက်တင်ဘာလ 21 ရက်နေ့မှာ စတင်ရောင်းချသွားပါမယ်။

NetGuide Journal (Every Wednesday)

——————————————————————————————————

(Zawgyi Version)

AMOLED ႐ုပ္ထြက္ ၊ Blood Oxygen Monitor ႏွင့္ Amazon Alexa ေထာက္ပံ့ထားတဲ့ Amazfit Band 5 ကို ေၾကညာ

Huami ဟာ စမတ္လက္ပတ္သစ္တစ္ခုကို ေၾကညာလာပါတယ္။ Amazfit Band 5 ျဖစ္ပါတယ္။

Amazfit Band 5 က ဇူလိုင္လတုန္းက ေၾကညာေရာင္းခ်ခဲ့တဲ့ Xiaomi Mi Band 5 ႏွင့္ ဒီဇိုင္းပိုင္းမွာေရာ သုံးထားတဲ့စနစ္တို႔မွာပါ အတူတူ ျဖစ္ပါတယ္။ ဒါကလည္း အံ့ဩစရာမရွိပါဘူး။ Huami က Mi Band 5 ကို ဒီဇိုင္းႏွင့္ ထုတ္လုပ္မႈပိုင္း အလုံးစုံလုပ္ေဆာင္ခဲ့တဲ့ ကုမၸဏီပါ။

Amazfit Band 5 မွာ 1.1 လက္မ AMOLED 126×294 px Resolution ႐ုပ္ထြက္ ပါဝင္ၿပီး Watch Face ေပါင္ 45 ခုေက်ာ္ ပါဝင္ပါတယ္။ ႏွလုံးခုန္ႏႈန္းတိုင္းတာစနစ္၊ အိပ္ခ်ိန္ေစာင့္ၾကည့္စနစ္၊ စိတ္ဖိစီးမႈတိုင္းတာစနစ္တို႔ ပါဝင္ပါတယ္။

ဒါ့အျပင္ Mi Smart Band 5 မွာ မပါဝင္တဲ့ SpO2 ပါဝင္ပါတယ္။

အားကစားလႈပ္ရွားမႈ 10 ခု ေထာက္ပံ့ထားသလို Amazon Alexa ေထာက္ပံ့ထားပါေသးတယ္။ ဒါကလည္း Mi Band 5 မွာ မပါဝင္တဲ့ ေနာက္ထပ္စနစ္တစ္ခု ျဖစ္ပါတယ္။ အသံျဖင့္ Alarm ၊ Timer စတဲ့ စနစ္မ်ား သုံးႏိုင္ပါမယ္။

5ATM ရရွိထားတာေၾကာင့္ ေရစိမ္ခံႏိုင္ၿပီး သီခ်င္း၊ ကင္မရာတို႔ကို ထိန္းခ်ဳပ္ႏိုင္ပါမယ္။ ဘက္ထရီ 125mAh ပါဝင္ကာ 15 ရက္ၾကာ အသုံးျပဳႏိုင္ပါမယ္။

Amazfit Band 5 ကို 45 ေဒၚလာ သတ္မွတ္ထားၿပီး စက္တင္ဘာလ 21 ရက္ေန႔မွာ စတင္ေရာင္းခ်သြားပါမယ္။

NetGuide Journal (Every Wednesday)