Huami က မနက်ဖြန် စက်တင်ဘာလ 22 ရက်နေ့မှာ Amazfit GTR 2 နှင့် Amazfit GTS 2 တို့ကို မိတ်ဆက်သွားမှာဖြစ်ကြောင်း အတည်ပြုလာပါတယ်။

ယင်းစမတ်နာရီသစ်တို့မှာ သွေးထဲအောက်ဆီဂျင်ရှိမှုကို တိုင်းတာနိုင်မယ့်ဆင်ဆာ ပါဝင်လာမယ့်အပြင် ဈေးနှုန်းလည်း သက်သာလာဦးမှာဖြစ်ကြောင်း သိရပါတယ်။

Huami CEO က Amazfit GTS 2 နှင့် GTR 2 တို့မှာ သုံးလာမယ့် SpO2 Sensor က Apple Watch Series 6 မှာ သုံးထားတဲ့ ဆင်ဆာထက် များစွာကောင်းမွန်လာမယ်လို့ အတည်ပြုထားပါတယ်။

ဒါ့အပြင် Voice Assistant ပါဝင်မယ့်အပြင် သီချင်းများကို Wi-Fi ဖြင့် ဒေါင်းလော့ခ်ဆွဲကာ သီချင်းနားထောင်နိုင်မယ်လို့လည်း ဆိုထားပါတယ်။

ဒါကြောင့် ဒီစမတ်နာရီနှစ်လုံးတို့က အရည်အသွေးကောင်းမွန်တဲ့ စမတ်နာရီများဖြစ်လာဖို့ သေချာနေပါတယ်။

ဒါပေမယ့် ဒီဇိုင်းပိုင်းမှာတော့ ယခင်ဗားရှင်းတို့ရဲ့ဒီဇိုင်းသာ သုံးလာပါဦးမယ်။

NetGuide Journal (Every Wednesday)

——————————————————————————————————

(Zawgyi Version)

မနက္ျဖန္တြင္ Amazfit GTR 2 ႏွင့္ GTS 2 တို႔ကို မိတ္ဆက္မည္

Huami က မနက္ျဖန္ စက္တင္ဘာလ 22 ရက္ေန႔မွာ Amazfit GTR 2 ႏွင့္ Amazfit GTS 2 တို႔ကို မိတ္ဆက္သြားမွာျဖစ္ေၾကာင္း အတည္ျပဳလာပါတယ္။

ယင္းစမတ္နာရီသစ္တို႔မွာ ေသြးထဲေအာက္ဆီဂ်င္ရွိမႈကို တိုင္းတာႏိုင္မယ့္ဆင္ဆာ ပါဝင္လာမယ့္အျပင္ ေဈးႏႈန္းလည္း သက္သာလာဦးမွာျဖစ္ေၾကာင္း သိရပါတယ္။

Huami CEO က Amazfit GTS 2 ႏွင့္ GTR 2 တို႔မွာ သုံးလာမယ့္ SpO2 Sensor က Apple Watch Series 6 မွာ သုံးထားတဲ့ ဆင္ဆာထက္ မ်ားစြာေကာင္းမြန္လာမယ္လို႔ အတည္ျပဳထားပါတယ္။

ဒါ့အျပင္ Voice Assistant ပါဝင္မယ့္အျပင္ သီခ်င္းမ်ားကို Wi-Fi ျဖင့္ ေဒါင္းေလာ့ခ္ဆြဲကာ သီခ်င္းနားေထာင္ႏိုင္မယ္လို႔လည္း ဆိုထားပါတယ္။

ဒါေၾကာင့္ ဒီစမတ္နာရီႏွစ္လုံးတို႔က အရည္အေသြးေကာင္းမြန္တဲ့ စမတ္နာရီမ်ားျဖစ္လာဖို႔ ေသခ်ာေနပါတယ္။

ဒါေပမယ့္ ဒီဇိုင္းပိုင္းမွာေတာ့ ယခင္ဗားရွင္းတို႔ရဲ႕ဒီဇိုင္းသာ သုံးလာပါဦးမယ္။

NetGuide Journal (Every Wednesday)