Semicondutor Manufacturing International Corp (SMIC) က တရုတ်နိုင်ငံမှာ အကြီးမားဆုံး Chipset ထုတ်လုပ်ရေးကုမ္ပဏီများထဲမှ တစ်ခု ဖြစ်ပါတယ်။ ၎င်းတို့ဟာ Huawei အတွက် Chipset များ ဆက်လက်ထုတ်လုပ်ပေးနိုင်ရေးအတွက် လိုင်စင်လျှောက်ထားလာပြီ ဖြစ်ပါတယ်။

SMIC က အမေရိကန်ထံသို့ လိုင်စင်လျှောက်ထားကြောင်းကို Beijing News သို့ အတည်ပြုထားပါတယ်။ ဒါ့အပြင် ကုမ္ပဏီက ၎င်းတို့ဟာ နိုင်ငံအားလုံးနှင့် ဒေသအားလုံးရဲ့ စည်းမျဉ်းဥပဒေများကို လိုက်နာလုပ်ဆောင်ခြင်းဖြစ်ကြောင်း ဆိုသွားပါတယ်။

အမေရိကန်ဟာ အမေရိကန် Chipset ထုတ်လုပ်ရေးနည်းပညာနှင့် ပစ္စည်းများကို အသုံးပြုနေတဲ့ SMIC ကို စီးပွားရေးပိတ်ပင်မှုပြုလုပ်ရန် စီစဉ်နေကြောင်း သတင်းများ ထွက်ပေါ်လာပြီးနောက် တရုတ် Chipset ထုတ်လုပ်ရေးကုမ္ပဏီဟာ အမေရိကန်အစိုးရထံသို့ လိုင်စင်လျှောက်ထားလာတာလည်း ဖြစ်ပါတယ်။

SMIC ကို 2000 ခုနှစ်တုန်းက ရှန်ဟိုင်းမှာ တည်ထောင်ခဲ့တာဖြစ်ပြီး ဇူလိုင်လတုန်းက Star Market မှာ တန်ဖိုး ဒေါ်လာ 7.8 ဘီလီယံအထိ ဖြစ်လာတဲ့ကုမ္ပဏီလည်း ဖြစ်ပါတယ်။ ၎င်းတို့ဟာ ကမ္ဘာ့ထိပ်သီး Chipset ထုတ်လုပ်ရေးကုမ္ပဏီ 5 ခုစာရင်းဝင်ကုမ္ပဏီလည်း ဖြစ်ပါတယ်။

NetGuide Journal (Every Wednesday)

——————————————————————————————————

(Zawgyi Version)

Huawei ထံသို႔ Chipset တင္ပို႔ႏိုင္ရန္ အေမရိကန္ထံ SMIC လိုင္စင္ေလွ်ာက္ထား

Semicondutor Manufacturing International Corp (SMIC) က တ႐ုတ္ႏိုင္ငံမွာ အႀကီးမားဆုံး Chipset ထုတ္လုပ္ေရးကုမၸဏီမ်ားထဲမွ တစ္ခု ျဖစ္ပါတယ္။ ၎တို႔ဟာ Huawei အတြက္ Chipset မ်ား ဆက္လက္ထုတ္လုပ္ေပးႏိုင္ေရးအတြက္ လိုင္စင္ေလွ်ာက္ထားလာၿပီ ျဖစ္ပါတယ္။

SMIC က အေမရိကန္ထံသို႔ လိုင္စင္ေလွ်ာက္ထားေၾကာင္းကို Beijing News သို႔ အတည္ျပဳထားပါတယ္။ ဒါ့အျပင္ ကုမၸဏီက ၎တို႔ဟာ ႏိုင္ငံအားလုံးႏွင့္ ေဒသအားလုံးရဲ႕ စည္းမ်ဥ္းဥပေဒမ်ားကို လိုက္နာလုပ္ေဆာင္ျခင္းျဖစ္ေၾကာင္း ဆိုသြားပါတယ္။

အေမရိကန္ဟာ အေမရိကန္ Chipset ထုတ္လုပ္ေရးနည္းပညာႏွင့္ ပစၥည္းမ်ားကို အသုံးျပဳေနတဲ့ SMIC ကို စီးပြားေရးပိတ္ပင္မႈျပဳလုပ္ရန္ စီစဥ္ေနေၾကာင္း သတင္းမ်ား ထြက္ေပၚလာၿပီးေနာက္ တ႐ုတ္ Chipset ထုတ္လုပ္ေရးကုမၸဏီဟာ အေမရိကန္အစိုးရထံသို႔ လိုင္စင္ေလွ်ာက္ထားလာတာလည္း ျဖစ္ပါတယ္။

SMIC ကို 2000 ခုႏွစ္တုန္းက ရွန္ဟိုင္းမွာ တည္ေထာင္ခဲ့တာျဖစ္ၿပီး ဇူလိုင္လတုန္းက Star Market မွာ တန္ဖိုး ေဒၚလာ 7.8 ဘီလီယံအထိ ျဖစ္လာတဲ့ကုမၸဏီလည္း ျဖစ္ပါတယ္။ ၎တို႔ဟာ ကမာၻ႔ထိပ္သီး Chipset ထုတ္လုပ္ေရးကုမၸဏီ 5 ခုစာရင္းဝင္ကုမၸဏီလည္း ျဖစ္ပါတယ္။

NetGuide Journal (Every Wednesday)