Qualcomm နှင့် POCO တို့က X3 မှာ Snapdragon 732G Chipset သုံး ပထမဆုံး စမတ်ဖုန်း ဖြစ်လာမယ်လို့ ဆိုထားပါတယ်။ ဆက်တိုက်ဆိုသလိုဘဲ POCO က POCO X3 ကို စက်တင်ဘာလ 7 ရက်နေ့မှာ မိတ်ဆက်မယ်လို့ ကြေညာလာပါတယ်။

လက်ရှိအချိန်မှာ ကိုရိုနာဗိုင်းရပ်စ်ကာလဖြစ်တာနဲ့အညီ ဒီဖုန်းကို အွန်လိုင်းကဘဲ မိတ်ဆက်သွားမှာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ POCO X3 မှာ Snapdragon 732G သုံးလာမယ်ဆိုတဲ့ အချက်တစ်ခုတည်းဘဲ သိရပါသေးတယ်။

Snapdragon 732G က Snapdragon 730G ထက် GPU စွမ်းဆောင်ရည် ၁၅ ရာခိုင်နှုန်း မြင့်မားပါတယ်။

ဒီဖုန်းမှာ အနည်းဆုံး RAM6GB သုံးလာဖို့ ရှိနေပြီး များပြားတဲ့ ဘက်ထရီနှင့် Fast Charging တို့ ပါဝင်လာပါမယ်။

POCO X3 ဓာတ်ပုံအရ ဒီဖုန်းမှာ ကျောဘက်ကင်မရာလေးလုံး ပါဝင်လာမှာဖြစ်ပြီး စက်ဝိုင်းကွက်ထဲမှာ ထည့်သွင်းလာပါမယ်။

NetGuide Journal (Every Wednesday)

——————————————————————————————————

(Zawgyi Version)

Snapdragon 732G သုံးလာမယ့် ပထမဆုံး စမတ်ဖုန်း POCO X3 ကို စက်တင်ဘာလ 7 ရက်တွင် ကြေညာမည်






