LG ဟာ တန်ဖိုးသင့် စမတ်ဖုန်းသစ်အဖြစ် LG K31 ကို ကြေညာလာပါတယ်။ LG K31 မှာ မျက်နှာပြင် 5.7 လက်မ HD+ LCD ရုပ်ထွက် သုံးထားပါတယ်။ ဒီဖုန်းမှာ Punch-Hole ၊ ကျောဘက်ကင်မရာနှစ်လုံးနှင့် ဘက်ထရီ 3000 mAh ပါဝင်ကာ ကျောဘက်မှာ ပလတ်စတစ် သုံးထားပါတယ်။

18:9:9 Aspect Ratio သုံးထားပါတယ်။ ရှေ့ကင်မရာက 5MP ဖြစ်ပါတယ်။ ကျေဘာက်ကင်မရာမှ အဓိက ကင်မရာက 13MP ဖြစ်ကာ PDAF ထောက်ပံ့ထားပါတယ်။

ဒုတိယကကင်မရာက 120 ဒီဂရီမြင်ကွင်းကျယ် ရိုက်ကူးနိုင်တဲ့ 5MP Ultrawide ဖြစ်ပါတယ်။ Helio P22 SoC ၊ RAM2GB နှင့် ပါဝါထောက်ပံ့ထားကာ Storage 32GB ပါဝင်ကာ microSD ကနေ ထပ်တိုးလို့ ရပါတယ်။

Android 10 အခြေပြု LG UX သုံထားပါတယ်။ ဘက်ထရီ 3000 mAh ပါဝင်ကာ microUSB မှ တဆင့်ဘဲ အားသွင်းရပါမယ်။ လက်ဗွေရာစနစ်ကို ကျောဘက်မှာ ထည့်သွင်းထားပြီး နားကြပ်ပေါက်ပါဝင်သလို ဖုန်းရဲ့ဘယ်ခြမ်းမှာ Google Assistant အတွက် ခလုတ်ထည့်သွင်းပေးထားပါတယ်။

LG K31 ကို ဒေါ်လာ 130 သတ်မှတ်ထားပါတယ်။ လက်ရှိအချိန်မှာ ဒီဖုန်းကို ဘယ်တော့ရောင်းချမယ်ဆိုတာ မသိရသေးပါဘူး။

NetGuide Journal (Every Wednesday)

——————————————————————————————————

(Zawgyi Version)

5.7 လက်မ HD+ ရုပ်ထွက်နှင့် Helio P22 Chipset သုံးထားတဲ့ LG K31 ကို ကြေညာ





