စမတ်ဖုန်းကုမ္ပဏီ အမြောက်အမြားတို့ဟာ Under-Display Camera ပါ စမတ်ဖုန်း ထုတ်လုပ်ရောင်းချရေးအတွက် အပြင်းအထန် လုပ်ဆောင်နေကြပါတယ်။ Under-Display Camera Technology က လာမယ့် 2021 ခုနှစ်ထွက် စမတ်ဖုန်းများမှာမှ အဆင်သင့်ဖြစ်လာမယ်လို့ အားလုံးက ယုံကြည်နေကြပါတယ်။

ဒါပေမယ့် ယနေ့ထွက်ပေါ်လာတဲ့ သတင်းအရ ZTE က Under-Display Camera Technology ပါ ကမ္ဘာ့ပထမဆုံးစမတ်ဖုန်းကို ကြေညာလာနိုင်တော့မှာဖြစ်ကြောင်း သိရပါတယ်။ ZTE Axon 20 5G မှာ ယင်းနည်းပညာကို ပထမဆုံး အသုံးပြုလာမယ်လို့ သိရပါတယ်။

ZTE ရဲ့ Mobile Devices ဥက္ကဌ နီဖေးက ZTE မှာ ကမ္ဘာ့ပထမဆုံး Under-Display Camera Technology ပါ စမတ်ဖုန်းကို ကြေညာလာမှာဖြစ်ကြောင်း ကြေညာလာပါတယ်။ ဒါပေမယ့် နီဖေးဟာ ယင်းစမတ်ဖုန်းအမည်ကို ဘယ်လိုခေါ်ဝေါ်လာမယ်၊ ယင်းစမတ်ဖုန်းကို ဘယ်တော့ကြေညာမယ်ဆိုတာကို မပြောသွားပါတယ်။ ဒါပေမယ့် မီဒီယာများရဲ့ ဖော်ပြချက်အရ Under-Display Camera Technology ပါဝင်လာမယ့် စမတ်ဖုန်းက ZTE Axon 20 5G ဖြစ်လာမယ်လို့ သိရပါတယ်။

ZTE ဟာ Axon 10 5G ကို 2020 ခုနှစ် အစောပိုင်းတုန်းက ကြေညာခဲ့တာကြောင့် Axon 20 5G ကို ယခုနှစ်ကုန်ပိုင်း (သို့မဟုတ်) လာမယ့် 2021 ခုနှစ် အစောပိုင်းတို့မှာ ကြေညာလာနိုင်ပါတယ်။

လက်ရှိအချိန်မှာ Under-Display Camera Technology ကို တရုတ်အခြေစိုက် Visionox က ဖန်တီးထားနိုင်ပြီဖြစ်ပြီး အကြီးအကျယ်ထုတ်လုပ်မှုများ ပြုလုပ်နေပြီ ဖြစ်ပါတယ်။ ZTE Axon 20 5G မှာ Visionox ရဲ့ Under-Display Camera ကို သုံးလာမလားဆိုတာ အတိအကျ မသိရသေးပါဘူး။

NetGuide Journal (Every Wednesday)

——————————————————————————————————

(Zawgyi Version)

ZTE Axon 20 5G မွာ Under-Display Camera ပါဝင္တဲ့ ကမာၻ႔ပထမဆုံးစမတ္ဖုန္း ျဖစ္လာမည္

စမတ္ဖုန္းကုမၸဏီ အေျမာက္အျမားတို႔ဟာ Under-Display Camera ပါ စမတ္ဖုန္း ထုတ္လုပ္ေရာင္းခ်ေရးအတြက္ အျပင္းအထန္ လုပ္ေဆာင္ေနၾကပါတယ္။ Under-Display Camera Technology က လာမယ့္ 2021 ခုႏွစ္ထြက္ စမတ္ဖုန္းမ်ားမွာမွ အဆင္သင့္ျဖစ္လာမယ္လို႔ အားလုံးက ယုံၾကည္ေနၾကပါတယ္။

ဒါေပမယ့္ ယေန႔ထြက္ေပၚလာတဲ့ သတင္းအရ ZTE က Under-Display Camera Technology ပါ ကမာၻ႔ပထမဆုံးစမတ္ဖုန္းကို ေၾကညာလာႏိုင္ေတာ့မွာျဖစ္ေၾကာင္း သိရပါတယ္။ ZTE Axon 20 5G မွာ ယင္းနည္းပညာကို ပထမဆုံး အသုံးျပဳလာမယ္လို႔ သိရပါတယ္။

ZTE ရဲ႕ Mobile Devices ဥကၠဌ နီေဖးက ZTE မွာ ကမာၻ႔ပထမဆုံး Under-Display Camera Technology ပါ စမတ္ဖုန္းကို ေၾကညာလာမွာျဖစ္ေၾကာင္း ေၾကညာလာပါတယ္။ ဒါေပမယ့္ နီေဖးဟာ ယင္းစမတ္ဖုန္းအမည္ကို ဘယ္လိုေခၚေဝၚလာမယ္၊ ယင္းစမတ္ဖုန္းကို ဘယ္ေတာ့ေၾကညာမယ္ဆိုတာကို မေျပာသြားပါတယ္။ ဒါေပမယ့္ မီဒီယာမ်ားရဲ႕ ေဖာ္ျပခ်က္အရ Under-Display Camera Technology ပါဝင္လာမယ့္ စမတ္ဖုန္းက ZTE Axon 20 5G ျဖစ္လာမယ္လို႔ သိရပါတယ္။

ZTE ဟာ Axon 10 5G ကို 2020 ခုႏွစ္ အေစာပိုင္းတုန္းက ေၾကညာခဲ့တာေၾကာင့္ Axon 20 5G ကို ယခုႏွစ္ကုန္ပိုင္း (သို႔မဟုတ္) လာမယ့္ 2021 ခုႏွစ္ အေစာပိုင္းတို႔မွာ ေၾကညာလာႏိုင္ပါတယ္။

လက္ရွိအခ်ိန္မွာ Under-Display Camera Technology ကို တ႐ုတ္အေျခစိုက္ Visionox က ဖန္တီးထားႏိုင္ၿပီျဖစ္ၿပီး အႀကီးအက်ယ္ထုတ္လုပ္မႈမ်ား ျပဳလုပ္ေနၿပီ ျဖစ္ပါတယ္။ ZTE Axon 20 5G မွာ Visionox ရဲ႕ Under-Display Camera ကို သုံးလာမလားဆိုတာ အတိအက် မသိရေသးပါဘူး။

NetGuide Journal (Every Wednesday)