Samsung Germany ဟာ Samsung Galaxy Note20 နှင့် Galaxy Tab S7 တို့အတွက် Enterprise Editions တို့ကို ကြေညာလာပါတယ်။ ယင်း Device များက စီးပွားရေးလုပ်ငန်းများအတွက် အဓိကပစ်မှတ်ထား ထုတ်လုပ်ထားတာဖြစ်ပြီး ဆော့ဝဲလ် Update လေးနှစ်အထိ ရရှိပါမယ်။ Samsung Galaxy Note20 Enterprise Edition က Samsung ရဲ့ ဒုတိယမြောက် Enterprise စမတ်ဖုန်းဖြစ်ပြီး Galaxy Tab S7 Enterprise Edition က ပထမဆုံး Enterprise Tablet ဖြစ်ပါတယ်။

Enterprise Edition Device များမှာ Samsung ရဲ့ Knox Suit ဝန်ဆောင်မှု အခမဲ့ တစ်နှစ်ပါဝင်ပါတယ်။ ယင်းဝန်ဆောင်မှုက ဖုန်းရဲ့လုံခြုံရေးကို အဓိကထားထားတာဖြစ်ပြီး Device ကိုလည်း များစွာထိန်းချုပ်နိုင်ပါမယ်။ ဒါ့အပြင် Knox Mobile Enrollment ၊ Knox Manage ၊ Knox Platform နှင့် Knox E-FOTA တို့လည်း ပါဝင်ပါတယ်။

Galaxy Note20 5G Enterprise Edition ကို ယူရို 1059 နှင့် Galaxy Tab S7 Enterprise Edition ကို ယူရို 809 သတ်မှတ်ထားပါတယ်။ ဒီ Device များကို လာမယ့် စက်တင်ဘာလမှာ Knox Deployyment Partner Program ပါတနာများထံမှ ဝယ်ယူနိုင်ပါမယ်။

NetGuide Journal (Every Wednesday)

——————————————————————————————————

(Zawgyi Version)

Samsung Galaxy Note20 ႏွင့္ Galaxy Tab S7 Enterprise Edition တို႔ကို ေၾကညာ

Samsung Germany ဟာ Samsung Galaxy Note20 ႏွင့္ Galaxy Tab S7 တို႔အတြက္ Enterprise Editions တို႔ကို ေၾကညာလာပါတယ္။ ယင္း Device မ်ားက စီးပြားေရးလုပ္ငန္းမ်ားအတြက္ အဓိကပစ္မွတ္ထား ထုတ္လုပ္ထားတာျဖစ္ၿပီး ေဆာ့ဝဲလ္ Update ေလးႏွစ္အထိ ရရွိပါမယ္။ Samsung Galaxy Note20 Enterprise Edition က Samsung ရဲ႕ ဒုတိယေျမာက္ Enterprise စမတ္ဖုန္းျဖစ္ၿပီး Galaxy Tab S7 Enterprise Edition က ပထမဆုံး Enterprise Tablet ျဖစ္ပါတယ္။

Enterprise Edition Device မ်ားမွာ Samsung ရဲ႕ Knox Suit ဝန္ေဆာင္မႈ အခမဲ့ တစ္ႏွစ္ပါဝင္ပါတယ္။ ယင္းဝန္ေဆာင္မႈက ဖုန္းရဲ႕လုံၿခဳံေရးကို အဓိကထားထားတာျဖစ္ၿပီး Device ကိုလည္း မ်ားစြာထိန္းခ်ဳပ္ႏိုင္ပါမယ္။ ဒါ့အျပင္ Knox Mobile Enrollment ၊ Knox Manage ၊ Knox Platform ႏွင့္ Knox E-FOTA တို႔လည္း ပါဝင္ပါတယ္။

Galaxy Note20 5G Enterprise Edition ကို ယူ႐ို 1059 ႏွင့္ Galaxy Tab S7 Enterprise Edition ကို ယူ႐ို 809 သတ္မွတ္ထားပါတယ္။ ဒီ Device မ်ားကို လာမယ့္ စက္တင္ဘာလမွာ Knox Deployyment Partner Program ပါတနာမ်ားထံမွ ဝယ္ယူႏိုင္ပါမယ္။

NetGuide Journal (Every Wednesday)