မကြာသေးမီတုန်းက iQOO က 2020 Deutsche Tourenwagen Masters (DTM) အတွက် BMW Motor M Motorsport နှင့် ပူးပေါင်းလိုက်ကြောင်း ကြေညာခဲ့ပါတယ်။ ယနေ့မှာ iQOO ဟာ iQOO 5 BMW Edition ရဲ့ ဒီဇိုင်းပါတဲ့ပိုစတာကို အွန်လိုင်းမှာ တင်လာပါတယ်။

iQOO 5 BMW Edition မှာ Kevlar Design သုံးထားတာတွေ့ရပြီး ဘယ်ထောင့်မှာ ကင်မရာသုံးလုံးပါဝင်တာ တွေ့ရပါတယ်။ ကျောဘက်ကင်မရာသုံးလုံးမှာ Periscope Camera လည်းပါဝင်ပြီး အပေါ်ဆုံးကင်မရာရဲ့ပတ်ပတ်လည်မှာ အပြာရောင်လိုင်းကွပ်ထားတာ တွေ့ရပါတယ်။ ကင်မရာသုံးလုံးရဲ့ဘေးမှာ LED Flash ကို ထည့်သွင်းထားပါတယ်။ ကျောဘက်မှာ အစင်းကြောင်းလိုင်းသုံးထားပြီး Fascination Meets Innovation ဆိုတဲ့စာသားကို ရေးသားထားပါတယ်။

ဖုန်းရဲ့ညာခြမ်းမှာ အသံအတိုးအချဲ့ခလုတ်နှင့် ပါဝါခလုတ်တို့ကို ထည့်သွင်းထားတာတွေ့ရပြီး ဘေးပတ်ပတ်လည်မှာ အပြာလိုင်းရောင်ပြန်ထည့်သွင်းထားတာ တွေ့ရပါတယ်။

iQOO ဟာ လာမယ့် ဩဂုတ်လ 17 ရက်နေ့မှာ iQOO 5 နှင့်အတူ iQOO5 BMW Edition ကိုလည်း ကြေညာလာပါမယ်။ iQOO 5 မှာ 120Hz AMOLED Screen ၊ In-Display Fingerprint Scanner ၊ 120W Fast Charging နှင့် Snapdragon 865 SoC တို့ အသုံးပြုလာပါမယ်။

NetGuide Journal (Every Wednesday)

——————————————————————————————————

(Zawgyi Version)

iQOO 5 BMW Edition ရဲ႕ ေက်ာဘက္ဒီဇိုင္းကို iQOO အတည္ျပဳလာ

မၾကာေသးမီတုန္းက iQOO က 2020 Deutsche Tourenwagen Masters (DTM) အတြက္ BMW Motor M Motorsport ႏွင့္ ပူးေပါင္းလိုက္ေၾကာင္း ေၾကညာခဲ့ပါတယ္။ ယေန႔မွာ iQOO ဟာ iQOO 5 BMW Edition ရဲ႕ ဒီဇိုင္းပါတဲ့ပိုစတာကို အြန္လိုင္းမွာ တင္လာပါတယ္။

iQOO 5 BMW Edition မွာ Kevlar Design သုံးထားတာေတြ႕ရၿပီး ဘယ္ေထာင့္မွာ ကင္မရာသုံးလုံးပါဝင္တာ ေတြ႕ရပါတယ္။ ေက်ာဘက္ကင္မရာသုံးလုံးမွာ Periscope Camera လည္းပါဝင္ၿပီး အေပၚဆုံးကင္မရာရဲ႕ပတ္ပတ္လည္မွာ အျပာေရာင္လိုင္းကြပ္ထားတာ ေတြ႕ရပါတယ္။ ကင္မရာသုံးလုံးရဲ႕ေဘးမွာ LED Flash ကို ထည့္သြင္းထားပါတယ္။ ေက်ာဘက္မွာ အစင္းေၾကာင္းလိုင္းသုံးထားၿပီး Fascination Meets Innovation ဆိုတဲ့စာသားကို ေရးသားထားပါတယ္။

ဖုန္းရဲ႕ညာျခမ္းမွာ အသံအတိုးအခ်ဲ႕ခလုတ္ႏွင့္ ပါဝါခလုတ္တို႔ကို ထည့္သြင္းထားတာေတြ႕ရၿပီး ေဘးပတ္ပတ္လည္မွာ အျပာလိုင္းေရာင္ျပန္ထည့္သြင္းထားတာ ေတြ႕ရပါတယ္။

iQOO ဟာ လာမယ့္ ဩဂုတ္လ 17 ရက္ေန႔မွာ iQOO 5 ႏွင့္အတူ iQOO5 BMW Edition ကိုလည္း ေၾကညာလာပါမယ္။ iQOO 5 မွာ 120Hz AMOLED Screen ၊ In-Display Fingerprint Scanner ၊ 120W Fast Charging ႏွင့္ Snapdragon 865 SoC တို႔ အသုံးျပဳလာပါမယ္။

NetGuide Journal (Every Wednesday)