Xiaomi ဟာ ကုမ္ပဏီ 10 နှစ်ပြည့် အထိမ်းအမှတ်အဖြစ် Xiaomi Mi 10 Ultra ကို ကြေညာခဲ့သလို Redmi K30 Ultra ကိုလည်း ကြေညာလာပါတယ်။ Redmi K30 Ultra ကိုMediaTekDimensity 1000+ Chipset နှင့် ပါဝါထောက်ပံ့ထားပါတယ်။ ဒီဖုန်းမှာ K30 Pro လိုဘဲ 120Hz Screen ၊ 33W Fast Charging တို့ ပါဝင်သလို သက်သာတဲ့ဈေးနှုန်းလည်း သတ်မှတ်ထားပါတယ်။ ကျန်တဲ့စနစ်အများစုကတော့ K30 Pro နှင့် အတူတူ ဖြစ်ပါတယ်။

Redmi K30 Ultra မှာ 6.67 လက်မ AMOLED FHD+ ရုပ်ထွက် သုံးထားပြီး 20MP Pop-up Selfie Camera ပါဝင်ပါတယ်။ ကျောဘက်ကင်မရာလေးလုံးမှာ အဓိက ကင်မရာက 64MP ဖြစ်ပါတယ်။ ကျန်ကျောဘက်ကင်မရာသုံးလုံးတို့က 13MP Ultrawide ၊ 5MP Macro နှင့် 2MP Depth တို့ ဖြစ်ပါတယ်။

MediaTekDimensity 1000+ SoC နှင့် ပါဝါထောက်ပံ့ထားပြီး RAM6/8GB တို့နှင့် ရွေးချယ်နိုင်ကာ Storage 128/256/512GB တို့နှင့် ရွေးချယ်နိုင်ပါမယ်။ ဘက်ထရီ 4500 mAh ပါဝင်ပြီး 33W Charger ကို ဗူးအတွင်းမှာ တစ်ပါတည်း ထည့်သွင်းပေးထားပါတယ်။ Android 10 အခြေပြု MIUI 12 ပါဝင်ကာ စတီရီယိုစပီကာများနှင့် Linear Vibration Motor တို့ ပါဝင်ပါတယ်။

Redmi K30 Ultra ရဲ့ 6/128GB ကို ဒေါ်လာ 287 ၊ 8/128GB ကို ဒေါ်လာ 316 ၊ 8/256GB ကို ဒေါ်လာ 360 နှင့် 8/512GB ကို ဒေါ်လာ 388 သတ်မှတ်ထားပါတယ်။ ဒီဖုန်းကို ဩဂုတ်လ 14 ရက်နေ့မှာ စတင်ရောင်းချသွားမှာဖြစ်ပြီး နိုင်ငံတကာဈေးကွက်မှာ ဘယ်တော့ရောင်းချလာမလဲ မသိရသေးပါဘူး။

NetGuide Journal (Every Wednesday)

——————————————————————————————————

(Zawgyi Version)

120Hz Screen ၊ Dimensity 1000+ Chipset အသုံးျပဳထားတဲ့ Redmi K30 Ultra ကို ေၾကညာ

Xiaomi ဟာ ကုမၸဏီ 10 ႏွစ္ျပည့္ အထိမ္းအမွတ္အျဖစ္ Xiaomi Mi 10 Ultra ကို ေၾကညာခဲ့သလို Redmi K30 Ultra ကိုလည္း ေၾကညာလာပါတယ္။ Redmi K30 Ultra ကိုMediaTekDimensity 1000+ Chipset ႏွင့္ ပါဝါေထာက္ပံ့ထားပါတယ္။ ဒီဖုန္းမွာ K30 Pro လိုဘဲ 120Hz Screen ၊ 33W Fast Charging တို႔ ပါဝင္သလို သက္သာတဲ့ေဈးႏႈန္းလည္း သတ္မွတ္ထားပါတယ္။ က်န္တဲ့စနစ္အမ်ားစုကေတာ့ K30 Pro ႏွင့္ အတူတူ ျဖစ္ပါတယ္။

Redmi K30 Ultra မွာ 6.67 လက္မ AMOLED FHD+ ႐ုပ္ထြက္ သုံးထားၿပီး 20MP Pop-up Selfie Camera ပါဝင္ပါတယ္။ ေက်ာဘက္ကင္မရာေလးလုံးမွာ အဓိက ကင္မရာက 64MP ျဖစ္ပါတယ္။ က်န္ေက်ာဘက္ကင္မရာသုံးလုံးတို႔က 13MP Ultrawide ၊ 5MP Macro ႏွင့္ 2MP Depth တို႔ ျဖစ္ပါတယ္။

MediaTekDimensity 1000+ SoC ႏွင့္ ပါဝါေထာက္ပံ့ထားၿပီး RAM6/8GB တို႔ႏွင့္ ေရြးခ်ယ္ႏိုင္ကာ Storage 128/256/512GB တို႔ႏွင့္ ေရြးခ်ယ္ႏိုင္ပါမယ္။ ဘက္ထရီ 4500 mAh ပါဝင္ၿပီး 33W Charger ကို ဗူးအတြင္းမွာ တစ္ပါတည္း ထည့္သြင္းေပးထားပါတယ္။ Android 10 အေျချပဳ MIUI 12 ပါဝင္ကာ စတီရီယိုစပီကာမ်ားႏွင့္ Linear Vibration Motor တို႔ ပါဝင္ပါတယ္။

Redmi K30 Ultra ရဲ႕ 6/128GB ကို ေဒၚလာ 287 ၊ 8/128GB ကို ေဒၚလာ 316 ၊ 8/256GB ကို ေဒၚလာ 360 ႏွင့္ 8/512GB ကို ေဒၚလာ 388 သတ္မွတ္ထားပါတယ္။ ဒီဖုန္းကို ဩဂုတ္လ 14 ရက္ေန႔မွာ စတင္ေရာင္းခ်သြားမွာျဖစ္ၿပီး ႏိုင္ငံတကာေဈးကြက္မွာ ဘယ္ေတာ့ေရာင္းခ်လာမလဲ မသိရေသးပါဘူး။

NetGuide Journal (Every Wednesday)