အမေရိကန်သမ္မတ ဒေါ်နယ်ထရန်းက တရုတ်ပိုင် ဗီဒီယိုတို မျှဝေတဲ့ App TikTok ကို အမေရိကန်တွင် ပိတ်ပင်သွားမှာဖြစ်ကြောင်း ကြေညာသွားပါတယ်။ ၎င်းက TikTok အား ပိတ်ပင်ရေးအထူးအမိန့်ကို လက်မှတ်ရေးထိုးသွားနိုင်ကြောင်း ပြောကြားလာတာလည်း ဖြစ်ပါတယ်။

အမေရိကန်လုံခြုံရေးအရာရှိများက တရုတ်ကုမ္ပဏီ ByteDance က ပိုင်ဆိုင်တဲ့ ယင်း App က အမေရိကန်နိုင်ငံများရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို ရယူသွားမှာကို စိုးရိမ်နေတာလည်း ဖြစ်ပါတယ်။

TikTok ကတော့ ၎င်းတို့ဟာ ထိန်းသိမ်းထားတဲ့ အသုံးပြုသူများရဲ့ အချက်အလက်များကို တရုတ်အစိုးရထံသို့ မျှဝေခြင်းမရှိကြောင်း ဆိုထားပါတယ်။ ကာလတိုအတွင်း အကြီးအကျယ် အောင်မြင်မှုရယူထားနိုင်တဲ့ TikTok ကို အမေရိကန်နိုင်ငံမှာ လစဉ်အသုံးပြုသူ သန်း 80 ကျော်အထိရှိပြီး တကယ်လို့များ ပိတ်ပင်မှုဖြစ်လာမယ်ဆိုရင်တော့ BythDance အတွက် ကြီးမားတဲ့ ထိုးနှက်ချက်တစ်ခုဖြစ်လာမှာ သေချာနေပါတယ်။

ဒါပေမယ့် အမေရိကန်အစိုးရဟာ TikTok ကို ဘယ်အချိန်မှာ ပိတ်ပင်သွားမလဲဆိုတာ မကြေညာသေးသလို တကယ်လို့ ပိတ်ပင်မှုဖြစ်လာမယ်ဆိုရင် တရားရုံးမှာ ဖြေရှင်းရမှုလည်း ဖြစ်လာဖို့ ရှိပါတယ်။ အခြားတစ်ဖက်မှာ Microsoft က BythDance ထံမှ ယင်း App ကို ဝယ်ယူဖို့ စီစဉ်နေကြောင်းလည်း သတင်းထွက်နေပေမယ့် အမေရိကန်အစိုးရက ခွင့်ပြုသွားဖို့ မရှိပါဘူး။

NetGuide Journal (Every Wednesday)

——————————————————————————————————

(Zawgyi Version)

TikTok ကို ပိတ္ပင္သြားမည္ဟု ေဒၚနယ္ထရန္း ေျပာၾကား

အေမရိကန္သမၼတ ေဒၚနယ္ထရန္းက တ႐ုတ္ပိုင္ ဗီဒီယိုတို မွ်ေဝတဲ့ App TikTok ကို အေမရိကန္တြင္ ပိတ္ပင္သြားမွာျဖစ္ေၾကာင္း ေၾကညာသြားပါတယ္။ ၎က TikTok အား ပိတ္ပင္ေရးအထူးအမိန႔္ကို လက္မွတ္ေရးထိုးသြားႏိုင္ေၾကာင္း ေျပာၾကားလာတာလည္း ျဖစ္ပါတယ္။

အေမရိကန္လုံၿခဳံေရးအရာရွိမ်ားက တ႐ုတ္ကုမၸဏီ ByteDance က ပိုင္ဆိုင္တဲ့ ယင္း App က အေမရိကန္ႏိုင္ငံမ်ားရဲ႕ ကိုယ္ေရးကိုယ္တာ အခ်က္အလက္မ်ားကို ရယူသြားမွာကို စိုးရိမ္ေနတာလည္း ျဖစ္ပါတယ္။

TikTok ကေတာ့ ၎တို႔ဟာ ထိန္းသိမ္းထားတဲ့ အသုံးျပဳသူမ်ားရဲ႕ အခ်က္အလက္မ်ားကို တ႐ုတ္အစိုးရထံသို႔ မွ်ေဝျခင္းမရွိေၾကာင္း ဆိုထားပါတယ္။ ကာလတိုအတြင္း အႀကီးအက်ယ္ ေအာင္ျမင္မႈရယူထားႏိုင္တဲ့ TikTok ကို အေမရိကန္ႏိုင္ငံမွာ လစဥ္အသုံးျပဳသူ သန္း 80 ေက်ာ္အထိရွိၿပီး တကယ္လို႔မ်ား ပိတ္ပင္မႈျဖစ္လာမယ္ဆိုရင္ေတာ့ BythDance အတြက္ ႀကီးမားတဲ့ ထိုးႏွက္ခ်က္တစ္ခုျဖစ္လာမွာ ေသခ်ာေနပါတယ္။

ဒါေပမယ့္ အေမရိကန္အစိုးရဟာ TikTok ကို ဘယ္အခ်ိန္မွာ ပိတ္ပင္သြားမလဲဆိုတာ မေၾကညာေသးသလို တကယ္လို႔ ပိတ္ပင္မႈျဖစ္လာမယ္ဆိုရင္ တရား႐ုံးမွာ ေျဖရွင္းရမႈလည္း ျဖစ္လာဖို႔ ရွိပါတယ္။ အျခားတစ္ဖက္မွာ Microsoft က BythDance ထံမွ ယင္း App ကို ဝယ္ယူဖို႔ စီစဥ္ေနေၾကာင္းလည္း သတင္းထြက္ေနေပမယ့္ အေမရိကန္အစိုးရက ခြင့္ျပဳသြားဖို႔ မရွိပါဘူး။

NetGuide Journal (Every Wednesday)