Apple Watch တို့က စမတ်နာရီဈေးကွက်မှာ ရောင်းအားအကောင်းဆုံး စမတ်နာရီများဖြစ်သလို အကောင်းဆုံးလို့လည်း အများစုက ဆိုကြတဲ့ စမတ်နာရီများ ဖြစ်ပါတယ်။ အထူးသဖြင့် ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ Apple ဟာ သူတို့ရဲ့ စမတ်နာရီမှာ ပိုမိုကောင်းသထက် ကောင်းမွန်တဲ့စနစ်များ၊ အသုံးအလွန်ဝင်တဲ့စနစ်များ၊ ကျန်းမာရေးစောင့်ရှောက်မှုစနစ်များ၊ အသက်စောင့်ရှောက်မှုစနစ်များ ထည့်သွင်းလာမှုနဲ့အတူ လူကြိုက်များကြတာလည်း ဖြစ်ပါတယ်။

ယနေ့ထွက်ပေါ်လာတဲ့ သတင်းအရ Apple Watch Series 6 မှာ သွေးထဲအောက်ဆီဂျင်ရှိမှုကို သိရှိနိုင်မယ့် spO2 Sensor နှင့် Sleep Tracking စနစ်တို့ ပါဝင်လာမှာဖြစ်ကြောင်း သိရပါတယ်။

Apple ဟာ iPhone 12 စီးရီးနှင့်အတူ Apple Watch Series 6 ကို ကြေညာလာမှာ ဖြစ်ပါတယ်။ အစောပိုင်း သတင်းများအရ iPhone 12 စီးရီးကို စက်တင်ဘာလ 8 ရက်နေ့မှာ မိတ်ဆက်လာမယ်လို့ သိရပါတယ်။

Apple Watch Series အတွက် spO2 Sensor နှင့် Sleep Tracking စနစ်တို့က အသစ်ဖြစ်ပေမယ့် အခြားစမတ်နာရီနှင့် စမတ်လက်ပတ်များမှာ ယင်းစနစ်ကို ထည့်သွင်းအသုံးပြုလာတာ ကြာမြင့်ပါပြီ။

NetGuide Journal (Every Wednesday)

——————————————————————————————————

(Zawgyi Version)

Apple Watch Series 6 တြင္ spO2 Sensor ႏွင့္ Sleep Tracking ပါဝင္လာမည္

Apple Watch တို႔က စမတ္နာရီေဈးကြက္မွာ ေရာင္းအားအေကာင္းဆုံး စမတ္နာရီမ်ားျဖစ္သလို အေကာင္းဆုံးလို႔လည္း အမ်ားစုက ဆိုၾကတဲ့ စမတ္နာရီမ်ား ျဖစ္ပါတယ္။ အထူးသျဖင့္ ၿပီးခဲ့တဲ့ႏွစ္ေတြအတြင္းမွာ Apple ဟာ သူတို႔ရဲ႕ စမတ္နာရီမွာ ပိုမိုေကာင္းသထက္ ေကာင္းမြန္တဲ့စနစ္မ်ား၊ အသုံးအလြန္ဝင္တဲ့စနစ္မ်ား၊ က်န္းမာေရးေစာင့္ေရွာက္မႈစနစ္မ်ား၊ အသက္ေစာင့္ေရွာက္မႈစနစ္မ်ား ထည့္သြင္းလာမႈနဲ႔အတူ လူႀကိဳက္မ်ားၾကတာလည္း ျဖစ္ပါတယ္။

ယေန႔ထြက္ေပၚလာတဲ့ သတင္းအရ Apple Watch Series 6 မွာ ေသြးထဲေအာက္ဆီဂ်င္ရွိမႈကို သိရွိႏိုင္မယ့္ spO2 Sensor ႏွင့္ Sleep Tracking စနစ္တို႔ ပါဝင္လာမွာျဖစ္ေၾကာင္း သိရပါတယ္။

Apple ဟာ iPhone 12 စီးရီးႏွင့္အတူ Apple Watch Series 6 ကို ေၾကညာလာမွာ ျဖစ္ပါတယ္။ အေစာပိုင္း သတင္းမ်ားအရ iPhone 12 စီးရီးကို စက္တင္ဘာလ 8 ရက္ေန႔မွာ မိတ္ဆက္လာမယ္လို႔ သိရပါတယ္။

Apple Watch Series အတြက္ spO2 Sensor ႏွင့္ Sleep Tracking စနစ္တို႔က အသစ္ျဖစ္ေပမယ့္ အျခားစမတ္နာရီႏွင့္ စမတ္လက္ပတ္မ်ားမွာ ယင္းစနစ္ကို ထည့္သြင္းအသုံးျပဳလာတာ ၾကာျမင့္ပါၿပီ။

NetGuide Journal (Every Wednesday)