Nokia အမှတ်တံဆိပ် စမတ်ဖုန်းများ ထုတ်လုပ်ရောင်းချနေတဲ့ HMD Global က လာမယ့် ဩဂုတ်လ 4 ရက်နေ့မှာ တရုတ်မှာ စမတ်ဖုန်းသစ်တစ်လုံးကို မိတ်ဆက်ဖို့ စီစဉ်ထားကြောင်း ကြေညာသွားပါတယ်။

HMD Global ဟာ တစ်နှစ်ကျော်ကာလအတွင်းမှာ တရုတ်မှာ ပထမဆုံးစမတ်ဖုန်း ကြေညာမှုလည်း ဖြစ်လာပါမယ်။ HMD Global က တရုတ်မှာ နောက်ဆုံးကြေညာခဲ့တဲ့ စမတ်ဖုန်းက Nokia X71 ဖြစ်ပြီး 2019 ခုနှစ် ၊ ဧပြီလတုန်းက ကြေညာခဲ့ပါတယ်။

HMD Global က တင်လာတဲ့ ပိုစတာအရ Nokia စမတ်ဖုန်းသစ်ရဲ့ ဘယ်ခြမ်းမှာ ခလုတ်တစ်ခုပါဝင်လာမှာဖြစ်ပြီး Google Assistant အတွက် ခလုတ်ဖြစ်လာဖို့ ရှိပါတယ်။

မကြာသေးမီတုန်းက Nokia စမတ်ဖုန်း Nokia TA-1258 (မော်ဒယ်နံပါတ်) ဟာ TENNA မှာ ထောက်ခံချက် ရရှိခဲ့ပါတယ်။ TENNA မှာ ဖော်ပြထားမှုအရ ယင်းဖုန်းကို 1.6GHz Octa-Core Processor နှင့် ပါဝါထောက်ပံ့ထားကြောင်း တွေ့ရပြီး တန်ဖိုးသင့် စမတ်ဖုန်းဖြစ်လာဖို့ ရှိပါတယ်။ RAM2GB နှင့် Storage 32GB ပါဝင်ပါမယ်။

ဒီဖုန်းမှာ မျက်နှာပြင် 6.99 လက်မ HD+ (720x1440px) LCD ရုပ်ထွက် သုံးလာပါမယ်။ 18:9 Aspect Ratio သုံးလာမှာဖြစ်ပြီး Notch ပါဝင်မလား၊ Punch-Hole သုံးလာမလားဆိုတာ အတိအကျ မပြောနိုင်ပါဘူး။ ယင်းဖုန်းမှာ ကျောဘက်ကင်မရာ 8MP နှင့် ရှေ့ကင်မရာ 5MP ပါဝင်သလို လက်ဗွေရာစနစ်ကို ကျောဘက်မှာ ထည့်သွင်းထားပါတယ်။ ဘက်ထရီ 3040 mAh ၊ Android 10 သုံးထားပါတယ်။

NetGuide Journal (Every Wednesday)

——————————————————————————————————

(Zawgyi Version)

ဩဂုတ္လ 4 ရက္တြင္ တန္ဖိုးသင့္ Nokia စမတ္ဖုန္းသစ္ကို ေၾကညာမည္

Nokia အမွတ္တံဆိပ္ စမတ္ဖုန္းမ်ား ထုတ္လုပ္ေရာင္းခ်ေနတဲ့ HMD Global က လာမယ့္ ဩဂုတ္လ 4 ရက္ေန႔မွာ တ႐ုတ္မွာ စမတ္ဖုန္းသစ္တစ္လုံးကို မိတ္ဆက္ဖို႔ စီစဥ္ထားေၾကာင္း ေၾကညာသြားပါတယ္။

HMD Global ဟာ တစ္ႏွစ္ေက်ာ္ကာလအတြင္းမွာ တ႐ုတ္မွာ ပထမဆုံးစမတ္ဖုန္း ေၾကညာမႈလည္း ျဖစ္လာပါမယ္။ HMD Global က တ႐ုတ္မွာ ေနာက္ဆုံးေၾကညာခဲ့တဲ့ စမတ္ဖုန္းက Nokia X71 ျဖစ္ၿပီး 2019 ခုႏွစ္ ၊ ဧၿပီလတုန္းက ေၾကညာခဲ့ပါတယ္။

HMD Global က တင္လာတဲ့ ပိုစတာအရ Nokia စမတ္ဖုန္းသစ္ရဲ႕ ဘယ္ျခမ္းမွာ ခလုတ္တစ္ခုပါဝင္လာမွာျဖစ္ၿပီး Google Assistant အတြက္ ခလုတ္ျဖစ္လာဖို႔ ရွိပါတယ္။

မၾကာေသးမီတုန္းက Nokia စမတ္ဖုန္း Nokia TA-1258 (ေမာ္ဒယ္နံပါတ္) ဟာ TENNA မွာ ေထာက္ခံခ်က္ ရရွိခဲ့ပါတယ္။ TENNA မွာ ေဖာ္ျပထားမႈအရ ယင္းဖုန္းကို 1.6GHz Octa-Core Processor ႏွင့္ ပါဝါေထာက္ပံ့ထားေၾကာင္း ေတြ႕ရၿပီး တန္ဖိုးသင့္ စမတ္ဖုန္းျဖစ္လာဖို႔ ရွိပါတယ္။ RAM2GB ႏွင့္ Storage 32GB ပါဝင္ပါမယ္။

ဒီဖုန္းမွာ မ်က္ႏွာျပင္ 6.99 လက္မ HD+ (720x1440px) LCD ႐ုပ္ထြက္ သုံးလာပါမယ္။ 18:9 Aspect Ratio သုံးလာမွာျဖစ္ၿပီး Notch ပါဝင္မလား၊ Punch-Hole သုံးလာမလားဆိုတာ အတိအက် မေျပာႏိုင္ပါဘူး။ ယင္းဖုန္းမွာ ေက်ာဘက္ကင္မရာ 8MP ႏွင့္ ေရွ႕ကင္မရာ 5MP ပါဝင္သလို လက္ေဗြရာစနစ္ကို ေက်ာဘက္မွာ ထည့္သြင္းထားပါတယ္။ ဘက္ထရီ 3040 mAh ၊ Android 10 သုံးထားပါတယ္။

NetGuide Journal (Every Wednesday)