ဩစတြေးလျအစိုးရဟာ Google ၊ Facebook စတဲ့ နည်းပညာကုမ္ပဏီများထံမှ သူတို့ရဲ့ပလက်ဖောင်းမှ သတင်းများအတွက် အခကြေးငွေပေးစေရန် စီစဉ်လိုက်ပါတယ်။ အွန်လိုင်းတွင် သတင်းထွက်ပေါ်မှု ကျယ်ပြန့်လာမှုနဲ့အတူ တစ်ကမ္ဘာလုံးမှ မီဒီယာလုပ်ငန်းများ အရှုံးပေါ်လျက်ရှိနေပြီး ယခုနှစ်တွင် ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှုနဲ့အတူ မီဒီယာလုပ်ငန်း အများအပြား ရပ်ဆိုင်းသွားခဲ့ရပါတယ်။

ဒါကြောင့်လည်း ဩစတြေးလျအစိုးရက Google ၊ Facebook တို့ကဲ့သို့ နည်းပညာကုမ္ပဏီများအနေဖြင့် မီဒီယာလုပ်ငန်းများကို သတင်းများအတွက် အခကြေးငွေပေးစေဖို့ စီစဉ်လာတာလည်း ဖြစ်ပါတယ်။ Google နှင့် Facebook တို့ကတော့ ဩစတြေးလျအစိုးရရဲ့ လုပ်ဆောင်မှုအပေါ် ဆန့်ကျင်နေပြီး ယင်းသို့ဖြစ်လာပါက ဩစတြေးလျ သတင်းဈေးကွက်မှ ထွက်ခွာမယ်လို့ ခြိမ်းခြောက်ထားကြပါတယ်။

ယင်းဥပဒေသာ ပြဌာန်းလာပါက မီဒီယာလုပ်ငန်းများအနေဖြင့် အခကြေးငွေနဲ့ပတ်သက်ပြီး Facebook ၊ Google တို့နှင့် ဆွေးနွေးမှုပြုလုပ်သွားရမှာဖြစ်ပြီး အဆင်မပြေပါက ဩစတြေးလျဆက်သွယ်ရေးနှင့် မီဒီယာအာဏာပိုင်တို့က ကြားဝင်ညှိနှိုင်းဆုံးဖြတ်ပေးပါမယ်။

လက်ရှိအချိန်မှာ ဩစတြေးလျအစိုးရဟာ Facebook နှင့် Google တို့ကို ပစ်မှတ်ထားကာ လုပ်ဆောင်နေတယ်ဆိုပေမယ့် အခြားနည်းပညာကုမ္ပဏီများကိုလည်း ပစ်မှတ်ထားလာဖို့ ရှိပါတယ်။

ဒါပေမယ့် တစ်ခုရှိတာကတော့ ယင်းဥပဒေပြဌာန်းဖို့အတွက် အနည်းဆုံး 1 နှစ်ကျော် အချိန်ယူရဦးမယ့်အချက် ဖြစ်ပါတယ်။

NetGuide Journal (Every Wednesday)

——————————————————————————————————

(Zawgyi Version)

သတင္းအတြက္ Google ႏွင့္ Facebook တို႔အား အခေၾကးေငြေပးေစရန္ ဩစေၾတးလ်စီစဥ္

ဩစေၾတးလ်အစိုးရဟာ Google ၊ Facebook စတဲ့ နည္းပညာကုမၸဏီမ်ားထံမွ သူတို႔ရဲ႕ပလက္ေဖာင္းမွ သတင္းမ်ားအတြက္ အခေၾကးေငြေပးေစရန္ စီစဥ္လိုက္ပါတယ္။ အြန္လိုင္းတြင္ သတင္းထြက္ေပၚမႈ က်ယ္ျပန႔္လာမႈနဲ႔အတူ တစ္ကမာၻလုံးမွ မီဒီယာလုပ္ငန္းမ်ား အ႐ံႈးေပၚလ်က္ရွိေနၿပီး ယခုႏွစ္တြင္ ကို႐ိုနာဗိုင္းရပ္စ္ ျဖစ္ပြားမႈနဲ႔အတူ မီဒီယာလုပ္ငန္း အမ်ားအျပား ရပ္ဆိုင္းသြားခဲ့ရပါတယ္။

ဒါေၾကာင့္လည္း ဩစေၾတးလ်အစိုးရက Google ၊ Facebook တို႔ကဲ့သို႔ နည္းပညာကုမၸဏီမ်ားအေနျဖင့္ မီဒီယာလုပ္ငန္းမ်ားကို သတင္းမ်ားအတြက္ အခေၾကးေငြေပးေစဖို႔ စီစဥ္လာတာလည္း ျဖစ္ပါတယ္။ Google ႏွင့္ Facebook တို႔ကေတာ့ ဩစေၾတးလ်အစိုးရရဲ႕ လုပ္ေဆာင္မႈအေပၚ ဆန႔္က်င္ေနၿပီး ယင္းသို႔ျဖစ္လာပါက ဩစေၾတးလ် သတင္းေဈးကြက္မွ ထြက္ခြာမယ္လို႔ ၿခိမ္းေျခာက္ထားၾကပါတယ္။

ယင္းဥပေဒသာ ျပဌာန္းလာပါက မီဒီယာလုပ္ငန္းမ်ားအေနျဖင့္ အခေၾကးေငြနဲ႔ပတ္သက္ၿပီး Facebook ၊ Google တို႔ႏွင့္ ေဆြးေႏြးမႈျပဳလုပ္သြားရမွာျဖစ္ၿပီး အဆင္မေျပပါက ဩစေၾတးလ်ဆက္သြယ္ေရးႏွင့္ မီဒီယာအာဏာပိုင္တို႔က ၾကားဝင္ညႇိႏႈိင္းဆုံးျဖတ္ေပးပါမယ္။

လက္ရွိအခ်ိန္မွာ ဩစေၾတးလ်အစိုးရဟာ Facebook ႏွင့္ Google တို႔ကို ပစ္မွတ္ထားကာ လုပ္ေဆာင္ေနတယ္ဆိုေပမယ့္ အျခားနည္းပညာကုမၸဏီမ်ားကိုလည္း ပစ္မွတ္ထားလာဖို႔ ရွိပါတယ္။

ဒါေပမယ့္ တစ္ခုရွိတာကေတာ့ ယင္းဥပေဒျပဌာန္းဖို႔အတြက္ အနည္းဆုံး 1 ႏွစ္ေက်ာ္ အခ်ိန္ယူရဦးမယ့္အခ်က္ ျဖစ္ပါတယ္။

NetGuide Journal (Every Wednesday)