LG ဟာ ယခုနှစ်နှောင်းပိုင်းမှာ 5G စမတ်ဖုန်း ထုတ်လုပ်ရောင်းချသွားဖို့ စီစဉ်ထားပါတယ်။ LG ဟာ 2020 ခုနှစ်၊ ဒုတိယသုံးလမှာ ကိုရိုနာဗိုင်းရပ်စ် ရိုက်ခတ်မှုနဲ့အတူ ယမန်နှစ်ကထက် ဝင်ငွေ 19 ရာခိုင်နှုန်း ကျဆင်းလာခဲ့ပါတယ်။

ဒါပေမယ့် LG ဟာ ပထမသုံးလနှင့် နှိုင်းယှဉ်ရင်တော့ ဝင်ငွေ 31 ရာခိုင်နှုန်းအထိ မြင့်တက်လာတာကြောင့် အခြေအနေ မဆိုးဘူးလို့ ဆိုရပါမယ်။ အထူးသဖြင့် LG ဟာ LG Velvet ကို ကြေညာရောင်းချမှုနှင့်အတူ ဝင်ငွေကောင်းမွန်လာခဲ့တာဆိုရင်လည်း မမှားပါဘူး။

LG ဟာ ယခုနှစ်နှောင်းပိုင်းမှာ ဒေါ်လာ 100 မှ ဒေါ်လာ 200 အတွင်း 5G စမတ်ဖုန်း ထုတ်လုပ်ရောင်းချဖို့ စီစဉ်နေတာဖြစ်တာဖြစ်ပြီး ထိပ်တန်းဈေးကွက်ဖြစ်တဲ့ တောင်ကိုရီးယား၊ တရုတ်ဈေးကွက်တို့မှာလည်း ရောင်းချဖို့ စီစဉ်ထားပါတယ်။

လက်ရှိအချိန်မှာ 5G စမတ်ဖုန်း ဈေးကွက်က ကြီးမားသထက် ကြီးမားလျက်ရှိပြီး ယခုနှောင်းပိုင်းမှာ စမတ်ဖုန်းကုမ္ပဏီအားလုံးနီးပါးတို့ဟာ 5G စမတ်ဖုန်းဘဲ သီးသန့်ထုတ်လုပ်ရောင်းချလာကြဖို့ ရှိပါတယ်။

NetGuide Journal (Every Wednesday)

——————————————————————————————————

(Zawgyi Version)

ယခုနှစ်နှောင်းပိုင်းမှာ ဈေးနှုန်းသက်သာတဲ့ 5G စမတ်ဖုန်း ထုတ်လုပ်ရောင်းချလာမယ့် LG




