Lenovo ဟာ ပါးလျပြီး အလွယ်တကူ သယ်ဆောင်သွားနိုင်တဲ့ Projector သစ်တစ်ခုကို ကြေညာလာပါတယ်။ Lenovo Air5 ကို ကြေညာလာတာ ဖြစ်ပါတယ်။

Lenovo Air5 က HD Projector ဖြစ်ပြီး 2600 lumens Light ပေးနိုင်ပြီး ဈေးနှုန်း ဒေါ်လာ 430 ဘဲ သတ်မှတ်ထားပါတယ်။ ဒါပေမယ့် အစောပိုင်း ဝယ်ယူသူများအား ဒေါ်လာ 400 ဖြင့် ရောင်းချသွားပါမယ်။

Lenovo Air5 က အလျား၊ အနံ 13.6 မီလီမီတာသာရှိပြီး iPhone 11 Pro ထက်တောင် သေးငယ်နေပါတယ်။ အလေးချိန်ကလည်း 688 ဂရမ်ဘဲရှိတာကြောင့် အလွယ်တကူ သယ်ဆောင်သွားနိုင်ပါမယ်။ Projector ကိုယ်ထည်ကို အလူမီနီယံနှင့် တည်ဆောက်ထားပြီး Remote လည်း ပါဝင်ပါတယ်။

Air5 မှာ LED Light Path လေးလိုင်းဒီဇိုင်းသုံးထားပြီး 1080p ရုပ်ထွက် ပေးနိုင်ပါတယ်။ USB Type C လည်း ပါဝင်တာကြောင့် စမတ်ဖုန်း၊ ကွန်ပျူတာ စတဲ့ အခြား Device များနှင့်လည်း ချိတ်ဆက်သုံးနိုင်ပါတယ်။ Android စမတ်ဖုန်းနဲ့ရော iPhone များနှင့်လည်း ချိတ်ဆက်သုံးနိုင်ပါတယ်။

NetGuide Journal (Every Wednesday)

——————————————————————————————————

(Zawgyi Version)

ေပါ့ပါးေသးငယ္တဲ့ Projector အျဖစ္ Lenovo Air5 ကို ေၾကညာ

Lenovo ဟာ ပါးလ်ၿပီး အလြယ္တကူ သယ္ေဆာင္သြားႏိုင္တဲ့ Projector သစ္တစ္ခုကို ေၾကညာလာပါတယ္။ Lenovo Air5 ကို ေၾကညာလာတာ ျဖစ္ပါတယ္။

Lenovo Air5 က HD Projector ျဖစ္ၿပီး 2600 lumens Light ေပးႏိုင္ၿပီး ေဈးႏႈန္း ေဒၚလာ 430 ဘဲ သတ္မွတ္ထားပါတယ္။ ဒါေပမယ့္ အေစာပိုင္း ဝယ္ယူသူမ်ားအား ေဒၚလာ 400 ျဖင့္ ေရာင္းခ်သြားပါမယ္။

Lenovo Air5 က အလ်ား၊ အနံ 13.6 မီလီမီတာသာရွိၿပီး iPhone 11 Pro ထက္ေတာင္ ေသးငယ္ေနပါတယ္။ အေလးခ်ိန္ကလည္း 688 ဂရမ္ဘဲရွိတာေၾကာင့္ အလြယ္တကူ သယ္ေဆာင္သြားႏိုင္ပါမယ္။ Projector ကိုယ္ထည္ကို အလူမီနီယံႏွင့္ တည္ေဆာက္ထားၿပီး Remote လည္း ပါဝင္ပါတယ္။

Air5 မွာ LED Light Path ေလးလိုင္းဒီဇိုင္းသုံးထားၿပီး 1080p ႐ုပ္ထြက္ ေပးႏိုင္ပါတယ္။ USB Type C လည္း ပါဝင္တာေၾကာင့္ စမတ္ဖုန္း၊ ကြန္ပ်ဴတာ စတဲ့ အျခား Device မ်ားႏွင့္လည္း ခ်ိတ္ဆက္သုံးႏိုင္ပါတယ္။ Android စမတ္ဖုန္းနဲ႔ေရာ iPhone မ်ားႏွင့္လည္း ခ်ိတ္ဆက္သုံးႏိုင္ပါတယ္။

NetGuide Journal (Every Wednesday)