အမေရိကန်အခြေစိုက် မိုဘိုင်းနှင့်ဗီဒီယို R & D ကုမ္ပဏီ InterDigital ဟာ တရုတ်အခြေစိုက် Xiaomi ဟာ နည်းပညာမူပိုင်ခွင့် ချိုးဖောက်မှုအတွက် Xiaomi ကို အိန္ဒိယမှာ တရားစွဲဆိုထားကြောင်း သိရပါတယ်။ InterDigital က Xiaomi ဟာ သူတို့ပိုင်ဆိုင်တဲ့ နည်းပညာနှစ်ခုကို အခကြေးငွေမပေးဘဲ ခိုးယူသုံးစွဲထားကြောင်း တရားစွဲထားတာလည်း ဖြစ်ပါတယ်။

InterDigital က တရားစွဲဆိုထားတဲ့ နည်းပညာမူပိုင်ခွင့်ထဲမှ တစ်ခုက အိန္ဒိယမှာ တင်ထားတဲ့ 3G နှင့် 4G နည်းပညာဖြစ်ပြီး ကျန်တစ်ခုက H.265/HEVC Indian နည်းပညာ ဖြစ်ပါတယ်။ InterDigital ဟာ နည်းပညာမူပိုင်ခွင့်အတွက် နစ်နာကြေးပေးရန် Xiaomi နှင့် ကာလရှည်ကြာဆွေးနွေးမှုများပြုလုပ်မှု အဆင်မပြေဖြစ်ပြီးနောက် တရားစွဲမှုပြုလုပ်လာတာဖြစ်ပြီး တရားစွဲဆိုမှုအား Delhi Hight Court မှာ တရားစွဲထားတာ ဖြစ်ပါတယ်။

Xiaomi ဟာ လက်ရှိအချိန်မှာ အိန္ဒိယ စမတ်ဖုန်းဈေးကွက်ရဲ့ နံပါတ်တစ်အဖြစ် ဈေးကွက် ရှယ်ယာ 29 ရာခိုင်နှုန်းဝန်းကျင်အထိ သိမ်းပိုက်ကာရပ်တည်နေတဲ့ကုမ္ပဏီ ဖြစ်ပါတယ်။

NetGuide Journal (Every Wednesday)

——————————————————————————————————

(Zawgyi Version)

နည်းပညာမူပိုင်ခွင့်ချိုးဖောက်မှုအတွက် Xiaomi ကို IntetDigital တရားစွဲ



