ဗြိတိန်တောင်ပိုင်းကမ်းခြေ ဘော့ဂ်နော်ရီဂျစ်တွင် နေထိုင်တဲ့ လူတစ်ဦးအပါအဝင် လူသုံးဦးတို့ဟာ Twitter ဟာ ဟက်မှုအတွက် အသီးသီး စွဲချက်တင်ခြင်းခံလိုက်ရကြောင်း အမေရိကန် တရားရေးရာဌာနက ကြေညာသွားပါတယ်။ ကယ်လီဖိုးနီးယား အာဏာပိုင်များက အသက် 19 နှစ်ရှိ မာဆင်ရှက်ပတ်ကို ကြီးမားတဲ့ ပြစ်ဒဏ်ချမှတ်နိုင်ဖို့အတွက် စွဲချက်တင်ထားကြပါတယ်။ ဗြိတိန်မှုခင်းတိုက်ဖျက်ရေးအေဂျင်စီကလည်း ရဲတပ်ဖွဲ့ဟာ သောကြာနေ့တုန်းက ရှက်ပတ်ရဲ့နေအိမ်ကို စီးနင်းရှာဖွေမှုပြုလုပ်ခဲ့ကြောင်း အတည်ပြုခဲ့ပါတယ်။

အခြားနှစ်ဦးက အမေရိကန်နိုင်ငံ၊ အော်လန်ဒိုမှ အသက် 22 နှစ်ရှိ နီမာဖာဇီလီနှင့် တမ်ပါမှ လူငယ်တစ်ဦးတို့ဖြစ်ပြီး ဖလိုရီဒါတွင် စွဲချက်တင်ခြင်း ခံထားရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် 15 ရက်နေ့က တွစ်တာသမိုင်းမှာ အကြီးမားဆုံးအဟက်ခံရမှုလို့ သတ်မှတ်ခံရနိုင်တဲ့အထိ အမေရိကန်မှ နာမည်ကျော်များရဲ့အကောင့်များ အဟက်ခံခဲ့ရပြီး Bitcoin ရယူဖို့ ကြိုးစားပါတယ်။

အဟက်ခံရတဲ့ လူများထဲမှာ အမေရိကန်သမ္မတဟောင်း ဘာရက်အိုဘားမား၊ Amazon ပိုင်ရှင် ဂျက်ဖ်ဘီဇော့စ်၊ စီးပွားရေးလုပ်ငန်းရှင် အီလွန်မတ်ရှ်၊ မိုက်ခရိုဆော့ဖ်တည်ထောင်သူ ဘီလ်ဂိတ်၊ ဒီမိုကရက်တစ် သမ္မတလောင်း ဂျိုးဘီဒန်နှင့် ကမ်ကာရှန်ဝက်စ်တို့လည်းပါဝင်ကာ Bitcoin အလှူခံခဲ့တာလည်း ဖြစ်ပါတယ်။

ဖမ်းဆီးခံထားရတဲ့ လူငယ်များဟာ စွဲချက်ပေါင်းများစွာဖြင့် တရားစွဲခံထားရပြီး အသက် 17 နှစ်အရွယ်ရှိ လူငယ်လေးမှာ စွဲချက် 17 ခုအထိ တင်ခြင်းခံထားရပါတယ်။

NetGuide Journal (Every Wednesday)

——————————————————————————————————

(Zawgyi Version)

တြစ္တာကို ဟက္မႈအတြက္ လူသုံးဦး ဖမ္းဆီးစြဲခ်က္တင္ျခင္းခံရ

ၿဗိတိန္ေတာင္ပိုင္းကမ္းေျခ ေဘာ့ဂ္ေနာ္ရီဂ်စ္တြင္ ေနထိုင္တဲ့ လူတစ္ဦးအပါအဝင္ လူသုံးဦးတို႔ဟာ Twitter ဟာ ဟက္မႈအတြက္ အသီးသီး စြဲခ်က္တင္ျခင္းခံလိုက္ရေၾကာင္း အေမရိကန္ တရားေရးရာဌာနက ေၾကညာသြားပါတယ္။ ကယ္လီဖိုးနီးယား အာဏာပိုင္မ်ားက အသက္ 19 ႏွစ္ရွိ မာဆင္ရွက္ပတ္ကို ႀကီးမားတဲ့ ျပစ္ဒဏ္ခ်မွတ္ႏိုင္ဖို႔အတြက္ စြဲခ်က္တင္ထားၾကပါတယ္။ ၿဗိတိန္မႈခင္းတိုက္ဖ်က္ေရးေအဂ်င္စီကလည္း ရဲတပ္ဖြဲ႕ဟာ ေသာၾကာေန႔တုန္းက ရွက္ပတ္ရဲ႕ေနအိမ္ကို စီးနင္းရွာေဖြမႈျပဳလုပ္ခဲ့ေၾကာင္း အတည္ျပဳခဲ့ပါတယ္။

အျခားႏွစ္ဦးက အေမရိကန္ႏိုင္ငံ၊ ေအာ္လန္ဒိုမွ အသက္ 22 ႏွစ္ရွိ နီမာဖာဇီလီႏွင့္ တမ္ပါမွ လူငယ္တစ္ဦးတို႔ျဖစ္ၿပီး ဖလိုရီဒါတြင္ စြဲခ်က္တင္ျခင္း ခံထားရပါတယ္။

ၿပီးခဲ့တဲ့ ဇူလိုင္ 15 ရက္ေန႔က တြစ္တာသမိုင္းမွာ အႀကီးမားဆုံးအဟက္ခံရမႈလို႔ သတ္မွတ္ခံရႏိုင္တဲ့အထိ အေမရိကန္မွ နာမည္ေက်ာ္မ်ားရဲ႕အေကာင့္မ်ား အဟက္ခံခဲ့ရၿပီး Bitcoin ရယူဖို႔ ႀကိဳးစားပါတယ္။

အဟက္ခံရတဲ့ လူမ်ားထဲမွာ အေမရိကန္သမၼတေဟာင္း ဘာရက္အိုဘားမား၊ Amazon ပိုင္ရွင္ ဂ်က္ဖ္ဘီေဇာ့စ္၊ စီးပြားေရးလုပ္ငန္းရွင္ အီလြန္မတ္ရွ္၊ မိုက္ခ႐ိုေဆာ့ဖ္တည္ေထာင္သူ ဘီလ္ဂိတ္၊ ဒီမိုကရက္တစ္ သမၼတေလာင္း ဂ်ိဳးဘီဒန္ႏွင့္ ကမ္ကာရွန္ဝက္စ္တို႔လည္းပါဝင္ကာ Bitcoin အလွဴခံခဲ့တာလည္း ျဖစ္ပါတယ္။

ဖမ္းဆီးခံထားရတဲ့ လူငယ္မ်ားဟာ စြဲခ်က္ေပါင္းမ်ားစြာျဖင့္ တရားစြဲခံထားရၿပီး အသက္ 17 ႏွစ္အရြယ္ရွိ လူငယ္ေလးမွာ စြဲခ်က္ 17 ခုအထိ တင္ျခင္းခံထားရပါတယ္။

NetGuide Journal (Every Wednesday)