OPPO ဟာ ထိုင်းမှာ ဂလိုဘယ်ဗားရှင်း OPPO Reno4 ကို ကြေညာလာပါတယ်။ OPPO Reno4 ကို ထိုင်းမှာ ကြိုတင်အမှာလက်ခံနေပြီ ဖြစ်ပါတယ်။
OPPO Reno4 မှာ Snapdragon 720G နှင့် ပါဝါထောက်ပံ့ထားပြီး ကျောဘက်ကင်မရာလေးလုံးပါဝင်ကာ ဒီဇိုင်းက OPPO Reno4 5G နှင့် တော်တော်တူပါတယ်။ ဒါပေမယ့် စတုတ္ထကင်မရာနှင့် LED Flash တို့ကို နေရာပြောင်းထားတာ တွေ့ရပါတယ်။
OPPO Reno4 မှာလည်း 6.4 လက်မ Full HD+ ရုပ်ထွက် သုံးထားပါတယ်။ Dual Punch-Hole သုံးထားပြီး အဓိက ကင်မရာက 32MP ဖြစ်ပါတယ်။ ဒုတိယကင်မရာက ဘာလဲဆိုတာ မဖော်ပြထားပါဘူး။ 2MP Depth Sensor ဖြစ်လာဖို့ ရှိပါတယ်။
Snapdragon 720G ၊ RAM8GB နှင့် ပါဝါထောက်ပံ့ထားကာ Storage 128GB နှင့် ထောက်ပံ့ထားပါတယ်။ Dual Nano-SIM ထောက်ပံ့ထားပါတယ်။ microSD ကနေ ထပ်တိုးနိုင်အောင်လည်း သုံးနိုင်ပါမယ်။
ဘက်ထရီ 4015 mAh ပါဝင်ကာ VOOC 4.0 ဖြင့် အားသွင်းနိုင်မှာဖြစ်လို့ 30W အထိ အားသွင်းနိုင်ပါမယ်။ USB Type C ၊ နားကြပ်ပေါက်တို့ကို ဖုန်းအောက်ခြေမှာ ထည့်သွင်းထားပါတယ်။ ဗူးအတွင်းမှာ နားကြပ်ကိုလည်း တစ်ပါတည်း ထည့်သွင်းပေးထားပါတယ်။
OPPO Reno4 ကို ဩဂုတ်လ 5 ရက်နေ့မှာ စတင်ရောင်းချသွားမှာဖြစ်ပြီး Galactic Blue ၊ Space Black အရောင်တို့နှင့် ရွေးချယ်နိုင်ပါမယ်။ ဒီဖုန်းကို ထိုင်းဘတ် 11990 သတ်မှတ်ထားပြီး ဒေါ်လာနှင့်ဆိုရင် ဒေါ်လာ 385 ဖြစ်ပါတယ်။
ကြိုတင်အမှာပြုလုပ်သူများဟာ JBL စပီကာတစ်လုံး ၊ ကျောပိုးအိတ် ၊ OPPO စပီကာ ၊ Marshal နားကြပ်တို့ကို လက်ဆောင်ရရှိပါမယ်။

NetGuide Journal (Every Wednesday)

——————————————————————————————————

(Zawgyi Version)

Snapdragon 720G ၊ VOOC 4.0 ပါဝင္တဲ့ ဂလိုဘယ္ဗားရွင္း OPPO Reno4 ကို ေၾကညာ

OPPO ဟာ ထိုင္းမွာ ဂလိုဘယ္ဗားရွင္း OPPO Reno4 ကို ေၾကညာလာပါတယ္။ OPPO Reno4 ကို ထိုင္းမွာ ႀကိဳတင္အမွာလက္ခံေနၿပီ ျဖစ္ပါတယ္။
OPPO Reno4 မွာ Snapdragon 720G ႏွင့္ ပါဝါေထာက္ပံ့ထားၿပီး ေက်ာဘက္ကင္မရာေလးလုံးပါဝင္ကာ ဒီဇိုင္းက OPPO Reno4 5G ႏွင့္ ေတာ္ေတာ္တူပါတယ္။ ဒါေပမယ့္ စတုတၳကင္မရာႏွင့္ LED Flash တို႔ကို ေနရာေျပာင္းထားတာ ေတြ႕ရပါတယ္။
OPPO Reno4 မွာလည္း 6.4 လက္မ Full HD+ ႐ုပ္ထြက္ သုံးထားပါတယ္။ Dual Punch-Hole သုံးထားၿပီး အဓိက ကင္မရာက 32MP ျဖစ္ပါတယ္။ ဒုတိယကင္မရာက ဘာလဲဆိုတာ မေဖာ္ျပထားပါဘူး။ 2MP Depth Sensor ျဖစ္လာဖို႔ ရွိပါတယ္။
Snapdragon 720G ၊ RAM8GB ႏွင့္ ပါဝါေထာက္ပံ့ထားကာ Storage 128GB ႏွင့္ ေထာက္ပံ့ထားပါတယ္။ Dual Nano-SIM ေထာက္ပံ့ထားပါတယ္။ microSD ကေန ထပ္တိုးႏိုင္ေအာင္လည္း သုံးႏိုင္ပါမယ္။
ဘက္ထရီ 4015 mAh ပါဝင္ကာ VOOC 4.0 ျဖင့္ အားသြင္းႏိုင္မွာျဖစ္လို႔ 30W အထိ အားသြင္းႏိုင္ပါမယ္။ USB Type C ၊ နားၾကပ္ေပါက္တို႔ကို ဖုန္းေအာက္ေျခမွာ ထည့္သြင္းထားပါတယ္။ ဗူးအတြင္းမွာ နားၾကပ္ကိုလည္း တစ္ပါတည္း ထည့္သြင္းေပးထားပါတယ္။
OPPO Reno4 ကို ဩဂုတ္လ 5 ရက္ေန႔မွာ စတင္ေရာင္းခ်သြားမွာျဖစ္ၿပီး Galactic Blue ၊ Space Black အေရာင္တို႔ႏွင့္ ေရြးခ်ယ္ႏိုင္ပါမယ္။ ဒီဖုန္းကို ထိုင္းဘတ္ 11990 သတ္မွတ္ထားၿပီး ေဒၚလာႏွင့္ဆိုရင္ ေဒၚလာ 385 ျဖစ္ပါတယ္။
ႀကိဳတင္အမွာျပဳလုပ္သူမ်ားဟာ JBL စပီကာတစ္လုံး ၊ ေက်ာပိုးအိတ္ ၊ OPPO စပီကာ ၊ Marshal နားၾကပ္တို႔ကို လက္ေဆာင္ရရွိပါမယ္။
NetGuide Journal (Every Wednesday)