OPPO ဟာ သူတို့ရဲ့ အလယ်အလတ်တန်းစီးရီး Reno စီးရီးရဲ့ စတုတ္ထမျိုးဆက်ကို ဂလိုဘယ်ဈေးကွက်မှာ ရောင်းချလာတော့မှာ ဖြစ်ပါတယ်။ OPPO Reno4 Pro က ယခင် Reno3 Pro နှင့် နှိုင်းယှဉ်ရင် ပိုကောင်းတဲ့ Chipset ၊ ရုပ်ထွက် ၊ ကင်မရာနှင့် ဘက်ထရီတို့ အသုံးပြုထားတာ တွေ့ရပါတယ်။ ဒါပေမယ့် တရုတ်ဈေးကွက်မှာ ရောင်းချတဲ့ OPPO Reno4 Pro ဗားရှင်းကိုတော့ ယှဉ်လို့မရပါဘူး။ တရုတ်ဗားရှင်းနှင့် ဂလိုဘယ်ဗားရှင်းတို့အကြားမှာ အဓိကစနစ်တွေ ကွဲပြားမှု ရှိပါတယ်။

OPPO Reno4 Pro မှာ 90Hz AMOLED ရုပ်ထွက် ၊ Snapdragon 720G Chipset ၊ 48MP အဓိက ကင်မရာ ၊ 65W Fast Charging ပါဝင်တာကြောင့် အတိုင်းအတာ တစ်ခုအထိတော့ ကောင်းမွန်တဲ့စမတ်ဖုန်း ဖြစ်နေပါတယ်။

6.5 လက်မ E3 Super AMOLED 1080x2400px Resolution ရုပ်ထွက် ထောက်ပံ့ထားပါတယ်။ ဒါ့အပြင် 90Hz Refresh Rate နှင့် 180Hz Touch Sampling Rate ထောက်ပံ့ထားပါတယ်။ အလင်းပေးမှု 1100 nits အထိ ရှိပါတယ်။ In-Display Fingerprint Scanner ပါဝင်ပါတယ်။ ဒီဖုန်းဖြင့် 1080p Content များကို Netflix မှာ ထောက်ပံ့ထားသလို Dolby Atmos လည်း ထောက်ပံ့ထားပါသေးတယ်။

ရုပ်ထွက်ပိုင်းက 55.9 ဒီဂရီကွေးနေပြီး ထောင့်ရုပ်ထွက်က ကြည့်ရတာ ကောင်းမွန်ပါတယ်။ Screen-to Body Ratio ကလည်း 92 ရာခိုင်နှုန်းအထိ ရှိပါတယ်။ ဖုန်းအထူက 7.7 မီလီမီတာသာရှိတဲ့အပြင် အလေးချိန် 161 ဂရမ် ရှိပါတယ်။

ကျောဘက်ကင်မရာလေးလုံး ပါဝင်တယ်ဆိုပေမယ့် တရုတ်ဗားရှင်း မလိုဘဲ 2x Telephoto မပါဝင်တော့ပါဘူး။ ယင်းအစား 2MP B & W ထည့်သွင်းထားပါတယ်။ အဓိက ကင်မရာက 48MP Sony IMX586 ဖြစ်ပြီး ကျန်ကင်မရာတို့က 8MP Ultrawideနှင့် 2MP Macro ဖြစ်ပါတယ်။

Snapdragon 720G နှင့် ပါဝါထောက်ပံ့ထားပါတယ်။ RAM8GB ပါဝင်ပြီး 128GB ၊ 256GB ဗားရှင်းတို့နှင့် ရွေးချယ်နိုင်ပါတယ်။ ဖုန်းပူလာမှု မဖြစ်လာစေဖို့အတွက် Graphite Tube ၊ Graphite Sheet ၊ Copper Foil တို့ ပါဝင်ပါတယ်။

ဘက်ထရီ 4000 mAh ပါဝင်ပြီး SuperVOOC 2.0 ဖြင့် အားသွင်းနိုင်ပါမယ်။ 65W ဖြင့် အားသွင်းနိုင်မှာဖြစ်ပြီး အားအပြည့်သွင်းဖို့ 36 မိနစ်ဘဲ အချိန်ယူရပါမယ်။ 5 မိနစ် အားသွင်းရုံဖြင့် YouTube 4 နာရီ ကြည့်နိုင်ပါမယ်။

OPPO Reno4 Pro ကို Starry Night ၊ Silky White အရောင်တို့ဖြင့် ရွေးချယ်နိုင်ပါမယ်။ OPPO Reno4 Pro ရဲ့ 8/128GB ကို ဩဂုတ်လ 5 ရက်နေ့မှာ အိန္ဒိယမှာ စတင်ရောင်းချသွားမှာဖြစ်ပြီး ဈေးနှုန်း ဒေါ်လာ 465 သတ်မှတ်ထားပါတယ်။ ပထမဆုံး ဝယ်ယူသူအယောက် 1000 ကို လက်ဆောင်ပေးသွားပါမယ်။ ဘယ်လက်ဆောင် ပေးသွားမလဲဆိုတာတော့ မသိပါဘူး။

NetGuide Journal (Every Wednesday)

——————————————————————————————————

(Zawgyi Version)

Snapdragon 720G ၊ 6.5 လက္မ 90Hz AMOLED မ်က္ႏွာျပင္ ၊ 65W Fast Charging ပါဝင္တဲ့ OPPO Reno4 Pro ကို ေၾကညာ

OPPO ဟာ သူတို႔ရဲ႕ အလယ္အလတ္တန္းစီးရီး Reno စီးရီးရဲ႕ စတုတၳမ်ိဳးဆက္ကို ဂလိုဘယ္ေဈးကြက္မွာ ေရာင္းခ်လာေတာ့မွာ ျဖစ္ပါတယ္။ OPPO Reno4 Pro က ယခင္ Reno3 Pro ႏွင့္ ႏႈိင္းယွဥ္ရင္ ပိုေကာင္းတဲ့ Chipset ၊ ႐ုပ္ထြက္ ၊ ကင္မရာႏွင့္ ဘက္ထရီတို႔ အသုံးျပဳထားတာ ေတြ႕ရပါတယ္။ ဒါေပမယ့္ တ႐ုတ္ေဈးကြက္မွာ ေရာင္းခ်တဲ့ OPPO Reno4 Pro ဗားရွင္းကိုေတာ့ ယွဥ္လို႔မရပါဘူး။ တ႐ုတ္ဗားရွင္းႏွင့္ ဂလိုဘယ္ဗားရွင္းတို႔အၾကားမွာ အဓိကစနစ္ေတြ ကြဲျပားမႈ ရွိပါတယ္။

OPPO Reno4 Pro မွာ 90Hz AMOLED ႐ုပ္ထြက္ ၊ Snapdragon 720G Chipset ၊ 48MP အဓိက ကင္မရာ ၊ 65W Fast Charging ပါဝင္တာေၾကာင့္ အတိုင္းအတာ တစ္ခုအထိေတာ့ ေကာင္းမြန္တဲ့စမတ္ဖုန္း ျဖစ္ေနပါတယ္။

6.5 လက္မ E3 Super AMOLED 1080x2400px Resolution ႐ုပ္ထြက္ ေထာက္ပံ့ထားပါတယ္။ ဒါ့အျပင္ 90Hz Refresh Rate ႏွင့္ 180Hz Touch Sampling Rate ေထာက္ပံ့ထားပါတယ္။ အလင္းေပးမႈ 1100 nits အထိ ရွိပါတယ္။ In-Display Fingerprint Scanner ပါဝင္ပါတယ္။ ဒီဖုန္းျဖင့္ 1080p Content မ်ားကို Netflix မွာ ေထာက္ပံ့ထားသလို Dolby Atmos လည္း ေထာက္ပံ့ထားပါေသးတယ္။

႐ုပ္ထြက္ပိုင္းက 55.9 ဒီဂရီေကြးေနၿပီး ေထာင့္႐ုပ္ထြက္က ၾကည့္ရတာ ေကာင္းမြန္ပါတယ္။ Screen-to Body Ratio ကလည္း 92 ရာခိုင္ႏႈန္းအထိ ရွိပါတယ္။ ဖုန္းအထူက 7.7 မီလီမီတာသာရွိတဲ့အျပင္ အေလးခ်ိန္ 161 ဂရမ္ ရွိပါတယ္။

ေက်ာဘက္ကင္မရာေလးလုံး ပါဝင္တယ္ဆိုေပမယ့္ တ႐ုတ္ဗားရွင္း မလိုဘဲ 2x Telephoto မပါဝင္ေတာ့ပါဘူး။ ယင္းအစား 2MP B & W ထည့္သြင္းထားပါတယ္။ အဓိက ကင္မရာက 48MP Sony IMX586 ျဖစ္ၿပီး က်န္ကင္မရာတို႔က 8MP Ultrawideႏွင့္ 2MP Macro ျဖစ္ပါတယ္။

Snapdragon 720G ႏွင့္ ပါဝါေထာက္ပံ့ထားပါတယ္။ RAM8GB ပါဝင္ၿပီး 128GB ၊ 256GB ဗားရွင္းတို႔ႏွင့္ ေရြးခ်ယ္ႏိုင္ပါတယ္။ ဖုန္းပူလာမႈ မျဖစ္လာေစဖို႔အတြက္ Graphite Tube ၊ Graphite Sheet ၊ Copper Foil တို႔ ပါဝင္ပါတယ္။

ဘက္ထရီ 4000 mAh ပါဝင္ၿပီး SuperVOOC 2.0 ျဖင့္ အားသြင္းႏိုင္ပါမယ္။ 65W ျဖင့္ အားသြင္းႏိုင္မွာျဖစ္ၿပီး အားအျပည့္သြင္းဖို႔ 36 မိနစ္ဘဲ အခ်ိန္ယူရပါမယ္။ 5 မိနစ္ အားသြင္း႐ုံျဖင့္ YouTube 4 နာရီ ၾကည့္ႏိုင္ပါမယ္။

OPPO Reno4 Pro ကို Starry Night ၊ Silky White အေရာင္တို႔ျဖင့္ ေရြးခ်ယ္ႏိုင္ပါမယ္။ OPPO Reno4 Pro ရဲ႕ 8/128GB ကို ဩဂုတ္လ 5 ရက္ေန႔မွာ အိႏၵိယမွာ စတင္ေရာင္းခ်သြားမွာျဖစ္ၿပီး ေဈးႏႈန္း ေဒၚလာ 465 သတ္မွတ္ထားပါတယ္။ ပထမဆုံး ဝယ္ယူသူအေယာက္ 1000 ကို လက္ေဆာင္ေပးသြားပါမယ္။ ဘယ္လက္ေဆာင္ ေပးသြားမလဲဆိုတာေတာ့ မသိပါဘူး။

NetGuide Journal (Every Wednesday)