Xiaomi ဟာ Redmi K30 Pro ကို အနည်းဆုံး အဆင့်နိမ့်တဲ့ဗားရှင်းအား ထုတ်လုပ်ရောင်းချဖို့ လုပ်ဆောင်နေပါတယ်။ အစောပိုင်း သတင်းများအရ ယင်းဖုန်းအမည်က Redmi K30 Ultra ဖြစ်လာမယ်လို့ သိရပါတယ်။ ဖုန်းသစ်ရဲ့ မော်ဒယ်နံပါတ်က M2006J10C ဖြစ်ပြီး ယနေ့မှာ TENNA မှာ ထောက်ခံချက်ရယူလာပြီ ဖြစ်ပါတယ်။ TENNA မှာ Redmi K30 Ultra မှာ သုံးထားတဲ့စနစ်များနှင့် ဓာတ်ပုံများကို ဖော်ပြထားပါတယ်။ Ultra နှင့် Pro တို့အကြားမှာ သုံးထားတဲ့စနစ်နှင့် ဒီဇိုင်းတော်တော်များများက တူပေမယ့် ကွဲပြားမှုကလည်း ရှိပါတယ်။ အဓိက ကွဲပြားတာကတော့ Redmi K30 Pro မှာ Snapdragon 865 သုံးထားပေမယ့် Ultra မှာ MediaTek သုံးလာဖို့ ရှိပါတယ်။

Redmi K30 Ultra ကိုလည်း 2.6GHz CPU နှင့် ပါဝါထောက်ပံ့ထားပြီး Dimensity 1000+ ဖြစ်လာဖို့ ရှိပါတယ်။ 6/8/12GB RAM ၊ 128/256/512GB တို့နှင့် ရွေးချယ်နိုင်ပါမယ်။

Redmi K30 Pro ၊ Redmi K30 Pro Zoom တို့လိုဘဲ အဓိက ကင်မရာက 64MP ဖြစ်ပါတယ်။ ရှေ့ကင်မရာ 20MP ကို Pop-Up စနစ်မှာ ထည့်သွင်းထားပါတယ်။

JD.com ရဲ့ နွေရာသီအရောင်းစာရင်းပြက္ခဒိန်အရ Redmi ဟာ လာမယ့် ဩဂုတ်လ 14 ရက်နေ့မှာ စမတ်ဖုန်းသစ်တစ်လုံးကို မိတ်ဆက်မယ်လို့ ဆိုထားပါတယ်။ ဒါကြောင့် Redmi K30 Ultra ကို ဩဂုတ်လ 14 ရက်နေ့မှာ မိတ်ဆက်လာဖို့ ရှိပါတယ်။

NetGuide Journal (Every Wednesday)

——————————————————————————————————

(Zawgyi Version)

Redmi K30 Ultra ကို TENNA မှာ တင်လာပြီဖြစ်ပြီး ဩဂုတ်လ 14 ရက်မှာ မိတ်ဆက်လာဖွယ်ရှိ




