Apple ဟာ iPhone 12 စီးရီး ရောင်းချမှုကို အနည်းငယ်နောက်ကျပြီးမှ ပြုလုပ်နိုင်မယ်လို့ သတင်းထွက်ပေါ်ထားတာ ကြာပါပြီ။ ယနေ့မှာတော့ Apple ရဲ့ CFO လူကာမေစထရီက iPhone 12 စီးရီးကို ရက်သတ္တပတ် အနည်းငယ်နောက်ကျပြီးမှ ရောင်းချနိုင်မှာဖြစ်ကြောင်း အတည်ပြုလာပြီ ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် Apple ဟာ iPhone များကို စက်တင်ဘာလနှောင်းပိုင်းမှာ ရောင်းချပေမယ့် ယခုနှစ်မှာတော့ အောက်တိုဘာလမှာမှ ရောင်းချနိုင်မယ့် အနေအထားမှာ ရှိပါတယ်။

ဒါပေမယ့်လည်း Apple ဟာ iPhone 12 စီးရီးကို ယခင်နှစ်များတုန်းကလိုဘဲ စက်တင်ဘာလမှာဘဲ ကြေညာလာဖို့ ရှိပါတယ်။ အစောပိုင်း သတင်းအရ Apple ဟာ iPhone 12 စီးရီးကို စက်တင်ဘာလ 8 ရက်နေ့မှာ မိတ်ဆက်မယ်လို့ သိရပါတယ်။

Apple ဟာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဒီဇိုင်းဖန်တီးမှုနောက်ကျခြင်း၊ လိုအပ်တဲ့အစိတ်အပိုင်းများ အချိန်မီ မရရှိခြင်း၊ ထုတ်လုပ်မှုပိုင်း နောက်ကျခြင်းတို့ကြောင့် ယင်းသို့ အောက်တိုဘာလမှာမှ ရောင်းချနိုင်မယ့် အနေအထားမှာ ရှိပါတယ်။

Apple ဟာ iPhone 12 စီးရီးအဖြစ် iPhone 4 မျိုး ထုတ်လုပ်ရောင်းချသွားပါမယ်။ မျက်နှာပြင် 5.4 လက်မ iPhone 12 ၊ 6.1 လက်မ မျက်နှာပြင်သုံး iPhone 12 Max နှင့် iPhone 12 Pro နှင့် 6.7 လက်မ iPhone 12 Pro Max တို့ကို ကြေညာရောင်းချသွားမှာ ဖြစ်ပါတယ်။ Pro ဗားရှင်းတို့မှာ ကျောဘက်ကင်မရာလေးလုံးအထိ ပါဝင်လာနိုင်ပြီး ဖုန်းအားလုံးကို A14 Chipset နှင့် ပါဝါထောက်ပံ့လာပါမယ်။

NetGuide Journal (Every Wednesday)

——————————————————————————————————

(Zawgyi Version)

iPhone 12 စီးရီးေရာင္းခ်မႈ အနည္းငယ္ေရြ႕ဆိုင္းရမယ္ဆိုတဲ့ သတင္းကို Apple အတည္ျပဳ

Apple ဟာ iPhone 12 စီးရီး ေရာင္းခ်မႈကို အနည္းငယ္ေနာက္က်ၿပီးမွ ျပဳလုပ္ႏိုင္မယ္လို႔ သတင္းထြက္ေပၚထားတာ ၾကာပါၿပီ။ ယေန႔မွာေတာ့ Apple ရဲ႕ CFO လူကာေမစထရီက iPhone 12 စီးရီးကို ရက္သတၱပတ္ အနည္းငယ္ေနာက္က်ၿပီးမွ ေရာင္းခ်ႏိုင္မွာျဖစ္ေၾကာင္း အတည္ျပဳလာၿပီ ျဖစ္ပါတယ္။ ပုံမွန္အားျဖင့္ Apple ဟာ iPhone မ်ားကို စက္တင္ဘာလေႏွာင္းပိုင္းမွာ ေရာင္းခ်ေပမယ့္ ယခုႏွစ္မွာေတာ့ ေအာက္တိုဘာလမွာမွ ေရာင္းခ်ႏိုင္မယ့္ အေနအထားမွာ ရွိပါတယ္။

ဒါေပမယ့္လည္း Apple ဟာ iPhone 12 စီးရီးကို ယခင္ႏွစ္မ်ားတုန္းကလိုဘဲ စက္တင္ဘာလမွာဘဲ ေၾကညာလာဖို႔ ရွိပါတယ္။ အေစာပိုင္း သတင္းအရ Apple ဟာ iPhone 12 စီးရီးကို စက္တင္ဘာလ 8 ရက္ေန႔မွာ မိတ္ဆက္မယ္လို႔ သိရပါတယ္။

Apple ဟာ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ဒီဇိုင္းဖန္တီးမႈေနာက္က်ျခင္း၊ လိုအပ္တဲ့အစိတ္အပိုင္းမ်ား အခ်ိန္မီ မရရွိျခင္း၊ ထုတ္လုပ္မႈပိုင္း ေနာက္က်ျခင္းတို႔ေၾကာင့္ ယင္းသို႔ ေအာက္တိုဘာလမွာမွ ေရာင္းခ်ႏိုင္မယ့္ အေနအထားမွာ ရွိပါတယ္။

Apple ဟာ iPhone 12 စီးရီးအျဖစ္ iPhone 4 မ်ိဳး ထုတ္လုပ္ေရာင္းခ်သြားပါမယ္။ မ်က္ႏွာျပင္ 5.4 လက္မ iPhone 12 ၊ 6.1 လက္မ မ်က္ႏွာျပင္သုံး iPhone 12 Max ႏွင့္ iPhone 12 Pro ႏွင့္ 6.7 လက္မ iPhone 12 Pro Max တို႔ကို ေၾကညာေရာင္းခ်သြားမွာ ျဖစ္ပါတယ္။ Pro ဗားရွင္းတို႔မွာ ေက်ာဘက္ကင္မရာေလးလုံးအထိ ပါဝင္လာႏိုင္ၿပီး ဖုန္းအားလုံးကို A14 Chipset ႏွင့္ ပါဝါေထာက္ပံ့လာပါမယ္။

NetGuide Journal (Every Wednesday)