Google Pixel 4a နှင့်ပတ်သက်ပြီး သတင်းတွေ ထွက်ပေါ်လာခဲ့တာ လအတန်ကြာမြင့်လာခဲ့ပြီ ဖြစ်ပါတယ်။ အစောပိုင်းတုန်းက Google Pixel 4a ကို မေလတုန်းက ကျင်းပတဲ့ Google I/O မှာ မိတ်ဆက်မယ်လို့ သတင်းထွက်ခဲ့မပမယ့် မကြေညာခဲ့ပါဘူး။ ယနေ့မှာတော့ Google ဟာ Google Pixel 4a ကို မိတ်ဆက်မယ့်ရက်အား အတည်ပြုလာပြီ ဖြစ်ပါတယ်။ Google Pixel 4a ကို လာမယ့် ဩဂုတ်လ 3 ရက်နေ့မှာ မိတ်ဆက်သွားတော့မှာ ဖြစ်ပါတယ်။

Google Pixel 4a ကို ဩဂုတ်လ 3 ရက်နေ့မှာ မိတ်ဆက်လာမယ်ဆိုပေမယ့် ဒီဖုန်းမှာ အသုံးပြုလာမယ့်စနစ်များက ပြီးခဲ့တဲ့ လတွေအတွင်းမှာ အကြိမ်ကြိမ်ပေါက်ကြားခဲ့ဖူးပြီး ဖြစ်ပါတယ်။

Google Pixel 4a မှာ 5.81 လက်မ IPS LCD 1080x2340px Resolution ရုပ်ထွက်၊ Qualcomm Snapdragon 730 ၊ RAM4GB ပါဝင်လာပါမယ်။ Storage 64GB နှင့် 128GB တို့ကို ရွေးချယ်နိုင်ပါမယ်။ ကျောဘက်ကင်မရာက 12.2MP ဖြစ်ပြီး ရှေ့ကင်မရာက 8MP ဖြစ်ပါတယ်။ ဘက်ထရီ 3080 mAh ပါဝင်ကာ 18W ဖြင့် အားသွင်းနိုင်ပါမယ်။

NetGuide Journal (Every Wednesday)

——————————————————————————————————

(Zawgyi Version)

Google Pixel 4a ကို ဩဂုတ်လ 3 ရက်နေ့တွင် မိတ်ဆက်မည်



