Huawei က 2020 ခုနှစ် ဒုတိယသုံးလမှာ စမတ်ဖုန်းရောင်းအား အကောင်းဆုံးစမတ်ဖုန်းကုမ္ပဏီအဖြစ် ရပ်တည်လာနိုင်ပါတယ်။ LG ကတော့ အရှုံးပေါ်ခဲ့ပါတယ်။ ယနေ့မှာ Samsung ဟာလည်း 2020 ခုနှစ် ၊ ဒုတိယသုံးလအခြေအနေကို ထုတ်ပြန်လာပါတယ်။ Samsung ဟာ COVID-19 ကြောင့် စမတ်ဖုန်းရောင်းအား ကျဆင်းသွားပေမယ့်လည်း အားလုံးခြုံကြည့်ရင် ကောင်းမွန်တဲ့ သုံးလတာကို ပိုင်ဆိုင်ခဲ့တာ တွေ့ရပါတယ်။ အထူးသဖြင့် Samsung ဟာ စမတ်ဖုန်းရောင်းအားနှင့် Memory Chip ရောင်းအား မြင့်မားလာမှုနဲ့အတူ အခြေအနေ ကောင်းခဲ့ပါတယ်။ တောင်ကိုရီးယားကုမ္ပဏီဟာ ယမန်နှစ် ဒုတိယသုံးလနှင့် နှိုင်းယှဉ်ရင် ဝင်ငွေ 20 ရာခိုင်နှုန်း ကျဆင်းသွားပေမယ့်လည်း အမြတ်ငွေပိုင်းမှာတော့ ပိုရရှိလာခဲ့ပါတယ်။

Samsung ရဲ့ IT and Mobile Communications Division ဟာ ဝင်ငွေ ဒေါ်လာ 17.3 ဘီလီယမ်အထိ ရရှိခဲ့ပြီး အမြတ်ငွေ 1.63 ဘီလီယမ် ရရှိခဲ့ပါတယ်။ ယင်းပမာဏက 2019 ခုနှစ်၊ ဧပြီလမှ ဇွန်လအထိ သုံးလနှင့်နှိုင်းယှဉ်ရင် အမြတ်ငွေ 25 ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ပါတယ်။

Samsung ရဲ့ အဓိက ဈေးကွက်များဖြစ်တဲ့ မြောက်အမေရိကဈေးကွက်နှင့် ဥရောပဈေးကွက်တို့ဟာ ဒုတိယသုံးလအတွင်းမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် Lockdown ချထားမှုကြောင့် စမတ်ဖုန်းရောင်းအားကျခဲ့ပေမယ့် ၎င်းတို့ဟာ Marketing စရိတ်၊ အော့ဖ်လိုင်းပရိုမိုးရှင်းစရိတ်များကို လျှော့ချနိုင်တာကြောင့် အမြတ်ငွေ မြင့်တက်ခဲ့တာလည်း ဖြစ်ပါတယ်။

Samsung ဟာ 2020 ခုနှစ် တတိယသုံးလမှာတော့ ဒုတိယသုံးလထက် အခြေအနေကောင်းလာဖို့ ရှိပါတယ်။ ၎င်းတို့ဟာ လာမယ့် ဩဂုတ်လ 5 ရက်နေ့မှာ Galaxy Note20 စီးရီးကို ကြေညာလာဦးမှာဖြစ်ပြီး ဝင်ငွေလျှော့ကျမှုကို များစွာပြန်လည်ဖာထေးလာနိုင်ဖို့ ရှိနေပါတယ်။

NetGuide Journal (Every Wednesday)

——————————————————————————————————

(Zawgyi Version)

COVID-19 ႐ိုက္ခတ္မႈ ႀကီးမားေပမယ့္ Chipset ႏွင့္ စမတ္ဖုန္းေရာင္းခ်မႈမွ Samsung အျမတ္မ်ားစြာရရွိ

Huawei က 2020 ခုႏွစ္ ဒုတိယသုံးလမွာ စမတ္ဖုန္းေရာင္းအား အေကာင္းဆုံးစမတ္ဖုန္းကုမၸဏီအျဖစ္ ရပ္တည္လာႏိုင္ပါတယ္။ LG ကေတာ့ အ႐ံႈးေပၚခဲ့ပါတယ္။ ယေန႔မွာ Samsung ဟာလည္း 2020 ခုႏွစ္ ၊ ဒုတိယသုံးလအေျခအေနကို ထုတ္ျပန္လာပါတယ္။ Samsung ဟာ COVID-19 ေၾကာင့္ စမတ္ဖုန္းေရာင္းအား က်ဆင္းသြားေပမယ့္လည္း အားလုံးၿခဳံၾကည့္ရင္ ေကာင္းမြန္တဲ့ သုံးလတာကို ပိုင္ဆိုင္ခဲ့တာ ေတြ႕ရပါတယ္။ အထူးသျဖင့္ Samsung ဟာ စမတ္ဖုန္းေရာင္းအားႏွင့္ Memory Chip ေရာင္းအား ျမင့္မားလာမႈနဲ႔အတူ အေျခအေန ေကာင္းခဲ့ပါတယ္။ ေတာင္ကိုရီးယားကုမၸဏီဟာ ယမန္ႏွစ္ ဒုတိယသုံးလႏွင့္ ႏႈိင္းယွဥ္ရင္ ဝင္ေငြ 20 ရာခိုင္ႏႈန္း က်ဆင္းသြားေပမယ့္လည္း အျမတ္ေငြပိုင္းမွာေတာ့ ပိုရရွိလာခဲ့ပါတယ္။

Samsung ရဲ႕ IT and Mobile Communications Division ဟာ ဝင္ေငြ ေဒၚလာ 17.3 ဘီလီယမ္အထိ ရရွိခဲ့ၿပီး အျမတ္ေငြ 1.63 ဘီလီယမ္ ရရွိခဲ့ပါတယ္။ ယင္းပမာဏက 2019 ခုႏွစ္၊ ဧၿပီလမွ ဇြန္လအထိ သုံးလႏွင့္ႏႈိင္းယွဥ္ရင္ အျမတ္ေငြ 25 ရာခိုင္ႏႈန္းအထိ ျမင့္တက္လာခဲ့ပါတယ္။

Samsung ရဲ႕ အဓိက ေဈးကြက္မ်ားျဖစ္တဲ့ ေျမာက္အေမရိကေဈးကြက္ႏွင့္ ဥေရာပေဈးကြက္တို႔ဟာ ဒုတိယသုံးလအတြင္းမွာ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ Lockdown ခ်ထားမႈေၾကာင့္ စမတ္ဖုန္းေရာင္းအားက်ခဲ့ေပမယ့္ ၎တို႔ဟာ Marketing စရိတ္၊ ေအာ့ဖ္လိုင္းပ႐ိုမိုးရွင္းစရိတ္မ်ားကို ေလွ်ာ့ခ်ႏိုင္တာေၾကာင့္ အျမတ္ေငြ ျမင့္တက္ခဲ့တာလည္း ျဖစ္ပါတယ္။

Samsung ဟာ 2020 ခုႏွစ္ တတိယသုံးလမွာေတာ့ ဒုတိယသုံးလထက္ အေျခအေနေကာင္းလာဖို႔ ရွိပါတယ္။ ၎တို႔ဟာ လာမယ့္ ဩဂုတ္လ 5 ရက္ေန႔မွာ Galaxy Note20 စီးရီးကို ေၾကညာလာဦးမွာျဖစ္ၿပီး ဝင္ေငြေလွ်ာ့က်မႈကို မ်ားစြာျပန္လည္ဖာေထးလာႏိုင္ဖို႔ ရွိေနပါတယ္။

NetGuide Journal (Every Wednesday)