Black Shark 3S ကို ကြေညာလာပြီ ဖြစ်ပါတယ်။ Black Shark 3S က ယခုနှစ် အစောပိုင်းထွက် Black Shark 3 ကို အနည်းငယ် အဆင့်မြင့်ထားတဲ့ ဂိမ်းစမတ်ဖုန်းဆိုရင်လည်း မမှားပါဘူး။

အကြီးမားဆုံး ပြောင်းလဲမှုကတော့ 6.67 လက်မ AMOLED ရုပ်ထွက် သုံးထားသလို 120Hz Refresh Rate ထောက်ပံ့ထားပါတယ်။ Black Shark 3 တုန်းက 90Hz ဘဲ ပါဝင်ပါတယ်။ ဒါ့အပြင် 270Hz Touch Sampling Rate ပါဝင်ပါသေးတယ်။

Pressure-Sensitive Zone နှစ်ခုပါဝင်ပြီး ကွဲပြားတဲ့ လှုပ်ရှားမှုများအတွက် လိုသလို လုပ်ဆောင်နိုင်ပါမယ်။ Voice Command လည်းပါဝင်ကာ ဖုန်းကို ထိတွေ့စရာမလိုဘဲ Screen Recorder ပြုလုပ်ခိုင်းနိုင်ပါတယ်။

AMOLED 1080p+ ရုပ်ထွက် ၊ 20:9 Aspect Ratio ၊ 500nits Brightness ၊ 105% DCI-P3 Coverage နှင့် 3th Gen MEMC ပါဝင်ပါတယ်။

Black Shark 3S ကို Snapdragon 865 Chipset နှင့် ပါဝါထောက်ပံ့ထားပါတယ်။ Plus ဗားရှင်း မသုံးထားပါဘူး။ LPDDR5 RAM နှင့် UFS 3.1 Storage ပါဝင်ပါတယ်။

12/128GB ကို ဈေးနှုန်း တရုတ်ယွမ် 4000 (ဒေါ်လာ 575) သတ်မှတ်ထားပြီး 256GB က တရုတ်ယွမ် 400 ပိုများပါတယ်။ 512GB ဗားရှင်းနှင့်လည်း ရွေးချယ်နိုင်ကာ တရုတ်ယွမ် 4800 သတ်မှတ်ထားကာ ကြိုတင်အမှာလုပ်လို့ မရသေးပါဘူး။ ဗားရှင်းနှစ်ခုကတော့ ဩဂုတ်လ 4 ရက်နေ့မှာ ရောင်းချသွားပါမယ်။

JOYUI12 သုံးထားကာ Screen Mirroring စနစ် ပါဝင်ပါတယ်။ USB Type C မှတဆင့် ကွန်ပျူတာသို့ ဗီဒီယိုပြောင်းပေးနိုင်ပါတယ်။ ဒါကြောင့် သင့်ဂိမ်းကို ကီးဘုတ်၊ Mouse တို့ဖြင့်လည်း ကစားနိုင်ပါမယ်။ ယင်း Mode က 60fps ၊ 40ms Latency ဖြင့် ကစားနိုင်ပါမယ်။

ဘက်ထရီ 4729 mAh ပါဝင်ကာ USB Type C မှတဆင့် 65W ဖြင့် အားသွင်းနိုင်ပါမယ်။ 12 မိနစ် အားသွင်းရုံဖြင့် ဘက်ထရီ 50 ရာခိုင်နှုန်း ရရှိမှာဖြစ်ပြီး အားအပြည့်သွင်းဖို့ 38 မိနစ်ဘဲ အချိန်ယူရပါမယ်။

ကင်မရာကို တြိဂံကွက်ထဲမှာ ထည့်သွင်းထားပါတယ်။ အဓိက ကင်မရာက 64MP f/1.8 ဖြစ်ပြီး ဒုတိယကင်မရာက 120 ဒီဂရီမြင်ကွင်းကျယ်ရိုက်ကူးနိုင်တဲ့ 13MP f/2.25 ဖြစ်ပါတယ်။ တတိယကင်မရာက 5MP Depth ဖြစ်ပါတယ်။

ရှေ့ကင်မရာက 20MP ဖြစ်ပါတယ်။ Black Shark ဟာ Black Shark 3S မှာလည်း ဖုန်းမပူမဖို့အတွက် Heat Pipe အပြင် Fan လည်း ပါဝင်ပါတယ်။

NetGuide Journal (Every Wednesday)

——————————————————————————————————

(Zawgyi Version)

120Hz 6.67 လက္မ AMOLED ႐ုပ္ထြက္ ၊ Snapdragon 865 Chipset အသုံးထားတဲ့ ဂိမ္းစမတ္ဖုန္း Black Shark 3S ကို ေၾကညာ

Black Shark 3S ကို ေၾကညာလာၿပီ ျဖစ္ပါတယ္။ Black Shark 3S က ယခုႏွစ္ အေစာပိုင္းထြက္ Black Shark 3 ကို အနည္းငယ္ အဆင့္ျမင့္ထားတဲ့ ဂိမ္းစမတ္ဖုန္းဆိုရင္လည္း မမွားပါဘူး။

အႀကီးမားဆုံး ေျပာင္းလဲမႈကေတာ့ 6.67 လက္မ AMOLED ႐ုပ္ထြက္ သုံးထားသလို 120Hz Refresh Rate ေထာက္ပံ့ထားပါတယ္။ Black Shark 3 တုန္းက 90Hz ဘဲ ပါဝင္ပါတယ္။ ဒါ့အျပင္ 270Hz Touch Sampling Rate ပါဝင္ပါေသးတယ္။

Pressure-Sensitive Zone ႏွစ္ခုပါဝင္ၿပီး ကြဲျပားတဲ့ လႈပ္ရွားမႈမ်ားအတြက္ လိုသလို လုပ္ေဆာင္ႏိုင္ပါမယ္။ Voice Command လည္းပါဝင္ကာ ဖုန္းကို ထိေတြ႕စရာမလိုဘဲ Screen Recorder ျပဳလုပ္ခိုင္းႏိုင္ပါတယ္။

AMOLED 1080p+ ႐ုပ္ထြက္ ၊ 20:9 Aspect Ratio ၊ 500nits Brightness ၊ 105% DCI-P3 Coverage ႏွင့္ 3th Gen MEMC ပါဝင္ပါတယ္။

Black Shark 3S ကို Snapdragon 865 Chipset ႏွင့္ ပါဝါေထာက္ပံ့ထားပါတယ္။ Plus ဗားရွင္း မသုံးထားပါဘူး။ LPDDR5 RAM ႏွင့္ UFS 3.1 Storage ပါဝင္ပါတယ္။

12/128GB ကို ေဈးႏႈန္း တ႐ုတ္ယြမ္ 4000 (ေဒၚလာ 575) သတ္မွတ္ထားၿပီး 256GB က တ႐ုတ္ယြမ္ 400 ပိုမ်ားပါတယ္။ 512GB ဗားရွင္းႏွင့္လည္း ေရြးခ်ယ္ႏိုင္ကာ တ႐ုတ္ယြမ္ 4800 သတ္မွတ္ထားကာ ႀကိဳတင္အမွာလုပ္လို႔ မရေသးပါဘူး။ ဗားရွင္းႏွစ္ခုကေတာ့ ဩဂုတ္လ 4 ရက္ေန႔မွာ ေရာင္းခ်သြားပါမယ္။

JOYUI12 သုံးထားကာ Screen Mirroring စနစ္ ပါဝင္ပါတယ္။ USB Type C မွတဆင့္ ကြန္ပ်ဴတာသို႔ ဗီဒီယိုေျပာင္းေပးႏိုင္ပါတယ္။ ဒါေၾကာင့္ သင့္ဂိမ္းကို ကီးဘုတ္၊ Mouse တို႔ျဖင့္လည္း ကစားႏိုင္ပါမယ္။ ယင္း Mode က 60fps ၊ 40ms Latency ျဖင့္ ကစားႏိုင္ပါမယ္။

ဘက္ထရီ 4729 mAh ပါဝင္ကာ USB Type C မွတဆင့္ 65W ျဖင့္ အားသြင္းႏိုင္ပါမယ္။ 12 မိနစ္ အားသြင္း႐ုံျဖင့္ ဘက္ထရီ 50 ရာခိုင္ႏႈန္း ရရွိမွာျဖစ္ၿပီး အားအျပည့္သြင္းဖို႔ 38 မိနစ္ဘဲ အခ်ိန္ယူရပါမယ္။

ကင္မရာကို ႀတိဂံကြက္ထဲမွာ ထည့္သြင္းထားပါတယ္။ အဓိက ကင္မရာက 64MP f/1.8 ျဖစ္ၿပီး ဒုတိယကင္မရာက 120 ဒီဂရီျမင္ကြင္းက်ယ္႐ိုက္ကူးႏိုင္တဲ့ 13MP f/2.25 ျဖစ္ပါတယ္။ တတိယကင္မရာက 5MP Depth ျဖစ္ပါတယ္။

ေရွ႕ကင္မရာက 20MP ျဖစ္ပါတယ္။ Black Shark ဟာ Black Shark 3S မွာလည္း ဖုန္းမပူမဖို႔အတြက္ Heat Pipe အျပင္ Fan လည္း ပါဝင္ပါတယ္။

NetGuide Journal (Every Wednesday)