ဇူလိုင်လ အစောပိုင်းတုန်းက OPPO Germany က နိုင်ငံတကာဗားရှင်း OPP Watch ကို ကြေညာလာမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ ယနေ့မှာ OPPO Watch ဂလိုဘယ်ဗားရှင်းကို ကြေညာလာပါတယ်။ ဂလိုဘယ်ဗားရှင်း OPPO Watch မှာ တရုတ်ဗားရှင်းမှာ သုံးထားတဲ့ ဒီဇိုင်းဘဲ သုံးထားပေမယ့် အတွင်းပိုင်းမှာ ကွဲပြားမှုတွေက ရှိနေပါတယ်။

ဂလိုဘယ် OPPO Watch ကို Chipset နှစ်မျိုးနှင့် ထွက်လာပါတယ်။ တစ်မျိုးမှာ Snapdragon 3100 Wear သုံးထားပြီး Wear OS နှင့် Low-Power Mode အဖြစ် Ambiq Micro Apollo 3 တို့နှင့် ထွက်လာတာ ဖြစ်ပါတယ်။

OPPO Watch ကို 46 မီလီမီတာ ၊ 41 မီလီမီတာ ဗားရှင်းတို့နှင့် ရွေးချယ်နိုင်ပါတယ်။ 46 မီလီမီတာ ဗားရှင်းမှာ 1.91 လက်မ AMOLED 402x476px Resolution ရုပ်ထွက် ပါဝင်ပါတယ်။ 41 မီလီမီတာ ဗားရှင်းမှာ 1.6 လက်မ OLED 320x360px Resolution သုံးထားပါတယ်။ ကိုယ်ထည်ကို အလူမီနီယံ တည်ဆောက်ထားတာဖြစ်ပြီး အရွယ်အစားကြီးဗားရှင်းမှာ မှန်ကို ပလတ်စတစ် + စီရာမစ် သုံးထားပါတယ်။ 41 မီလီမီတာဗားရှင်းမှာတော့ ပလတ်စတစ်ဘဲ သုံးထားပါတယ်။ ဗားရှင်းနှစ်မျိုးလုံးမှာ Fluororubber လက်ပတ် သုံးထားပါတယ်။ စတိန်းလက်စ်စတီးဗားရှင်းကတော့ တရုတ်ဗားရှင်းမှာဘဲ ရွေးချယ်နိုင်ပါမယ်။

OPPO Watch ကို ရောင်းအားကောင်းစေမယ့် အချက်ကတော့ Wear OS (သို့မဟုတ်) Low-Powered Energy-Saving Mode နှင့်ဘဲဖြစ်ဖြစ် စိတ်ကြိုက်သုံးနိုင်တာ ဖြစ်ပါတယ်။ ပထမဗားရှင်းမှာ Google Play ၊ GPay ၊ OK Google ထောက်ပံ့ထားပြီး ကျန်ဗားရှင်းမှာတော့ အချိန်၊ Notifications ၊ Alarms စတဲ့ အခြေခံစနစ်များဘဲ သုံးနိုင်ပါမယ်။

Smart Mode ကို သုံးမယ်ဆိုရင် (41 မီလီမီတာ / 46 မီလီမီတာ) 24 နာရီ / 36 နာရီအထိ သုံးနိုင်မှာဖြစ်ပြီး Power Save Mode သုံးမယ်ဆိုရင် 14 ရက် / 21 ရက် အသီးသီး သုံးနိုင်ပါမယ်။

OPPO က Magnetic Charger ဖြင့် 15 မိနစ် အားသွင်းရုံဖြင့် ဘက်ထရီ 46 ရာခိုင်နှုန်းအထိ ရရှိမှာဖြစ်ပြီး အားအပြည့်သွင်းဖို့ 75 မိနစ်ဘဲ အချိန်ယူရမယ်လို့ ဆိုထားပါတယ်။

အရွယ်အစားကြီးဗားရှင်းကို အနက်ရောင်၊ ရွှေရောင်ဖြင့် ရွေးနိုင်ပြီး အရွယ်အစားသေးဗားရှင်းကို အနက်ရောင်၊ ပန်းရောင်၊ ငွေရောင်တို့ဖြင့် ရွေးချယ်နိုင်ပါမယ်။ ဈေးနှုန်းက ဒေါ်လာ 200 နှင့် ဒေါ်လာ 265 ဖြစ်ပါတယ်။ ဒီစမတ်နာရီများကို အိန္ဒိယမှာ ကြိုတင်အမှာ လက်ခံနေပြီဖြစ်ပြီး ဩဂုတ်လ ပထမလဝက်အတွင်းမှာဘဲ စတင်ရောင်းချသွားပါမယ်။

NetGuide Journal (Every Wednesday)

——————————————————————————————————

(Zawgyi Version)

ဂလိုဘယ်ဗားရှင်း OPPO Watch ကို ကြေညာလာပြီ







