Huawei ဟာ ယနေ့မှာ Product သစ် များစွာတို့ကို ကြေညာလာပါတယ်။ ယင်းအထဲမှာ Enjoy Tablet 2 နှင့် Huawei Children’s Watch 4X တို့လည်း ပါဝင်ပါတယ်။

Huawei Enjoy Tablet 2

Huawei Enjoy Tablet 2 မှာ 10.1 လက်မ 1920×1200 px Resolution ရုပ်ထွက် သုံးထားပါတယ်။ အနားသပ်မဲ့လုနီးပါးရုပ်ထွက်ဒီဇိုင်း သုံးထားပါတယ်။ ဒီ Tablet ကို Champagne Gold ၊ Dark Blue စတဲ့ အရောင်နှစ်ရောင်နှင့် ရွေးချယ်နိုင်ပါမယ်။

Kirin 710A Processor ၊ RAM4GB နှင့် အထိုင်ချထားပြီး Storage 64GB ၊ 128GB တို့နှင့် ရွေးချယ်နိုင်ပါမယ်။ microSD ကနေ 512GB ထပ်တိုးလို့ ရပါတယ်။ ကျောဘက်ကင်မရာ 5MP f/2.2 နှင့် ရှေ့ကင်မရာ 2MP f/2.4 တို့ ပါဝင်ပါတယ်။ Harman Kardon စပီကာများ သုံးထားပြီး Huawei Histen 6.1 ထောက်ပံ့ထားပါတယ်။

Enjoy Tablet 2 မှာ EMUI 10.1 သုံးထားပြီး Parallel Vision လိုမျိုး App တစ်ခုတည်းကို Window နှစ်ခုဖြင့် သုံးနိုင်တဲ့စနစ် ပါဝင်ပါတယ်။ နောက်ထပ် စနစ်တစ်ခုက Real-Time Scren-Sharing စနစ် ဖြစ်ပါတယ်။ ဒီစနစ်ကြောင့် ကိုယ့် Screen မှာ မြင်တွေ့ရတာကို အခြားသူတစ်ဦးကို မျှဝေနိုင်တဲ့စနစ် ဖြစ်ပါတယ်။ ဒီစနစ်က ကျောင်းသားများအတွက် အလွန်အသုံးဝင်လာမယ့်စနစ် ဖြစ်ပါတယ်။

ဘက်ထရီ 5100 mAh ပါဝင်ပြီး USB Type C မှတဆင့် 10W ဖြင့် အားသွင်းရပါမယ်။ Bluetooth 5.1 ၊ Dual-Band Wi-Fi နှင့် OTG ထောက်ပံ့ထားပါတယ်။

Huawei Enjoy Tablet 2 ကို ဗားရှင်းလေးမျိုးဖြင့် ရွေးချယ်နိုင်ပါမယ်။ 4GB+64GB (Wi-Fi) ကို ဒေါ်လာ 228 ၊ 4GB+128GB (Wi-Fi) ကို ဒေါ်လာ 258 ၊ 4GB+64GB (LTE) ကို ဒေါ်လာ 257 နှင့် 4GB+128GB (LTE) ကို ဒေါ်လာ 285 အသီးသီး သတ်မှတ်ထားပါတယ်။

Champagne Gold ကို WiFi ဗားရှင်းတစ်မျိုးတည်းဖြင့်သာ ရွေးချယ်နိုင်ပြီး Dark Blue အရောင်ကိုတော့ Wi-Fi နှင့်ရော LTE ဗားရှင်းနှင့်ပါ ရွေးချယ်နိုင်ပါတယ်။ ကြိုတင်အမှာ လက်ခံနေပြီဖြစ်ပြီး ဩဂုတ်လအတွင်းမှာ ရောင်းချသွားပါမယ်။

Huawei Children’s Watch 4X

Huawei Children’s Watch 4X က ကလေးများအတွက် ရည်ရွယ်ထုတ်လုပ်ထားတဲ့ စမတ်နာရီ ဖြစ်ပါတယ်။ Huawei Children’s Watch 4X မှာ စနစ်သစ်များလည်း ပါဝင်လာပြီး စိတ်ဝင်းစားဖို့ အကောင်းဆုံးကတော့ ကင်မရာနှစ်လုံးပါဝင်လာတာ ဖြစ်ပါတယ်။

ရုပ်ထွက်အရှေ့ပိုင်းမှာ 5MP ကင်မရာ ပါဝင်ပြီး HD ဗီဒီယိုဖုန်းခေါ်ဆိုမှု ပြုလုပ်နိုင်ပါတယ်။ ကျောဘက်မှာ 8MP f/2.0 ကင်မရာတစ်လုံးလည်း ပါဝင်ပါတယ်။ ယင်းကင်မရာကို အသုံးပြုကာ 4x Digital Zoom အထိ သုံးနိုင်ပြီး AI Object Recognition ပါဝင်ပါတယ်။ ကင်မရာနှစ်ခုစလုံးဖြင့် ရေအောက်မှာလည်း ဓာတ်ပုံရိုက်ကူးနိုင်ပါတယ်။ ရေအောက် 50 မီတာအထိ ရေစိမ်ခံနိုင်ပါတယ်။

Huawei Children’s Watch 4X မှာ 1.41 လက်မ 320×360 AMOLED ရုပ်ထွက် ၊ RAM1GB ၊ 16GB Storage ပါဝင်ပါတယ်။ ပါဝါနိမ့် Kirin Chipset နှင့် ပါဝါထောက်ပံ့ထားပြီး NFC ၊ Wi-Fi ၊ Bluetooth ၊ LTE တို့ ပါဝင်ပါတယ်။ GPS+Beidu+GLONASS+GALILEO+QZSS တို့ ထောက်ပံ့ထားပါတယ်။

AI Assistant ပါဝင်သလို အားကစားလှုပ်ရှားမှု Tracking လည်း ပါဝင်ပါတယ်။ ကလေးများအတွက် အထူးဖန်တီးထားတဲ့ App တစ်ခုကိုလည်း ဒေါင်းလော့ခ်လုပ်ကာ သင်ကြားမှုများ ပြုလုပ်နိုင်ပါမယ်။

Huawei Children’s Watch 4X မှာ ဘက်ထရီ 800 mAh ပါဝင်ပြီး Fast Charging ပါဝင်တာကြောင့် မိနစ် 20 အားသွင်းရုံဖြင့် ဘက်ထရီ 50 ရာခိုင်နှုန်းအထိ ရရှိပါမယ်။ တစ်ကြိမ် အားအပြည့်သွင်းထားရင် 24 နာရီအထိ သုံးနိုင်ပါမယ်။

ဒီစမတ်နာရီကို အဖြူရောင်၊ ပန်းရောင်၊ အပြာရောင်တို့နှင့် ရွေးချယ်နိုင်ပြီး ဈေးနှုန်း ဒေါ်လာ 198 သတ်မှတ်ထားကာ လာမယ့်ဩဂုတ်လ 19 ရက်နေ့မှာ စတင်ရောင်းချသွားပါမယ်။

NetGuide Journal (Every Wednesday)

——————————————————————————————————

(Zawgyi Version)

Huawei Children’s Watch 4X ႏွင့္ Enjoy Tablet 2 တို႔ကို ေၾကညာ

Huawei ဟာ ယေန႔မွာ Product သစ္ မ်ားစြာတို႔ကို ေၾကညာလာပါတယ္။ ယင္းအထဲမွာ Enjoy Tablet 2 ႏွင့္ Huawei Children’s Watch 4X တို႔လည္း ပါဝင္ပါတယ္။

Huawei Enjoy Tablet 2

Huawei Enjoy Tablet 2 မွာ 10.1 လက္မ 1920×1200 px Resolution ႐ုပ္ထြက္ သုံးထားပါတယ္။ အနားသပ္မဲ့လုနီးပါး႐ုပ္ထြက္ဒီဇိုင္း သုံးထားပါတယ္။ ဒီ Tablet ကို Champagne Gold ၊ Dark Blue စတဲ့ အေရာင္ႏွစ္ေရာင္ႏွင့္ ေရြးခ်ယ္ႏိုင္ပါမယ္။

Kirin 710A Processor ၊ RAM4GB ႏွင့္ အထိုင္ခ်ထားၿပီး Storage 64GB ၊ 128GB တို႔ႏွင့္ ေရြးခ်ယ္ႏိုင္ပါမယ္။ microSD ကေန 512GB ထပ္တိုးလို႔ ရပါတယ္။ ေက်ာဘက္ကင္မရာ 5MP f/2.2 ႏွင့္ ေရွ႕ကင္မရာ 2MP f/2.4 တို႔ ပါဝင္ပါတယ္။ Harman Kardon စပီကာမ်ား သုံးထားၿပီး Huawei Histen 6.1 ေထာက္ပံ့ထားပါတယ္။

Enjoy Tablet 2 မွာ EMUI 10.1 သုံးထားၿပီး Parallel Vision လိုမ်ိဳး App တစ္ခုတည္းကို Window ႏွစ္ခုျဖင့္ သုံးႏိုင္တဲ့စနစ္ ပါဝင္ပါတယ္။ ေနာက္ထပ္ စနစ္တစ္ခုက Real-Time Scren-Sharing စနစ္ ျဖစ္ပါတယ္။ ဒီစနစ္ေၾကာင့္ ကိုယ့္ Screen မွာ ျမင္ေတြ႕ရတာကို အျခားသူတစ္ဦးကို မွ်ေဝႏိုင္တဲ့စနစ္ ျဖစ္ပါတယ္။ ဒီစနစ္က ေက်ာင္းသားမ်ားအတြက္ အလြန္အသုံးဝင္လာမယ့္စနစ္ ျဖစ္ပါတယ္။

ဘက္ထရီ 5100 mAh ပါဝင္ၿပီး USB Type C မွတဆင့္ 10W ျဖင့္ အားသြင္းရပါမယ္။ Bluetooth 5.1 ၊ Dual-Band Wi-Fi ႏွင့္ OTG ေထာက္ပံ့ထားပါတယ္။

Huawei Enjoy Tablet 2 ကို ဗားရွင္းေလးမ်ိဳးျဖင့္ ေရြးခ်ယ္ႏိုင္ပါမယ္။ 4GB+64GB (Wi-Fi) ကို ေဒၚလာ 228 ၊ 4GB+128GB (Wi-Fi) ကို ေဒၚလာ 258 ၊ 4GB+64GB (LTE) ကို ေဒၚလာ 257 ႏွင့္ 4GB+128GB (LTE) ကို ေဒၚလာ 285 အသီးသီး သတ္မွတ္ထားပါတယ္။

Champagne Gold ကို WiFi ဗားရွင္းတစ္မ်ိဳးတည္းျဖင့္သာ ေရြးခ်ယ္ႏိုင္ၿပီး Dark Blue အေရာင္ကိုေတာ့ Wi-Fi ႏွင့္ေရာ LTE ဗားရွင္းႏွင့္ပါ ေရြးခ်ယ္ႏိုင္ပါတယ္။ ႀကိဳတင္အမွာ လက္ခံေနၿပီျဖစ္ၿပီး ဩဂုတ္လအတြင္းမွာ ေရာင္းခ်သြားပါမယ္။

Huawei Children’s Watch 4X

Huawei Children’s Watch 4X က ကေလးမ်ားအတြက္ ရည္ရြယ္ထုတ္လုပ္ထားတဲ့ စမတ္နာရီ ျဖစ္ပါတယ္။ Huawei Children’s Watch 4X မွာ စနစ္သစ္မ်ားလည္း ပါဝင္လာၿပီး စိတ္ဝင္းစားဖို႔ အေကာင္းဆုံးကေတာ့ ကင္မရာႏွစ္လုံးပါဝင္လာတာ ျဖစ္ပါတယ္။

႐ုပ္ထြက္အေရွ႕ပိုင္းမွာ 5MP ကင္မရာ ပါဝင္ၿပီး HD ဗီဒီယိုဖုန္းေခၚဆိုမႈ ျပဳလုပ္ႏိုင္ပါတယ္။ ေက်ာဘက္မွာ 8MP f/2.0 ကင္မရာတစ္လုံးလည္း ပါဝင္ပါတယ္။ ယင္းကင္မရာကို အသုံးျပဳကာ 4x Digital Zoom အထိ သုံးႏိုင္ၿပီး AI Object Recognition ပါဝင္ပါတယ္။ ကင္မရာႏွစ္ခုစလုံးျဖင့္ ေရေအာက္မွာလည္း ဓာတ္ပုံ႐ိုက္ကူးႏိုင္ပါတယ္။ ေရေအာက္ 50 မီတာအထိ ေရစိမ္ခံႏိုင္ပါတယ္။

Huawei Children’s Watch 4X မွာ 1.41 လက္မ 320×360 AMOLED ႐ုပ္ထြက္ ၊ RAM1GB ၊ 16GB Storage ပါဝင္ပါတယ္။ ပါဝါနိမ့္ Kirin Chipset ႏွင့္ ပါဝါေထာက္ပံ့ထားၿပီး NFC ၊ Wi-Fi ၊ Bluetooth ၊ LTE တို႔ ပါဝင္ပါတယ္။ GPS+Beidu+GLONASS+GALILEO+QZSS တို႔ ေထာက္ပံ့ထားပါတယ္။

AI Assistant ပါဝင္သလို အားကစားလႈပ္ရွားမႈ Tracking လည္း ပါဝင္ပါတယ္။ ကေလးမ်ားအတြက္ အထူးဖန္တီးထားတဲ့ App တစ္ခုကိုလည္း ေဒါင္းေလာ့ခ္လုပ္ကာ သင္ၾကားမႈမ်ား ျပဳလုပ္ႏိုင္ပါမယ္။

Huawei Children’s Watch 4X မွာ ဘက္ထရီ 800 mAh ပါဝင္ၿပီး Fast Charging ပါဝင္တာေၾကာင့္ မိနစ္ 20 အားသြင္း႐ုံျဖင့္ ဘက္ထရီ 50 ရာခိုင္ႏႈန္းအထိ ရရွိပါမယ္။ တစ္ႀကိမ္ အားအျပည့္သြင္းထားရင္ 24 နာရီအထိ သုံးႏိုင္ပါမယ္။

ဒီစမတ္နာရီကို အျဖဴေရာင္၊ ပန္းေရာင္၊ အျပာေရာင္တို႔ႏွင့္ ေရြးခ်ယ္ႏိုင္ၿပီး ေဈးႏႈန္း ေဒၚလာ 198 သတ္မွတ္ထားကာ လာမယ့္ဩဂုတ္လ 19 ရက္ေန႔မွာ စတင္ေရာင္းခ်သြားပါမယ္။

NetGuide Journal (Every Wednesday)