Huawei ဟာ အားကစားလှုပ်ရှားမှု Tracker အဖြစ်သာမက Bluetooth Headset အဖြစ်ပါ အသုံးပြုနိုင်တဲ့ TalkBand B6 ကို ကြေညာလာပါတယ်။ ဒီစမတ်နာရီကို Sports ၊ Fashion ၊ Exclusive ဆိုပြီး ဗားရှင်းသုံးမျိုးနှင့် ရွေးချယ်နိုင်ပါတယ်။ ဈေးနှုန်း ဒေါ်လာ 142 ၊ ဒေါ်လာ 171 နှင့် ဒေါ်လာ 214 အသီးသီး သတ်မှတ်ထားပါတယ်။

Huawei TalkBand B6 မှာ 1.53 လက်မ AMOLED ကွေးရုပ်ထွက် သုံးထားပြီး 460x188px နှင့် 326ppi ထောက်ပံ့ထားပါတယ်။ HiSilicon Kirin A1 Chipset နှင့် ပါဝါထောက်ပံ့ထားပါတယ်။

အားကစားလှုပ်ရှားမှု စောင့်ကြည့်စနစ်အတွက် Accelerometer ၊ Gyroscope ၊ Heart Rate Sensor ၊ SpO2 ၊ Ambient Light Sensor ၊ Hall Effect Sensor (Compass) တို့ ပါဝင်ပါတယ်။ Bluetooth 5.2 ဖြင့် ဖုန်းဖြင့် ချိတ်ဆက်နိုင်ပြီး 150 မီတာအကွာမှအထိ ချိတ်နိုင်ပါတယ်။

Android 4.4 နှင့်အထက် Android စမတ်ဖုန်းများ၊ iOS 9.0 နှင့်အထက် iPhone များနှင့် ချိတ်ဆက် အသုံးပြုနိုင်ပါတယ်။ ကိုယ်ထည်ကို Stainless Steel ဖြင့် တည်ဆောက်ထားပြီး လက်ပတ်အနေဖြင့် စီလီကွန်၊ သားရေ၊ သတ္တုတို့ကို ရွေးချယ်နိုင်ပါတယ်။

စီလီကွန်လက်ပတ်ကို အနက်ရောင်၊ အနီရောင်တို့နှင့် ရွေးချယ်နိုင်သလို သားရေလက်ပတ်ကိုလည်း Camellia Brown ၊ Mocha Brown အရောင်တို့နှင့် ရွေးချယ်နိုင်ပါတယ်။ သတ္တုလက်ပတ်ဗားရှင်းကိုတော့ Titanium Silver Grey တစ်ရောင်တည်းဖြင့်သာ ရွေးချယ်နိုင်ပါမယ်။

Huawei TalkBand B6 မှာ အားကစားလှုပ်ရှားမှု စောင့်ကြည့်စနစ်များ၊ App Alerts ၊ မိုးလေဝါသအခြေအနေ ၊ သီချင်းထိန်းချုပ်စနစ် ၊ Xiaoyi AI Voice Assistant ၊ Sleep Tracking ၊ Menstrual Cycle Tracking နှင့် အခြားစနစ်များ ပါဝင်ပါတယ်။ IP57 ရရှိထားတာကြောင့် ရေစိမ်ခံနိုင်သလို ဖုန်ဒဏ်လည်း ခံနိုင်ပါတယ်။ ဘက်ထရီ 120 mAh ပါဝင်ကာ USB Type C မှ အားသွင်းနိုင်ပါမယ်။

NetGuide Journal (Every Wednesday)

——————————————————————————————————

(Zawgyi Version)

Bluetooth Headset အျဖစ္ပါ သုံးႏိုင္ၿပီး ေဈးႏႈန္း ေဒၚလာ 142 သတ္မွတ္ထားတဲ့ Huawei TalkBand B6 ကို ေၾကညာ

Huawei ဟာ အားကစားလႈပ္ရွားမႈ Tracker အျဖစ္သာမက Bluetooth Headset အျဖစ္ပါ အသုံးျပဳႏိုင္တဲ့ TalkBand B6 ကို ေၾကညာလာပါတယ္။ ဒီစမတ္နာရီကို Sports ၊ Fashion ၊ Exclusive ဆိုၿပီး ဗားရွင္းသုံးမ်ိဳးႏွင့္ ေရြးခ်ယ္ႏိုင္ပါတယ္။ ေဈးႏႈန္း ေဒၚလာ 142 ၊ ေဒၚလာ 171 ႏွင့္ ေဒၚလာ 214 အသီးသီး သတ္မွတ္ထားပါတယ္။

Huawei TalkBand B6 မွာ 1.53 လက္မ AMOLED ေကြး႐ုပ္ထြက္ သုံးထားၿပီး 460x188px ႏွင့္ 326ppi ေထာက္ပံ့ထားပါတယ္။ HiSilicon Kirin A1 Chipset ႏွင့္ ပါဝါေထာက္ပံ့ထားပါတယ္။

အားကစားလႈပ္ရွားမႈ ေစာင့္ၾကည့္စနစ္အတြက္ Accelerometer ၊ Gyroscope ၊ Heart Rate Sensor ၊ SpO2 ၊ Ambient Light Sensor ၊ Hall Effect Sensor (Compass) တို႔ ပါဝင္ပါတယ္။ Bluetooth 5.2 ျဖင့္ ဖုန္းျဖင့္ ခ်ိတ္ဆက္ႏိုင္ၿပီး 150 မီတာအကြာမွအထိ ခ်ိတ္ႏိုင္ပါတယ္။

Android 4.4 ႏွင့္အထက္ Android စမတ္ဖုန္းမ်ား၊ iOS 9.0 ႏွင့္အထက္ iPhone မ်ားႏွင့္ ခ်ိတ္ဆက္ အသုံးျပဳႏိုင္ပါတယ္။ ကိုယ္ထည္ကို Stainless Steel ျဖင့္ တည္ေဆာက္ထားၿပီး လက္ပတ္အေနျဖင့္ စီလီကြန္၊ သားေရ၊ သတၱဳတို႔ကို ေရြးခ်ယ္ႏိုင္ပါတယ္။

စီလီကြန္လက္ပတ္ကို အနက္ေရာင္၊ အနီေရာင္တို႔ႏွင့္ ေရြးခ်ယ္ႏိုင္သလို သားေရလက္ပတ္ကိုလည္း Camellia Brown ၊ Mocha Brown အေရာင္တို႔ႏွင့္ ေရြးခ်ယ္ႏိုင္ပါတယ္။ သတၱဳလက္ပတ္ဗားရွင္းကိုေတာ့ Titanium Silver Grey တစ္ေရာင္တည္းျဖင့္သာ ေရြးခ်ယ္ႏိုင္ပါမယ္။

Huawei TalkBand B6 မွာ အားကစားလႈပ္ရွားမႈ ေစာင့္ၾကည့္စနစ္မ်ား၊ App Alerts ၊ မိုးေလဝါသအေျခအေန ၊ သီခ်င္းထိန္းခ်ဳပ္စနစ္ ၊ Xiaoyi AI Voice Assistant ၊ Sleep Tracking ၊ Menstrual Cycle Tracking ႏွင့္ အျခားစနစ္မ်ား ပါဝင္ပါတယ္။ IP57 ရရွိထားတာေၾကာင့္ ေရစိမ္ခံႏိုင္သလို ဖုန္ဒဏ္လည္း ခံႏိုင္ပါတယ္။ ဘက္ထရီ 120 mAh ပါဝင္ကာ USB Type C မွ အားသြင္းႏိုင္ပါမယ္။

NetGuide Journal (Every Wednesday)