Honor ဟာ တရုတ်မှာ ဈေးနှုန်းသက်သာတဲ့ Tablet များအဖြစ် Honor Tablet 6 နှင့် X6 တို့ကို ကြေညာလာပါတယ်။ နှစ်မျိုးလုံးမှာ LCD ၊ Android 10 ၊ ဘက်ထရီ 5100 mAh နှင့် Kirin 710A တို့ ပါဝင်ပါတယ်။

Tablet နှစ်ခုအကြား အဓိက ကွာခြားတာကတော့ ရုပ်ထွက်ပိုင်း ဖြစ်ပါတယ်။ Honor Tablet 6 မှာ 10.1 လက်မ FHD+ ရုပ်ထွက် သုံးထားပြီး 9.7 လက်မ 1200x800px Resolution သုံးထားပါတယ်။

နှစ်မျိုးလုံးမှာ စပီကာနှစ်လုံးနှင့် 2MP Selfie Camera များ ပါဝင်ပါတယ်။ ကျောဘက်ကင်မရာ 5MP စီ ပါဝင်ကြပါတယ်။ ဘက်ထရီ 5100 mAh စီပါဝင်ကာ USB Type C ပါဝင်ပါတယ်။

Android 10 အခြေပြု Magic UI 3.1သုံးထားကာ Honor Magic-Pencil Stylus ထောက်ပံ့ထားပါတယ်။ Huawei Education Center နှင့် Children’s Paradise Apps များ ထည့်သွင်းထားပြီး ဖြစ်ပါတယ်။

Honor Tablet 6 ကို Wi-Fi မော်ဒယ်ကို 3/32GB ဗားရှင်းတစ်မျိုးတည်းနှင့်ဘဲ ရွေးချယ်နိုင်ပြီး ဈေးနှုန်း ဒေါ်လာ 185 သတ်မှတ်ထားပါတယ်။ LTE မော်ဒယ်ကို 4GB RAM+128GB Storage နှင့်လည်း ရွေးချယ်နိုင်ကာ ဈေးနှုန်း ဒေါ်လာ 271 သတ်မှတ်ထားပါတယ်။ ဇူလိုင်လ 28 ရက်နေ့မှာ စတင်ရောင်းချသွားပါမယ်။

X6 ရဲ့ 3/32GB Wi-Fi ဗားရှင်းကို ဒေါ်လာ 157 သတ်မှတ်ထားပြီး 3/32GB LTE ဗားရှင်းကို ဒေါ်လာ 171 သတ်မှတ်ထားပါတယ်။ ဒီမော်ဒယ်ကို ဩဂုတ်လမှာမှ စတင်ရောင်းချသွားပါမယ်။ လက်ရှိအချိန်မှာ နိုင်ငံတကာဈေးကွက်များမှာ ရောင်းချလာမလားဆိုတာ မသိရသေးပါဘူး။

NetGuide Journal (Every Wednesday)

——————————————————————————————————

(Zawgyi Version)







