ကမ္ဘာတစ်လွှားလူကြိုက်များတဲ့ စမတ်ဖုန်းတွေ အများအပြား ရှိပါတယ်။ ဒါပေမယ့် တကယ်လို့များ သင်ဟာ iPhone အသုံးပြုနေတယ်ဆိုရင် လတ်တလောမှာ ပုံမှန်ထက် ဘက်ထရီပိုကုန်နေတာ သတိပြုမိကြပါလိမ့်မယ်။

iPhone အသုံးပြုသူ အမြောက်အမြားတို့ဟာ Apple Music App အသုံးပြုစဉ်အတွင်း ဘက်ထရီများစွာ ကုန်ဆုံးတယ်ဆိုပြီး Apple ရဲ့ Support Forum မှာ စောဒကတက်လျက် ရှိကြပါတယ်။

အသုံးပြုသူတစ်ဦးက သူ့ iPhone 8 မှာ iOS 13.4.1 သုံးထားပြီး အစောပိုင်းတုန်းက ကောင်းမွန်သော်လည်း နောက်ပိုင်းတွင် ဘက်ထရီသုံးစွဲမှု အလွန်မြင့်မားလာကြောင်းနှင့် ဘက်ထရီသုံးစွဲတဲ့ App များကို ကြည့်တဲ့အခါ Music App က အများဆုံးဖြစ်နေကြောင်း ဆိုထားပါတယ်။

အခြား iPhone X အသုံးပြုသူတစ်ဦးကလည်း သူ့ရဲ့ iPhone X မှာ Music App မဖွင့်ထားချိန်မှာလည်း ဘက်ထရီများစွာကုန်ဆုံးနေကြောင်း ဆိုထားပါတယ်။

အခုအချိန်မှာ Apple က Music App ရဲ့ ဘက်ထရီသုံးစွဲမှု မြင့်မားမှုအပေါ် ဖြေရှင်းပေးခြင်း မရှိသေးပါဘူး။ လတ်တလောမှာ ယင်းပြဿနာကို ဖြေရှင်းဖို့ နည်းလမ်းတစ်ခုတည်းဘဲ ရှိနေပါတယ်။ Music App ကို ဖျက်ပြီးတော့ဘဲ ဖြေရှင်းမှဘဲ ရနိုင်ပါမယ်။

Apple ဟာ ယင်းပြဿနာကို သိရှိသွားပြီဖြစ်တာကြောင့် အနာဂတ် ဆော့ဝဲလ် Update မှာ ဖြေရှင်းပေးလာဖို့တော့ ရှိနေပါတယ်။

NetGuide Journal (Every Wednesday)

——————————————————————————————————

(Zawgyi Version)

Apple Music ေၾကာင့္ သင့္ iPhone ဘက္ထရီကုန္ဆုံးမႈ ျမန္မႈကို ဘယ္လိုေျဖရွင္းမလဲ

ကမာၻတစ္လႊားလူႀကိဳက္မ်ားတဲ့ စမတ္ဖုန္းေတြ အမ်ားအျပား ရွိပါတယ္။ ဒါေပမယ့္ တကယ္လို႔မ်ား သင္ဟာ iPhone အသုံးျပဳေနတယ္ဆိုရင္ လတ္တေလာမွာ ပုံမွန္ထက္ ဘက္ထရီပိုကုန္ေနတာ သတိျပဳမိၾကပါလိမ့္မယ္။

iPhone အသုံးျပဳသူ အေျမာက္အျမားတို႔ဟာ Apple Music App အသုံးျပဳစဥ္အတြင္း ဘက္ထရီမ်ားစြာ ကုန္ဆုံးတယ္ဆိုၿပီး Apple ရဲ႕ Support Forum မွာ ေစာဒကတက္လ်က္ ရွိၾကပါတယ္။

အသုံးျပဳသူတစ္ဦးက သူ႔ iPhone 8 မွာ iOS 13.4.1 သုံးထားၿပီး အေစာပိုင္းတုန္းက ေကာင္းမြန္ေသာ္လည္း ေနာက္ပိုင္းတြင္ ဘက္ထရီသုံးစြဲမႈ အလြန္ျမင့္မားလာေၾကာင္းႏွင့္ ဘက္ထရီသုံးစြဲတဲ့ App မ်ားကို ၾကည့္တဲ့အခါ Music App က အမ်ားဆုံးျဖစ္ေနေၾကာင္း ဆိုထားပါတယ္။

အျခား iPhone X အသုံးျပဳသူတစ္ဦးကလည္း သူ႔ရဲ႕ iPhone X မွာ Music App မဖြင့္ထားခ်ိန္မွာလည္း ဘက္ထရီမ်ားစြာကုန္ဆုံးေနေၾကာင္း ဆိုထားပါတယ္။

အခုအခ်ိန္မွာ Apple က Music App ရဲ႕ ဘက္ထရီသုံးစြဲမႈ ျမင့္မားမႈအေပၚ ေျဖရွင္းေပးျခင္း မရွိေသးပါဘူး။ လတ္တေလာမွာ ယင္းျပႆနာကို ေျဖရွင္းဖို႔ နည္းလမ္းတစ္ခုတည္းဘဲ ရွိေနပါတယ္။ Music App ကို ဖ်က္ၿပီးေတာ့ဘဲ ေျဖရွင္းမွဘဲ ရႏိုင္ပါမယ္။

Apple ဟာ ယင္းျပႆနာကို သိရွိသြားၿပီျဖစ္တာေၾကာင့္ အနာဂတ္ ေဆာ့ဝဲလ္ Update မွာ ေျဖရွင္းေပးလာဖို႔ေတာ့ ရွိေနပါတယ္။

NetGuide Journal (Every Wednesday)