ယခုနှစ်ထွက် အဆင့်မြင့် စမတ်ဖုန်းဈေးနှုန်းက ယမန်နှစ်ထွက် အဆင့်မြင့် စမတ်ဖုန်းများရဲ့ ဈေးနှုန်းထက် မြင့်မားပါတယ်။ ယင်းသို့ ဈေးနှုန်းမြင့်မားရတဲ့ အဓိက အကြောင်းအရင်းထဲက တစ်ခုကတော့ Chipset ဈေးနှုန်းမြင့်မားမှုကြောင့် ဖြစ်ပါတယ်။ ယနေ့ တောင်ကိုရီးယားမီဒီယာရဲ့ ဖော်ပြမှုအရ လာမယ့် 2021 ခုနှစ်ထွက် အဆင့်မြင့် စမတ်ဖုန်းဈေးနှုန်းက ပိုမိုမြင့်မားလာမှာဖြစ်ကြောင်း သိရပါတယ်။

IT Home ရဲ့ ဖော်ပြချက်အရ လာမယ့်နှစ်မှာ Qualcomm က ထုတ်လုပ်လာမယ့် Snapdargon 875 ရဲ့ ဈေးနှုန်းမှာ ဒေါ်လာ 250 ဝန်းကျင်ဖြစ်လာမယ်လို့ သိရပါတယ်။ ယင်းဈေးနှုန်းမှာ Processor+Snapdragon X60 5G Modem ဈေးနှုန်း ဖြစ်ပါတယ်။

ယခုနှစ်ထွက် အဆင့်မြင့် စမတ်ဖုန်းများမှာ သုံးနေတဲ့ Snapdragon 865 ရဲ့ ဈေးနှုန်းက ဒေါ်လာ 150 မှ ဒေါ်လာ 160 အတွင်းသာ ရှိကာ Snapdragon 875 ဈေးနှုန်းက ဒေါ်လာ 100 အထိ မြင့်မားလာပါမယ်။ ယင်းသို့ Chipset ဈေးနှုန်း မြင့်မားမှုနဲ့အတူ စမတ်ဖုန်းဈေးနှုန်းကလည်း မြင့်မားလာမှာ ဖြစ်ပါတယ်။

Snapdragon 875 မှာ Cortex-A77 ထက် စွမ်းဆောင်ရည် 30 ရာခိုင်နှုန်းအထိ မြင့်မားတဲ့ Super-Core Cortex-X1 Processor သုံးလာမယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာ Xiaomi နှင့် Redmi တို့က Snapdragon 865 သုံး စမတ်ဖုန်းတွေထဲမှာ ဈေးနှုန်းအသက်သာဆုံး စမတ်ဖုန်းများကို ရောင်းချနေကြတဲ့ကုမ္ပဏီ ဖြစ်ပါတယ်။ ၎င်းတို့ဟာ လာမယ့်နှစ်မှာ Chipset ဈေးနှုန်းမြင့်မားလာမှုနဲ့အတူ စမတ်ဖုန်းဈေးနှုန်းကိုလည်း တိုးမြှင့်ရောင်းချလာရတော့မှာ ဖြစ်ပါတယ်။

NetGuide Journal (Every Wednesday)

——————————————————————————————————

(Zawgyi Version)

လာမယ့္ႏွစ္ အဆင့္ျမင့္ စမတ္ဖုန္းေဈးႏႈန္းမ်ား ေဈးႀကီးလာမည္

ယခုႏွစ္ထြက္ အဆင့္ျမင့္ စမတ္ဖုန္းေဈးႏႈန္းက ယမန္ႏွစ္ထြက္ အဆင့္ျမင့္ စမတ္ဖုန္းမ်ားရဲ႕ ေဈးႏႈန္းထက္ ျမင့္မားပါတယ္။ ယင္းသို႔ ေဈးႏႈန္းျမင့္မားရတဲ့ အဓိက အေၾကာင္းအရင္းထဲက တစ္ခုကေတာ့ Chipset ေဈးႏႈန္းျမင့္မားမႈေၾကာင့္ ျဖစ္ပါတယ္။ ယေန႔ ေတာင္ကိုရီးယားမီဒီယာရဲ႕ ေဖာ္ျပမႈအရ လာမယ့္ 2021 ခုႏွစ္ထြက္ အဆင့္ျမင့္ စမတ္ဖုန္းေဈးႏႈန္းက ပိုမိုျမင့္မားလာမွာျဖစ္ေၾကာင္း သိရပါတယ္။

IT Home ရဲ႕ ေဖာ္ျပခ်က္အရ လာမယ့္ႏွစ္မွာ Qualcomm က ထုတ္လုပ္လာမယ့္ Snapdargon 875 ရဲ႕ ေဈးႏႈန္းမွာ ေဒၚလာ 250 ဝန္းက်င္ျဖစ္လာမယ္လို႔ သိရပါတယ္။ ယင္းေဈးႏႈန္းမွာ Processor+Snapdragon X60 5G Modem ေဈးႏႈန္း ျဖစ္ပါတယ္။

ယခုႏွစ္ထြက္ အဆင့္ျမင့္ စမတ္ဖုန္းမ်ားမွာ သုံးေနတဲ့ Snapdragon 865 ရဲ႕ ေဈးႏႈန္းက ေဒၚလာ 150 မွ ေဒၚလာ 160 အတြင္းသာ ရွိကာ Snapdragon 875 ေဈးႏႈန္းက ေဒၚလာ 100 အထိ ျမင့္မားလာပါမယ္။ ယင္းသို႔ Chipset ေဈးႏႈန္း ျမင့္မားမႈနဲ႔အတူ စမတ္ဖုန္းေဈးႏႈန္းကလည္း ျမင့္မားလာမွာ ျဖစ္ပါတယ္။

Snapdragon 875 မွာ Cortex-A77 ထက္ စြမ္းေဆာင္ရည္ 30 ရာခိုင္ႏႈန္းအထိ ျမင့္မားတဲ့ Super-Core Cortex-X1 Processor သုံးလာမယ္လို႔ သိရပါတယ္။

လက္ရွိအခ်ိန္မွာ Xiaomi ႏွင့္ Redmi တို႔က Snapdragon 865 သုံး စမတ္ဖုန္းေတြထဲမွာ ေဈးႏႈန္းအသက္သာဆုံး စမတ္ဖုန္းမ်ားကို ေရာင္းခ်ေနၾကတဲ့ကုမၸဏီ ျဖစ္ပါတယ္။ ၎တို႔ဟာ လာမယ့္ႏွစ္မွာ Chipset ေဈးႏႈန္းျမင့္မားလာမႈနဲ႔အတူ စမတ္ဖုန္းေဈးႏႈန္းကိုလည္း တိုးျမႇင့္ေရာင္းခ်လာရေတာ့မွာ ျဖစ္ပါတယ္။

NetGuide Journal (Every Wednesday)