HMD Global ဟာ 5G စမတ်ဖုန်း တစ်လုံးတည်းဘဲ ကြေညာရပါသေးတယ်။ Nokia 8.3 5G ဖြစ်ပါတယ်။ ယင်းဖုန်းမှာ Snpadragon 765G Chipset အသုံးပြုထားပြီး ဈေးကွက်ထဲမှာ မရောင်းချရသေးပါဘူး။ ယူရို 599 အထိ သတ်မှတ်လာဖို့ ရှိပြီး အလယ်အလတ်တန်း စမတ်ဖုန်းတစ်လုံးအတွက် မြင့်မားတဲ့ ဈေးနှုန်း ဖြစ်လာပါမယ်။ တကယ်လို့များ သင့်ဟာ Nokia အမှတ်တံဆိပ် တန်ဖိုးသင့် 5G စမတ်ဖုန်း စောင့်မျှော်နေတယ်ဆိုရင် မကြာမီကာလအတွင်းမှာ မြင်တွေ့လာရဖို့ ရှိနေပါတယ်။

Nokia Power User ရဲ့ ဖော်ပြချက်အရ HMD Global ဟာ MediaTek Dimensity 800 စီးရီး Processor အသုံးပြုထားတဲ့ တန်ဖိုးသင့် 5G စမတ်ဖုန်း ထုတ်လုပ်ဖို့ လုပ်ဆောင်နေကြောင်း သိရပါတယ်။ ယင်းဖုန်းမှာ Dimensity 800 သုံးလာမလား၊ Dimensity 820 SoC သုံးလာမလားဆိုတာ အတိအကျ မပြောနိုင်သေးပါဘူး။
လတ်တလောမှာ ယင်းဖုန်းနဲ့ပတ်သက်ပြီး ဒီလောက်ဘဲ သိရပါသေးတယ်။ ဒါပေမယ့် Nokia 7.3 မဖြစ်လာဖို့တော့ သေချာပါတယ်။လတ်တလောအချိန်မှာ တစ်ကမ္ဘာလုံး COVID-19 ကြောင့် စမတ်ဖုန်းဈေးကွက် အေးနေချိန်မှာ HMD Global ဟာ စမတ်ဖုန်းသစ် ကြေညာ ရောင်းချရေးကို ရွေ့ဆိုင်းနေတာကြောင့် တန်ဖိုးသင့် Nokia စမတ်ဖုန်းကို နှစ်ကုန်ပိုင်း (သို့မဟုတ်) 2021 ခုနှစ် အစောပိုင်းမှာမှ ကြေညာလာနိုင်ပါတယ်။

NetGuide Journal (Every Wednesday)

—————————————————————————————

  • (Zawgyi Version)

Dimensity 800 စီးရီး သုံးထားတဲ့ တန္ဖိုးသင့္ 5G ထုတ္လုပ္လာမယ့္ Nokia

HMD Global ဟာ 5G စမတ္ဖုန္း တစ္လုံးတည္းဘဲ ေၾကညာရပါေသးတယ္။ Nokia 8.3 5G ျဖစ္ပါတယ္။ ယင္းဖုန္းမွာ Snpadragon 765G Chipset အသုံးျပဳထားၿပီး ေဈးကြက္ထဲမွာ မေရာင္းခ်ရေသးပါဘူး။ ယူ႐ို 599 အထိ သတ္မွတ္လာဖို႔ ရွိၿပီး အလယ္အလတ္တန္း စမတ္ဖုန္း တစ္လုံးအတြက္ ျမင့္မားတဲ့ ေဈးႏႈန္း ျဖစ္လာပါမယ္။ တကယ္လို႔မ်ား သင့္ဟာ Nokia အမွတ္တံဆိပ္ တန္ဖိုးသင့္ 5G စမတ္ဖုန္း ေစာင့္ေမွ်ာ္ေနတယ္ဆိုရင္ မၾကာမီကာလအတြင္းမွာ ျမင္ေတြ႕လာရဖို႔ ရွိေနပါတယ္။

Nokia Power User ရဲ႕ ေဖာ္ျပခ်က္အရ HMD Global ဟာ MediaTek Dimensity 800 စီးရီး Processor အသုံးျပဳထားတဲ့ တန္ဖိုးသင့္ 5G စမတ္ဖုန္း ထုတ္လုပ္ဖို႔ လုပ္ေဆာင္ေနေၾကာင္း သိရပါတယ္။ ယင္းဖုန္းမွာ Dimensity 800 သုံးလာမလား၊ Dimensity 820 SoC သုံးလာမလားဆိုတာ အတိအက် မေျပာႏိုင္ေသးပါဘူး။
လတ္တေလာမွာ ယင္းဖုန္းနဲ႔ပတ္သက္ၿပီး ဒီေလာက္ဘဲ သိရပါေသးတယ္။ ဒါေပမယ့္ Nokia 7.3 မျဖစ္လာဖို႔ေတာ့ ေသခ်ာပါတယ္။လတ္တေလာအခ်ိန္မွာ တစ္ကမာၻလုံး COVID-19 ေၾကာင့္ စမတ္ဖုန္းေဈးကြက္ ေအးေနခ်ိန္မွာ HMD Global ဟာ စမတ္ဖုန္းသစ္ ေၾကညာ ေရာင္းခ်ေရးကို ေ႐ြ႕ဆိုင္းေနတာေၾကာင့္ တန္ဖိုးသင့္ Nokia စမတ္ဖုန္းကို ႏွစ္ကုန္ပိုင္း (သို႔မဟုတ္) 2021 ခုႏွစ္ အေစာပိုင္းမွာမွ ေၾကညာလာႏိုင္ပါတယ္။

NetGuide Journal (Every Wednesday)