Broadcom CEO ဟော့တန်က Bloomberg နှင့် အင်တာဗျူးမှာ မြောက်အမေရိကတိုက်ရဲ့ အကြီးမားဆုံး မိုဘိုင်းဖုန်းမှာ ဖုန်းထုတ်လုပ်မှုပိုင်း အကြီးအကျယ်ရွေ့ဆိုင်းထားရကာ ဖုန်း မိတ်ဆက်တဲ့ကာလနှင့် ရောင်းချတဲ့ကာလကိုလည်း ရွေ့ဆိုင်းလာနိုင်ကြောင်း ဆိုသွားပါတယ်။ ၎င်းက ဖုန်းကုမ္ပဏီအမည်ကို မပြောထားပေမယ့်လည်း မြောက်အမေရိကရဲ့ အကြီးမားဆုံး ကုမ္ပဏီဆိုတာကြောင့် Apple ကို ရည်ရွယ်တာ ငြင်းလို့ မရပါဘူး။ Broadcom က Apple အတွက် အဓိက ပစ္စည်းထောက်ပံ့တဲ့ ကုမ္ပဏီတွေထဲက တစ်ခု ဖြစ်ပါတယ်။ ၎င်းတို့ဟာ ဒေါ်လာ 15 ဘီလီယမ်တန်စာချုပ်အား Apple နှင့် ချုပ်ဆိုခဲ့ပါတယ်။

Apple ဟာ iPhone 11 စီးရီးမှာ Broadcomm က ထုတ်လုပ်တဲ့ Bluetooth နှင့် Wi-Fi တို့ကို အသုံးပြုထားပါတယ်။ Broadcom ဟာ အနာဂတ် iPhone များရဲ့ 5G အစိတ်အပိုင်းများကိုလည်း ထောက်ပံ့လာဖို့ ရှိနေပါတယ်။ Apple ဟာ iPhone 12 မိတ်ဆက်ရေးကို ရွေ့ဆိုင်းလာနိုင်မှုနဲ့အတူ 2020 ခုနှစ်၊ တတိယသုံးလနှင့် စတုတ္ထသုံးလ ဝင်ငွေတို့ကလည်း အကြီးအကျယ် ကျဆင်းလာနိုင်ပါတယ်။ ပုံမှန်အားဖြင့် Apple ဟာ iPhone မိတ်ဆက်ပွဲကို စက်တင်ဘာလမှာ ပြုလုပ်လေ့ရှိပြီး ယခုနှစ်မှာ တစ်ကမ္ဘာလုံး COVID-19 ကူးစက်ကပ်ရောဂါခံစားနေရမှုကြောင့် ဖုန်းထုတ်လုပ်မှုအပိုင်းကို များစွာ နစ်နာစေလျက်ရှိပါတယ်။

NetGuide Journal (Every Wednesday)

—————————————————————————————

  • (Zawgyi Version)

iPhone 12 မိတ္ဆက္ကာလ ေ႐ြ႕ဆိုင္းႏိုင္ေၾကာင္း Brodcom CEO အရိပ္အႁမြက္ေျပာၾကား

Broadcom CEO ေဟာ့တန္က Bloomberg ႏွင့္ အင္တာဗ်ဴးမွာ ေျမာက္အေမရိကတိုက္ရဲ႕ အႀကီးမားဆုံး မိုဘိုင္းဖုန္းမွာ ဖုန္းထုတ္လုပ္မႈပိုင္း အႀကီးအက်ယ္ေ႐ြ႕ဆိုင္းထားရကာ ဖုန္း မိတ္ဆက္တဲ့ကာလႏွင့္ ေရာင္းခ်တဲ့ကာလကိုလည္း ေ႐ြ႕ဆိုင္းလာႏိုင္ေၾကာင္း ဆိုသြားပါတယ္။ ၎က ဖုန္းကုမၸဏီအမည္ကို မေျပာထားေပမယ့္လည္း ေျမာက္အေမရိကရဲ႕ အႀကီးမားဆုံး ကုမၸဏီဆိုတာေၾကာင့္ Apple ကို ရည္႐ြယ္တာ ျငင္းလို႔ မရပါဘူး။ Broadcom က Apple အတြက္ အဓိက ပစၥည္းေထာက္ပံ့တဲ့ ကုမၸဏီေတြထဲက တစ္ခု ျဖစ္ပါတယ္။ ၎တို႔ဟာ ေဒၚလာ 15 ဘီလီယမ္တန္စာခ်ဳပ္အား Apple ႏွင့္ ခ်ဳပ္ဆိုခဲ့ပါတယ္။

Apple ဟာ iPhone 11 စီးရီးမွာ Broadcomm က ထုတ္လုပ္တဲ့ Bluetooth ႏွင့္ Wi-Fi တို႔ကို အသုံးျပဳထားပါတယ္။ Broadcom ဟာ အနာဂတ္ iPhone မ်ားရဲ႕ 5G အစိတ္အပိုင္းမ်ားကိုလည္း ေထာက္ပံ့လာဖို႔ ရွိေနပါတယ္။ Apple ဟာ iPhone 12 မိတ္ဆက္ေရးကို ေ႐ြ႕ဆိုင္းလာႏိုင္မႈနဲ႔အတူ 2020 ခုႏွစ္၊ တတိယသုံးလႏွင့္ စတုတၳသုံးလ ဝင္ေငြတို႔ကလည္း အႀကီးအက်ယ္ က်ဆင္းလာႏိုင္ပါတယ္။ ပုံမွန္အားျဖင့္ Apple ဟာ iPhone မိတ္ဆက္ပြဲကို စက္တင္ဘာလမွာ ျပဳလုပ္ေလ့ရွိၿပီး ယခုႏွစ္မွာ တစ္ကမာၻလုံး COVID-19 ကူးစက္ကပ္ေရာဂါခံစားေနရမႈေၾကာင့္ ဖုန္းထုတ္လုပ္မႈအပိုင္းကို မ်ားစြာ နစ္နာေစလ်က္ရွိပါတယ္။

NetGuide Journal (Every Wednesday)