DxOMark ရဲ့ OnePlus 8 Pro ကို Review လုပ်လာပါတယ်။ OnePlus 8 Pro ဟာ DxOMark မှာ ဓာတ်ပုံအတွက် 126 မှတ်၊ ဗီဒီယိုရိုက်ကူးမှုအတွက် 103 မှတ်ရရှိခဲ့ကာ Galaxy S20+ ရဲ့ အဆင့် 10 နေရာကို လွဲပြောင်း ရယူနိုင်ခဲ့ပါတယ်။ Samsung Galaxy S20+ ဟာ တစ်မှတ်တည်းနှင့် OnePlus 8 Pro ကို အဆင့် 10 နေရာအား လွဲပေးခဲ့ရတာလည်း ဖြစ်ပါတယ်။

OnePlus 8 Pro က OnePlus 7T Pro နှင့် နှိုင်းယှဉ်ရင် ကင်မရာပိုင်း များစွာ အဆင့်မြင့်ထားတဲ့ ဗားရှင်း ဖြစ်ပါတယ်။ အဓိကကင်မရာက 48MP Quad-Bayer Camera ဖြစ်ပြီး ဒုတိယကင်မရာကလည်း 48MP Ultrawide ဖြစ်ကာ OnePlus 7T Pro မှာ သုံးခဲ့တဲ့ အဓိကကင်မရာ ဖြစ်ပါတယ်။ ဒီဖုန်းမှာ ယခင်ဖုန်းမှာ သုံးခဲ့တဲ့ 8MP 3x Telephoto Camera ဘဲ သုံးထားပါတယ်။

DxOMark ဟာ OnePlus 8 Pro ရဲ့ အဓိကကင်မရာဖြင့် ဓာတ်ပုံရိုက်ကူးမှုအပိုင်းမှာ အဖြူရောင်ဟန်ချက်ညီ၊ အရောင်ပေးမှု၊ အသေးစိတ်နိုင်မှုတို့ ချီးကျူးထားပြီး မြင်ကွင်းကျယ် ကင်မရာရဲ့ အသေးစိတ်ကျမှု၊ အရောင်ပေးမှုတို့ကို ချီးကျူးထားပါတယ်။ ဒါ့အပြင် OnePlus 8 Pro ရဲ့ Dynamci Range ကို iPhone 11 Pro Max ထက် ကောင်းကြောင်း ချီးကျူးထားပါတယ်။ ဒါပေမယ့် Huawei 40 Pro လောက်တော့ မကောင်းမွန်ပါဘူး။
ဗီဒီယိုပိုင်းမှာ OnePlus 8 Pro ရဲ့ Exposure ၊ အရောင်ပေးမှုတို့ကို ချီးကျူးထားကာ ဗီဒီယိုရိုက်ကူးမှုအပိုင်းမှာ အကောင်းဆုံး စမတ်ဖုန်း ငါးလုံးစာရင်းဝင်ပါတယ်။

NetGuide Journal (Every Wednesday)

—————————————————————————————

  • (Zawgyi Version)

Galaxy S20+ ရဲ့ DxOMark အဆင့် 10 နေရာကို OnePlus 8 Pro လွဲပြောင်းရယူ



