Realme X3 SuperZoom ကို ကြေညာလာပြီ ဖြစ်ပါတယ်။ Realme X3 SuperZoom မှာ အမည်မှာ သုံးထားသလိုဘဲ 8MP 122mm 5x Periscope Zoom Lens ပါဝင်တဲ့အပြင် အဓိကကင်မရာ 64MP ဖြင့် 60x Hybrid Zoom လည်း ရိုက်ကူးနိုင်ပါတယ်။ ကျန်ကျောဘက်ကင်မရာနှစ်လုံးက 8MP Ultrawide နှင့် 2MP Macro တို့ ဖြစ်ပါတယ်။ အဓိကကင်မရာက Nightscape 4.0 ပါဝင်တဲ့အပြင် ISO စတာတွေကို ချိန်ညှိသုံးနိုင်မယ့် Pro Mode လည်း ပါဝင်ပါတယ်။ ဒါ့အပြင် Tripod Mode လည်း ပါဝင်ပါတယ်။

Realme X3 SuperZoom ရဲ့ မျက်နှာပြင်မှာ Punch-Hole သုံးထားကာ 32MP Sony IMX616 Sensor နှင့် 8MP Ulrawide ကင်မရာလည်း ပါဝင်ပါတယ်။ အဓိကကင်မရာဖြင့် Nightscape Selfie ရိုက်ကူးနိုင်ပါတယ်။ မျက်နှာပြင် 6.5 လက်မ 1080x2400px IPS LCD သုံးထားပြီး 120Hz Refresh Rate ထောက်ပံ့ထားပါတယ်။ လက်ဗွေရာစနစ်ကို ဘောင်မှာ ထည့်သွင်းထားကာ 0.3 စက္ကန့်ဖြင့် ဖုန်းဖွင့်နိုင်ပါမယ်။

X3 SuperZoom ကို Snapdragon 855+ ၊ RAM12GB နှင့် ပါဝါထောက်ပံ့ထားပြီး Vapor Chamber Cooling ၊ 256GB UFS 3.0 Storage တို့ ပါဝင်ပါတယ်။ Realme X3 SuperZoom ကို ဇွန်လ 2 ရက်နေ့မှာ စတင်ရောင်းချသွားမှာ ဖြစ်ပြီး Glacier Blue ၊ Arctic White အရောင်တို့နှင့် ရွေးချယ်နိုင်ကာ ဈေးနှုန်း ယူရို 499 သတ်မှတ်ထားပါတယ်။

NetGuide Journal (Every Wednesday)

—————————————————————————————

  • (Zawgyi Version)

5x Periscope Camera ၊ Snapdragon 855+ အသုံးျပဳထားတဲ့ Realme X3 SuperZoom ကို ေၾကညာ

Realme X3 SuperZoom ကို ေၾကညာလာၿပီ ျဖစ္ပါတယ္။ Realme X3 SuperZoom မွာ အမည္မွာ သုံးထားသလိုဘဲ 8MP 122mm 5x Periscope Zoom Lens ပါဝင္တဲ့အျပင္ အဓိကကင္မရာ 64MP ျဖင့္ 60x Hybrid Zoom လည္း ႐ိုက္ကူးႏိုင္ပါတယ္။ က်န္ေက်ာဘက္ကင္မရာႏွစ္လုံးက 8MP Ultrawide ႏွင့္ 2MP Macro တို႔ ျဖစ္ပါတယ္။ အဓိကကင္မရာက Nightscape 4.0 ပါဝင္တဲ့အျပင္ ISO စတာေတြကို ခ်ိန္ညႇိသုံးႏိုင္မယ့္ Pro Mode လည္း ပါဝင္ပါတယ္။ ဒါ့အျပင္ Tripod Mode လည္း ပါဝင္ပါတယ္။

Realme X3 SuperZoom ရဲ႕ မ်က္ႏွာျပင္မွာ Punch-Hole သုံးထားကာ 32MP Sony IMX616 Sensor ႏွင့္ 8MP Ulrawide ကင္မရာလည္း ပါဝင္ပါတယ္။ အဓိကကင္မရာျဖင့္ Nightscape Selfie ႐ိုက္ကူးႏိုင္ပါတယ္။ မ်က္ႏွာျပင္ 6.5 လက္မ 1080x2400px IPS LCD သုံးထားၿပီး 120Hz Refresh Rate ေထာက္ပံ့ထားပါတယ္။ လက္ေဗြရာစနစ္ကို ေဘာင္မွာ ထည့္သြင္းထားကာ 0.3 စကၠန႔္ျဖင့္ ဖုန္းဖြင့္ႏိုင္ပါမယ္။

X3 SuperZoom ကို Snapdragon 855+ ၊ RAM12GB ႏွင့္ ပါဝါေထာက္ပံ့ထားၿပီး Vapor Chamber Cooling ၊ 256GB UFS 3.0 Storage တို႔ ပါဝင္ပါတယ္။ Realme X3 SuperZoom ကို ဇြန္လ 2 ရက္ေန႔မွာ စတင္ေရာင္းခ်သြားမွာ ျဖစ္ၿပီး Glacier Blue ၊ Arctic White အေရာင္တို႔ႏွင့္ ေ႐ြးခ်ယ္ႏိုင္ကာ ေဈးႏႈန္း ယူ႐ို 499 သတ္မွတ္ထားပါတယ္။

NetGuide Journal (Every Wednesday)