OPPO Ace2 ရဲ့ EVA Limited Edition ကို ကြေညာလာပြီ ဖြစ်ပါတယ်။ OPPO Ace2 EVA Limited Edition ရဲ့ ကျောဘက်မှာ အထူးထုတ်ဒီဇိုင်းများ သုံးထားတဲ့အပြင် EVA စတိုင် အသုံးအဆောင်များလည်း ထည့်သွင်းထားပါတယ်။ OPPO Ace2 EVA Limited Edition မှာ ခရမ်းရောင်၊ အစိမ်းရောင်ပေါင်းစပ် ဖန်တီးထားကာ ဖုန်းမှာလည်း EVA Themed Wallpapers များလည်း ပါဝင်ပါတယ်။

OPPO Ace2 EVA Limited Edition ဗူးအတွင်းမှာ အထူးထုတ် Charger ၊ 3.5 မီလီမီတာ နားကြပ်၊ ကြိုးတို့ ထည့်သွင်းထားတဲ့အပြင် SIM Ejector ကလည်း Spear Of Longinus စတိုင် သုံးထားပါတယ်။ OPPO Ace2 EVA Limited Edition မှာ အပြင်ပန်းဒီဇိုင်းကလွဲရင် အတွင်းပိုင်းမှာတော့ OPPO Ace2 မှာ အပြင်ပန်းဒီဇိုင်းကလွဲရင် အတွင်းပိုင်းမှာတော့ OPPO Ace2 နဲ့အတူတူ ဖြစ်ပါတယ်။

ဒီဖုန်းမှာလည်း မျက်နှာပြင် 6.55 လက်မ AMOLED FHD+ ရုပ်ထွက်၊ 90Hz Refresh Rate ထောက်ပံ့ထားပါတယ်။ Snapdragon 865 နှင့် ပါဝါထောက်ပံ့ထားပါတယ်။ ကျောဘက်ကင်မရာလေးလုံးက 48MP+8MP Ultrawide+2MP Depth+2MP Macro တို့ ဖြစ်ကာ ရှေ့ကင်မရာက 16MP ဖြစ်ပါတယ်။

ဘက်ထရီ 4000 mAh ပါဝင်ပြီး 65W ဖြင့် အားသွင်းနိုင်ကာ အားအပြည့်သွင်းဖို့ မိနစ် 30 ဘဲ အချိန်ယူရပါမယ်။ OPPO Ace2 EVA Limited Edition ရဲ့ ဆက်စပ်ပစ္စည်းများကိုလည်း ရောင်းချသွားဦးမှာ ဖြစ်ပါတယ်။ ကြိုးမဲ့ နားကြပ်အဖြစ် OPPO Enco W31 TWS ကို ရွေးချယ်နိုင်သလို OPPO Air VOOC ကြိုးမဲ့ Charger လည်း ရွေးချယ်နိုင်ပါတယ်။

ဒါ့အပြင် အထူးထုတ် OPPO Watch လည်း ရွေးချယ်ဝယ်ယူနိုင်ပါသေးတယ်။ OPPO Ace2 EVA Limited Edition ကို ဈေးနှုန်း ဒေါ်လာ 615 သတ်မှတ်ထားပြီး တစ်ကမ္ဘာလုံးမှာ အလုံးရေ 10000 ဘဲ ရောင်းချသွားပါမယ်။

စမတ်နာရီကိုလည်း အလုံးရေ 10000 ဘဲ ထုတ်လုပ်ရောင်းချမှာ ဖြစ်ကာ ကြိုးမဲ့နားကြပ်နှင့် Air VOOC တို့ကိုတော့ အခုရေ 500 စီဘဲ ထုတ်လုပ်ရောင်းချသွားပါမယ်။ OPPO Ace2 EVA Limited Edition ကို လာမယ့် ဇွန်လ 1 ရက်နေ့မှာ စတင်ရောင်းချသွားပါမယ်။

NetGuide Journal (Every Wednesday)

—————————————————————————————

  • (Zawgyi Version)

အထူးထုတ္ နာရီ၊ နားၾကပ္၊ AirVOOC Charger တို႔ ပါဝင္တဲ့ Ace2 EVA Limited Edition ကို OPPO ေၾကညာ

OPPO Ace2 ရဲ႕ EVA Limited Edition ကို ေၾကညာလာၿပီ ျဖစ္ပါတယ္။ OPPO Ace2 EVA Limited Edition ရဲ႕ ေက်ာဘက္မွာ အထူးထုတ္ဒီဇိုင္းမ်ား သုံးထားတဲ့အျပင္ EVA စတိုင္ အသုံးအေဆာင္မ်ားလည္း ထည့္သြင္းထားပါတယ္။ OPPO Ace2 EVA Limited Edition မွာ ခရမ္းေရာင္၊ အစိမ္းေရာင္ေပါင္းစပ္ ဖန္တီးထားကာ ဖုန္းမွာလည္း EVA Themed Wallpapers မ်ားလည္း ပါဝင္ပါတယ္။

OPPO Ace2 EVA Limited Edition ဗူးအတြင္းမွာ အထူးထုတ္ Charger ၊ 3.5 မီလီမီတာ နားၾကပ္၊ ႀကိဳးတို႔ ထည့္သြင္းထားတဲ့အျပင္ SIM Ejector ကလည္း Spear Of Longinus စတိုင္ သုံးထားပါတယ္။ OPPO Ace2 EVA Limited Edition မွာ အျပင္ပန္းဒီဇိုင္းကလြဲရင္ အတြင္းပိုင္းမွာေတာ့ OPPO Ace2 မွာ အျပင္ပန္းဒီဇိုင္းကလြဲရင္ အတြင္းပိုင္းမွာေတာ့ OPPO Ace2 နဲ႔အတူတူ ျဖစ္ပါတယ္။

ဒီဖုန္းမွာလည္း မ်က္ႏွာျပင္ 6.55 လက္မ AMOLED FHD+ ႐ုပ္ထြက္၊ 90Hz Refresh Rate ေထာက္ပံ့ထားပါတယ္။ Snapdragon 865 ႏွင့္ ပါဝါေထာက္ပံ့ထားပါတယ္။ ေက်ာဘက္ကင္မရာေလးလုံးက 48MP+8MP Ultrawide+2MP Depth+2MP Macro တို႔ ျဖစ္ကာ ေရွ႕ကင္မရာက 16MP ျဖစ္ပါတယ္။

ဘက္ထရီ 4000 mAh ပါဝင္ၿပီး 65W ျဖင့္ အားသြင္းႏိုင္ကာ အားအျပည့္သြင္းဖို႔ မိနစ္ 30 ဘဲ အခ်ိန္ယူရပါမယ္။ OPPO Ace2 EVA Limited Edition ရဲ႕ ဆက္စပ္ပစၥည္းမ်ားကိုလည္း ေရာင္းခ်သြားဦးမွာ ျဖစ္ပါတယ္။ ႀကိဳးမဲ့ နားၾကပ္အျဖစ္ OPPO Enco W31 TWS ကို ေ႐ြးခ်ယ္ႏိုင္သလို OPPO Air VOOC ႀကိဳးမဲ့ Charger လည္း ေ႐ြးခ်ယ္ႏိုင္ပါတယ္။

ဒါ့အျပင္ အထူးထုတ္ OPPO Watch လည္း ေ႐ြးခ်ယ္ဝယ္ယူႏိုင္ပါေသးတယ္။ OPPO Ace2 EVA Limited Edition ကို ေဈးႏႈန္း ေဒၚလာ 615 သတ္မွတ္ထားၿပီး တစ္ကမာၻလုံးမွာ အလုံးေရ 10000 ဘဲ ေရာင္းခ်သြားပါမယ္။

စမတ္နာရီကိုလည္း အလုံးေရ 10000 ဘဲ ထုတ္လုပ္ေရာင္းခ်မွာ ျဖစ္ကာ ႀကိဳးမဲ့နားၾကပ္ႏွင့္ Air VOOC တို႔ကိုေတာ့ အခုေရ 500 စီဘဲ ထုတ္လုပ္ေရာင္းခ်သြားပါမယ္။ OPPO Ace2 EVA Limited Edition ကို လာမယ့္ ဇြန္လ 1 ရက္ေန႔မွာ စတင္ေရာင္းခ်သြားပါမယ္။

NetGuide Journal (Every Wednesday)