ပြီးခဲ့တဲ့နှစ်တုန်းက Apple ဟာ 2020 ခုနှစ် iPhone များအတွက် OLED များကို ထုတ်လုပ်ခွင့် ရရှိခဲ့ကြောင်း သတင်းထွက်ခဲ့ပါတယ်။ ဒါပေမယ့် ယနေ့ထွက်ပေါ်လာတဲ့သတင်းအရ Samsung ဟာ iPhone 12 စီးရီးရဲ့ OLED အားလုံးကို ထုတ်လုပ်ပေးခွင့် မရရှိပါဘူး။
Samsung ဟာ iPhone 12 စီးရီးရဲ့ OLED 80 ရာခိုင်နှုန်းကိုသာ ထုတ်လုပ်ခွင့် ရရှိခဲ့တာ ဖြစ်ပြီး ကျန် 20 ရာခိုင်နှုန်းတို့ကို BOE နှင့် LG တို့က ထုတ်လုပ်ပေးသွားမှာ ဖြစ်ပါတယ်။ အမေရိကန်နည်းပညာကုမ္ပဏီဟာ ကုမ္ပဏီတစ်ခုတည်းကိုဘဲ အားကိုးမနေဘဲ အခြားကုမ္ပဏီများကိုလည်း မျှဝေကာ ပစ္စည်းရရှိမှု အမြန်ဆုံး ဖြစ်အောင် လုပ်ဆောင်လာတာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် iPhone 12 စီးရီးတိုင်းမှာ OLED သုံးထားတာကြောင့် လိုအပ်ချက် မြင့်မားပြီး Samsung တစ်ခုတည်းမှ မှာယူလျှင် အချိန်ကြာမြင့်မှာ ဖြစ်လို့ ကုမ္ပဏီသုံးခုဆီမှ ရယူတာ ဖြစ်ပါတယ်။ တကယ်လို့ Samsung ကိုဘဲ အားကိုးနေမယ်ဆိုရင် Apple အတွက် iPhone ထုတ်လုပ်မှုက နှေးကွေးလာမှာ ဖြစ်ပါတယ်။

NetGuide Journal (Every Wednesday)

—————————————————————————————

  • (Zawgyi Version)

ယခုႏွစ္ iPhone 12 စီးရီးရဲ႕ OLED 80 ရာခိုင္ႏႈန္းကို Samsung ထုတ္လုပ္ေပးသြားမည္

ၿပီးခဲ့တဲ့ႏွစ္တုန္းက Apple ဟာ 2020 ခုႏွစ္ iPhone မ်ားအတြက္ OLED မ်ားကို ထုတ္လုပ္ခြင့္ ရရွိခဲ့ေၾကာင္း သတင္းထြက္ခဲ့ပါတယ္။ ဒါေပမယ့္ ယေန႔ထြက္ေပၚလာတဲ့သတင္းအရ Samsung ဟာ iPhone 12 စီးရီးရဲ႕ OLED အားလုံးကို ထုတ္လုပ္ေပးခြင့္ မရရွိပါဘူး။
Samsung ဟာ iPhone 12 စီးရီးရဲ႕ OLED 80 ရာခိုင္ႏႈန္းကိုသာ ထုတ္လုပ္ခြင့္ ရရွိခဲ့တာ ျဖစ္ၿပီး က်န္ 20 ရာခိုင္ႏႈန္းတို႔ကို BOE ႏွင့္ LG တို႔က ထုတ္လုပ္ေပးသြားမွာ ျဖစ္ပါတယ္။ အေမရိကန္နည္းပညာကုမၸဏီဟာ ကုမၸဏီတစ္ခုတည္းကိုဘဲ အားကိုးမေနဘဲ အျခားကုမၸဏီမ်ားကိုလည္း မွ်ေဝကာ ပစၥည္းရရွိမႈ အျမန္ဆုံး ျဖစ္ေအာင္ လုပ္ေဆာင္လာတာလည္း ျဖစ္ပါတယ္။ ဒါ့အျပင္ iPhone 12 စီးရီးတိုင္းမွာ OLED သုံးထားတာေၾကာင့္ လိုအပ္ခ်က္ ျမင့္မားၿပီး Samsung တစ္ခုတည္းမွ မွာယူလွ်င္ အခ်ိန္ၾကာျမင့္မွာ ျဖစ္လို႔ ကုမၸဏီသုံးခုဆီမွ ရယူတာ ျဖစ္ပါတယ္။ တကယ္လို႔ Samsung ကိုဘဲ အားကိုးေနမယ္ဆိုရင္ Apple အတြက္ iPhone ထုတ္လုပ္မႈက ေႏွးေကြးလာမွာ ျဖစ္ပါတယ္။

NetGuide Journal (Every Wednesday)