Redmi ဟာ Xiaomi ထံမှ ခွဲထွက်ကာ လွတ်လပ်တဲ့ အမှတ်တံဆိပ်တစ်ခု အဖြစ် ရပ်တည်ပြီးနောက် စမတ်ဖုန်းအပြင် ရေခဲသေတ္တာကအစ အသုံးအဆောင်ပစ္စည်းများလည်း ထုတ်လုပ်ရောင်းချလာပါတယ်။ ယနေ့မှာ Redmi ဟာ သူတို့ရဲ့ ပထဆုံး PC Monitor အဖြစ် Redmi Display 1A ကို ကြေညာလာပါတယ်။

Redmi Display 1A မှာ အလွန်ကောင်းမွန်တဲ့ ဒီဇိုင်းသုံးထားပြီး ဈေးနှုန်းကလည်း သက်သာနေတာကြောင့် ဈေးကွက်မှာ များစွာ ဆွဲဆောင်နေပါတယ်။ Redmi Display 1A မှာ 23.8 လက်မ IPS LCD 1920x1080px Resolution သုံးထားပါတယ်။ အလင်းပေးမှု 250nits အထိ ရှိပြီး 1000:1 Contrast Ratio သုံးထားပါတယ်။

မျက်နှာပြင်ဒီဇိုင်းက အနားသပ်မဲ့လုနီးပါး ဖြစ်ပါတယ်။ ပုံမှန် HDMI Connector နှင့် ခေတ်နောက်ကျနေပြီ ဖြစ်တဲ့ VGA ပေါက်တို့လည်း ပါဝင်ပါတယ်။ Redmi Display 1A ကို ဈေးနှုန်း 83 ဒေါ်လာ သတ်မှတ်ထားကာ သုံးနှစ် အာမခံပေးထားပါတယ်။

NetGuide Journal (Every Wednesday)

—————————————————————————————

  • (Zawgyi Version)

ပထမဆုံး PC Monitor အဖြစ် Redmi Display 1A ကို Redmi ကြေညာ



