Redmi ဟာ Redmi 10X စီးရီးမိတ်ဆက်ပွဲမှာ Redmi Smart TV X စီးရီးကိုလည်း ကြေညာလာပါတယ်။ TV စီးရီးသစ်ကို အရွယ်အစားသုံးမျိုးဖြင့် ရွေးချယ်နိုင်ပြီး 50 လက်မ ဗားရှင်းကို ဒေါ်လာ 280 ဘဲ သတ်မှတ်ထားပါတယ်။

Redmi Smart TV X Series Specificatoins

Redmi Smart TV X စီးရီးကို 50 လက်မ၊ 55 လက်မ၊ 65 လက်မ ဗားရှင်းတို့နှင့် ရွေးချယ်နိုင်ပြီး အသုံးပြုထားတဲ့စနစ်အားလုံးက အတူတူ ဖြစ်ပါတယ်။ ဗားရှင်းသုံးမျိုးလုံးမှာ 4K ရုပ်ထွက်၊ NTSC 85% Wide Color Gamut နှင့် ပါဝင်ပါတယ်။ Screen-to Body Ratio က 97 ရာခိုင်နှုန်းရှိကာ သတ္တုဖရိန်သုံးထားပါတယ်။

Redmi Smart TV X စီးရီးမှာ MEMC (Motion Estimation Motion Compensation) Technology ပါဝင်ပါတယ်။ 12.5W စပီကာလေးလုံး ပါဝင်ကာ အကောင်းဆုံး Home Theater အသံအတွေ့အကြုံကို ခံစားရပါမယ်။ Dolby Audio နှင့် DTS-HD ထောက်ပံ့ထားပါတယ်။ RAM2GB နှင့် Storage 32GB ပါဝင်ကာ မိုက်ခရိုဖုန်းလည်း ပါဝင်ပြီး အသံဖြင့် ထိန်းချုပ်သုံးနိုင်ပါမယ်။

Redmi Smart TV X Series Price

Redmi Smart TV X Series ရဲ့ 65 လက်မဗားရှင်းကို ဒေါ်လာ 462၊ 55 လက်မ ဗားရှင်းကို ဒေါ်လာ 322 နှင့် 50 လက်မဗားရှင်းကို ဒေါ်လာ 280 အသီးသီး သတ်မှတ်ထားပါတယ်။

NetGuide Journal (Every Wednesday)

—————————————————————————————

  • (Zawgyi Version)

အဆင့်မြင့် စနစ်များ ပါဝင်ပြီး ဈေးနှုန်း ဒေါ်လာ 280 သတ်မှတ်ထားတဲ့ Redmi Smart TV X စီးရီးကို ကြေညာ






