Huawei P40 နှင့် Huawei P40 Pro တို့ကို ဧပြီလကတည်းက စတင် ရောင်းချလာခဲ့တာ ဖြစ်ပါတယ်။ ယခုအခါ ယင်းဖုန်းနှစ်မျိုးတို့ထက် ပိုမိုကောင်းမွန်တဲ့ Huawei P40 Pro Plus ကိုလည်း ရောင်းချလာတော့မှာ ဖြစ်ပါတယ်။ Huawei က P40 Pro Plus ကို လာမယ့် ဇွန်လ 1 ရက်နေ့မှ စတင်ပြီး ကြိုတင်အမှာ လက်ခံတော့မှာ ဖြစ်ကာ ဇွန်လ 6 ရက်နေ့တွင် ရောင်းချသွားမှာ ဖြစ်ကြောင်း တရားဝင် ကြေညာလာပါတယ်။ Huawei P40 Pro Plus ရဲ့ 8/256GB ကို ယူရို 1020 နှင့် 8/512GB ကို ယူရို 1140 သတ်မှတ်ထားပါတယ်။

Huawei P40 Pro Plus နှင့် Huawei P40 Pro တို့အကြားမှာ အဓိကကွဲပြားတာကတော့ ကင်မရာပိုင်း ဖြစ်ပါတယ်။ Huawei P40 Pro Plus မှာ 8MP 10x Zoom Lens ပါဝင်ပြီး P40 Pro မှာ 5x Zoom ဘဲ ပါဝင်ပါတယ်။ ဒါ့အပြင် Huawei P40 Pro Plus မှာ 40W Wireless Charging ပါဝင်ပြီး P40 Pro မှာ 27W Wireless Charging ဘဲ ပါဝင်ပါတယ်။ ဒါ့အပြင် Huawei က MatePad Pro 5G Tablet ကို တရုတ်ဈေးကွက်မှာ ယနေ့မှ စတင်ရောင်းချသွားမည် ဖြစ်ကြောင်း ကြေညာသွားပါတယ်။

Huawei MatePad Pro 5G မှာ 10.8 လက်မ IPS LCD 2560x1600px Resolution ၊ Kirin 990 Chipset ၊ 7250 mAh ၊ 40W Fast Charging ၊ 27W Wireless Charging နှင့် M Pencile တို့ ပါဝင်ပါတယ်။

NetGuide Journal (Every Wednesday)

—————————————————————————————

  • (Zawgyi Version)

ဇွန်လ 6 ရက်နေ့တွင် Huawei P40 Pro Plus ကို စတင်ရောင်းချမည်



