Honor ဟာ ယမန်နှစ် ဇူလိုင်လထွက် Honor 9X ရဲ့ ခြေရာကို ဆက်ခံတဲ့ စမတ်ဖုန်းအဖြစ် Honor X10 5G ကို ကြေညာလာပါတယ်။ Honor ဟာ ပုံမှန်အတိုင်းဆိုရင် Honor 10X အမည်ကို သုံးလာမယ်ဆိုပေမယ့် Xiaomi ကလည်း Redmi 10X 5G နှင့် Redmi 10X Pro 5G တို့ကို ကြေညာလာမှာ ဖြစ်လို့ Honor X10 5G ဆိုတဲ့ အမည်ကို အသုံးပြုဖို့ ဆုံးဖြတ်လိုက်တာလည်း ဖြစ်ပါတယ်။ Honor X10 မှာ Pop-Up Selfie Camera ၊ 40MP Sony IMX600 Sensor ၊ ဘက်ထရီ 4300 mAh နှင့် 22.5W Fast Charging တို့ ပါဝင်ကာ Honor စမတ်ဖုန်းတွေထဲမှာ ဈေးနှုန်းအသက်သာဆုံး 5G စမတ်ဖုန်းလည်း ဖြစ်ပါတယ်။

Honor X10 5G Specifications

Honor X10 5G မှာ 6.63 လက်မ IPS LCD FHD+ ရုပ်ထွက်သုံးထားပြီး 90Hz Refresh Rate နှင့် 180Hz Touch Sampling Rate တို့ ထောက်ပံ့ထားပါတယ်။ Notch-Less Display ဒီဇိုင်းသုံးထားကာ 20:9 Aspect Ratio သုံးထားပါတယ်။ Honor X10 5G ကို Kirin 820 5G Chipset နှင့် ပါဝါထောက်ပံ့ထားပါတယ်။ မိတ်ဆက်ပွဲမှာ Honor က ဒီ Chipset က 9 5G Bands ထောက်ပံ့ထားကြောင်း ဂုဏ်ယူစွာ ကြေညာသွားပါတယ်။ 9 5G Bands များအဖြစ် n14 ၊ n78 ၊ n79 ၊ n1 ၊ n77 ၊ n38 ၊ n80 ၊ n84 တို့ ထောက်ပံ့ထားပါတယ်။ ဒေါင်းလော့ခ်မြန်နှုန်း 1003Mbps အထိ ရှိပါတယ်။ Huawei Super Uplink (SUL) 5G Technology က Uplink Rate ကို 412 ရာခိုင်နှုန်းအထိ မြှင့်တင်ပေးနိုင်ပါတယ်။

Honor X10 5G မှာ LPDDR4X RAM နှင့် UFS 2.1 Storage သုံးထားပါတယ်။ NM Card မှ တဆင့် ထပ်တိုးနိုင်ပါသေးတယ်။ ဘက်ထရီ 4300 mAh ပါဝင်ကာ 22.5W ဖြင့် Fast Charging သုံးနိုင်ပါမယ်။ Android 10 အခြေပြု Magic UI 3.1 Skin သုံးထားပါတယ်။ ဒီဖုန်းမှာ Selfie ရိုက်ကူးဖို့အတွက် 16MP Pop-Up Camera ပါဝင်ပါတယ်။ ကျောဘက်ကင်မရာသုံးလုံး ပါဝင်ကာ ကျောဘက်မှန် ဘယ်ထောင့်မှ စတုရန်းကွက်ထဲမှာ ထည့်သွင်းထားပါတယ်။
အဓိကကင်မရာက 40MP Sony IMX600 RYYB Sensor ဖြစ်ပြီး အလင်းရောင်အားနည်းချိန်မှာလည်း ကြည်လင်ပြတ်သားတဲ့ ဓာတ်ပုံကောင်းတွေ ရိုက်ကူးနိုင်ပါမယ်။ Sony IMX600 RYYB Sensor က Honor V30 Pro ၊ Huawei Mate Xs တို့ကဲ့သို့ အဆင့်မြင့် စမတ်ဖုန်းများမှာ အသုံးပြုထားတဲ့ ဆင်ဆာဖြစ်ပါတယ်။ ဒါ့အပြင် Kirin 820 မှာ Kirin 990 5G မှာ ပါဝင်တဲ့ ISP 5.0 Image Sensor Processor လည်း ပါဝင်ပါသေးတယ်။ RYYB က ပုံမှန် RGGB Sensor များထက် အလင်ပေးမှု ပိုမိုကောင်းမွန်ပြီး ISO 153600 အထိ ပေးစွမ်းနိုင်ပါတယ်။ ဒါ့အပြင် Fast Autofocus ၊ AI Scene Deteciton ၊ Super Night Mode 2.0 ၊ 4K UHD ဗီဒီယိုရိုက်ကူးမှုနဲ့ 960fps Slow-Motion ဗီဒီယိုရိုက်ကူးမှုစနစ်တို့လည်း ပါဝင်ပါတယ်။

ဒီဖုန်းမှာ လက်ဗွေရာစနစ်ကို ဘောင်မှာ ထည့်သွင်းထားပြီး ဖုန်းဖွင့်မှုကို 0.3 စက္ကန့်ဖြင့် ပြုလုပ်နိုင်ပါတယ်။ ဒါ့အပြင် ဒီဖုန်းမှာ Dual SIM Slot ၊ Wi-Fi 802.11ac ၊ Bluetooth 5.1 ၊ GPS ၊ USB-C ၊ နားကြပ်ပေါက်တို့ ပါဝင်ပါတယ်။ ဖုန်းရဲ့အတိုင်းအတာက 163.7×76.5×8.8mm ရှိပြီး အလေးချိန် 203gm ရှိပါတယ်။

Honor X10 5G ဈေးနှုန်းနှင့် ရွေးချယ်နိုင်မယ့်ဗားရှင်းများ

Honor X10 5G ရဲ့ 6/64GB ကို ဒေါ်လာ 267၊ 6/128GB ကို ဒေါ်လာ 309 နှင့် 8/128GB ကို ဒေါ်လာ 337 သတ်မှတ်ထားပါတယ်။ ဒီဖုန်းကို Racing Blue ၊ Light Speed Silver ၊ Burning Power Orange ၊ Speed Black အရောင်တို့နှင့် ရွေးချယ်နိုင်ပါတယ်။ ဒီဖုန်းကို တရုတ်မှာ ကြိုတင်အမှာ လက်ခံနေပြီ ဖြစ်ပြီး လာမယ့် မေလ 26 ရက်နေ့မှာ စတင်ရောင်းချသွားပါမယ်။

NetGuide Journal (Every Wednesday)

—————————————————————————————

  • (Zawgyi Version)

Pop-Up Selfie Camera ၊ Kirin 820 ၊ 40MP Sony IMX600 Sensor ႏွင့္ ဘက္ထရီ 4300 mAh ပါဝင္ၿပီး ေဈးႏႈန္း ေဒၚလာ 267 သတ္မွတ္ထားတဲ့ Honor X10 5G ကို မိတ္ဆက္

Honor ဟာ ယမန္ႏွစ္ ဇူလိုင္လထြက္ Honor 9X ရဲ႕ ေျခရာကို ဆက္ခံတဲ့ စမတ္ဖုန္းအျဖစ္ Honor X10 5G ကို ေၾကညာလာပါတယ္။ Honor ဟာ ပုံမွန္အတိုင္းဆိုရင္ Honor 10X အမည္ကို သုံးလာမယ္ဆိုေပမယ့္ Xiaomi ကလည္း Redmi 10X 5G ႏွင့္ Redmi 10X Pro 5G တို႔ကို ေၾကညာလာမွာ ျဖစ္လို႔ Honor X10 5G ဆိုတဲ့ အမည္ကို အသုံးျပဳဖို႔ ဆုံးျဖတ္လိုက္တာလည္း ျဖစ္ပါတယ္။ Honor X10 မွာ Pop-Up Selfie Camera ၊ 40MP Sony IMX600 Sensor ၊ ဘက္ထရီ 4300 mAh ႏွင့္ 22.5W Fast Charging တို႔ ပါဝင္ကာ Honor စမတ္ဖုန္းေတြထဲမွာ ေဈးႏႈန္းအသက္သာဆုံး 5G စမတ္ဖုန္းလည္း ျဖစ္ပါတယ္။

Honor X10 5G Specifications

Honor X10 5G မွာ 6.63 လက္မ IPS LCD FHD+ ႐ုပ္ထြက္သုံးထားၿပီး 90Hz Refresh Rate ႏွင့္ 180Hz Touch Sampling Rate တို႔ ေထာက္ပံ့ထားပါတယ္။ Notch-Less Display ဒီဇိုင္းသုံးထားကာ 20:9 Aspect Ratio သုံးထားပါတယ္။ Honor X10 5G ကို Kirin 820 5G Chipset ႏွင့္ ပါဝါေထာက္ပံ့ထားပါတယ္။ မိတ္ဆက္ပြဲမွာ Honor က ဒီ Chipset က 9 5G Bands ေထာက္ပံ့ထားေၾကာင္း ဂုဏ္ယူစြာ ေၾကညာသြားပါတယ္။ 9 5G Bands မ်ားအျဖစ္ n14 ၊ n78 ၊ n79 ၊ n1 ၊ n77 ၊ n38 ၊ n80 ၊ n84 တို႔ ေထာက္ပံ့ထားပါတယ္။ ေဒါင္းေလာ့ခ္ျမန္ႏႈန္း 1003Mbps အထိ ရွိပါတယ္။ Huawei Super Uplink (SUL) 5G Technology က Uplink Rate ကို 412 ရာခိုင္ႏႈန္းအထိ ျမႇင့္တင္ေပးႏိုင္ပါတယ္။

Honor X10 5G မွာ LPDDR4X RAM ႏွင့္ UFS 2.1 Storage သုံးထားပါတယ္။ NM Card မွ တဆင့္ ထပ္တိုးႏိုင္ပါေသးတယ္။ ဘက္ထရီ 4300 mAh ပါဝင္ကာ 22.5W ျဖင့္ Fast Charging သုံးႏိုင္ပါမယ္။ Android 10 အေျချပဳ Magic UI 3.1 Skin သုံးထားပါတယ္။ ဒီဖုန္းမွာ Selfie ႐ိုက္ကူးဖို႔အတြက္ 16MP Pop-Up Camera ပါဝင္ပါတယ္။ ေက်ာဘက္ကင္မရာသုံးလုံး ပါဝင္ကာ ေက်ာဘက္မွန္ ဘယ္ေထာင့္မွ စတုရန္းကြက္ထဲမွာ ထည့္သြင္းထားပါတယ္။
အဓိကကင္မရာက 40MP Sony IMX600 RYYB Sensor ျဖစ္ၿပီး အလင္းေရာင္အားနည္းခ်ိန္မွာလည္း ၾကည္လင္ျပတ္သားတဲ့ ဓာတ္ပုံေကာင္းေတြ ႐ိုက္ကူးႏိုင္ပါမယ္။ Sony IMX600 RYYB Sensor က Honor V30 Pro ၊ Huawei Mate Xs တို႔ကဲ့သို႔ အဆင့္ျမင့္ စမတ္ဖုန္းမ်ားမွာ အသုံးျပဳထားတဲ့ ဆင္ဆာျဖစ္ပါတယ္။ ဒါ့အျပင္ Kirin 820 မွာ Kirin 990 5G မွာ ပါဝင္တဲ့ ISP 5.0 Image Sensor Processor လည္း ပါဝင္ပါေသးတယ္။ RYYB က ပုံမွန္ RGGB Sensor မ်ားထက္ အလင္ေပးမႈ ပိုမိုေကာင္းမြန္ၿပီး ISO 153600 အထိ ေပးစြမ္းႏိုင္ပါတယ္။ ဒါ့အျပင္ Fast Autofocus ၊ AI Scene Deteciton ၊ Super Night Mode 2.0 ၊ 4K UHD ဗီဒီယို႐ိုက္ကူးမႈနဲ႔ 960fps Slow-Motion ဗီဒီယို႐ိုက္ကူးမႈစနစ္တို႔လည္း ပါဝင္ပါတယ္။

ဒီဖုန္းမွာ လက္ေဗြရာစနစ္ကို ေဘာင္မွာ ထည့္သြင္းထားၿပီး ဖုန္းဖြင့္မႈကို 0.3 စကၠန႔္ျဖင့္ ျပဳလုပ္ႏိုင္ပါတယ္။ ဒါ့အျပင္ ဒီဖုန္းမွာ Dual SIM Slot ၊ Wi-Fi 802.11ac ၊ Bluetooth 5.1 ၊ GPS ၊ USB-C ၊ နားၾကပ္ေပါက္တို႔ ပါဝင္ပါတယ္။ ဖုန္းရဲ႕အတိုင္းအတာက 163.7×76.5×8.8mm ရွိၿပီး အေလးခ်ိန္ 203gm ရွိပါတယ္။

Honor X10 5G ေဈးႏႈန္းႏွင့္ ေ႐ြးခ်ယ္ႏိုင္မယ့္ဗားရွင္းမ်ား

Honor X10 5G ရဲ႕ 6/64GB ကို ေဒၚလာ 267၊ 6/128GB ကို ေဒၚလာ 309 ႏွင့္ 8/128GB ကို ေဒၚလာ 337 သတ္မွတ္ထားပါတယ္။ ဒီဖုန္းကို Racing Blue ၊ Light Speed Silver ၊ Burning Power Orange ၊ Speed Black အေရာင္တို႔ႏွင့္ ေ႐ြးခ်ယ္ႏိုင္ပါတယ္။ ဒီဖုန္းကို တ႐ုတ္မွာ ႀကိဳတင္အမွာ လက္ခံေနၿပီ ျဖစ္ၿပီး လာမယ့္ ေမလ 26 ရက္ေန႔မွာ စတင္ေရာင္းခ်သြားပါမယ္။

NetGuide Journal (Every Wednesday)